|
|
|
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့စွန်က တီကေလေး သိုးမွေးစက်ရုံက မြန်မာ အလုပ်သမား ၂၀၀ကျော်ဟာ တနေ့ လုပ်အားခ အပြည်အ၀ မရတာတွေ၊ ကျန်မာရေး ဖူလုံမူ မရှိတာတွေ ရေလုံလောက်စွာ မရတာတွေကြောင့် အလုပ်သမား အခွင့်ရေး ကာကွယ်ရေးရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ |
|
အခုလို နာဂစ်မုန်တိုင်းဖြစ်ပြီး တနှစ်ပြည့်လာခဲ့အချိန်ထိ သောက်သုံးရေကို အယင်အတိုင်း ပုံမှန်ပြန်ရဖို့ အခြေအနေက မလွယ်ကူးသေးကြောင်း မစုမြတ်မွန် က တင်ပြထားပါတယ်။ |
|
|
|
မြန်မာစစ်အစိုးရ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ဒီမိုကရေစီနည်းလမ်းမကျတဲ့ အချက်တွေကို ပြုပြင်ပေးမယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ စဉ်းစားမယ်။ |
|
|
နာဂစ်မုန်တိုင်းဒဏ်ခံရတာ တနှစ်ပြည်လာခဲ့ပြီးနောက် မုန်တိုင်ဒဏ်သင့် ဒေသက နာလန်မထူနိုင်သေးတဲ့ အခြေအနေတွေကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။ |
|
|
မြန်မာ့စီးပွားရေးအကြပ်အတည်း ပြဿနာ အမေရိကန်အပါအဝင် နိုင်ငံတကာရဲ့  စီးပွားရေး ပိတ်ဆို့မှု (economic sanction) ကြောင့် မဟုတ်ဘဲ မြန်မာစစ်အစိုးရရဲ့  မှားယွင်းတဲ့ မူဝါဒတွေကြောင့် ဖြစ်တယ်။ |
|
|
နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ တနှစ်ပြည့် အထိမ်းအမှတ် ဘာသာရေးအရ ဆုတောင်းဝတ်ပြုတာတွေ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေမှာ စတင်လုပ်ကိုင်နေပါတယ်။ |
|
|
ဧပြီ ၂၀၊ ၂၀၀၉ - မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ဆက်လျှက် ထိမ်းသိမ်းခံနေရတာကို အမေရိကန် အထက်လွှတ်တော် အမတ်တွေနဲ့အတူ စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေမှုးချုပ် ဘန်ကီမွန်း (Ban-ki Moon) က ပြောဆိုခဲ့ပါတယ်။ |
|
|
ဧပြီ ၂၀၊ ၂၀၀၉ - ဂျပန်သတင်းထောက် အသတ်ခံရသည့် ပူလီဇာဆုရ ဓါတ်ပုံ သတင်းပြတိုက်တွင်ပြသထားရှိတဲ့ သတင်း |
|
|
ဧပြီ ၂၀၊ ၂၀၀၉ - ထိုင်းနိုင်ငံမှာ အင်္ကျီအနီရောင်ဝတ် ဆန္ဒပြခဲ့ကြတဲ့ ထောင်သောင်းချီတဲ့ အစိုးရဆန့်ကျင်သူတွေရဲ့  ဆန္ဒပြပွဲတွေ ပြီးဆုံးသွားခဲ့ပါပြီ။ |
|
|
ဧပြီ ၁၃၊ ၂၀၀၉ - ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ မြန်မာစစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးရေး ထိုင်းအစိုးရ ကြားဝင်ဆောင်ရွက်နေ |
|
|
အမေရိကန် ရေတပ် အထူး တိုက်ခိုက်ရေးတပ်ဖွဲ့က လက်ဖြောင့်တပ်သားတွေက ပယ်လယ်ဓါးမြတွေကို ချိန်ရွယ် ပစ်ခတ်ပြီး သဘောင်္ကပ္ပတိန် Richard Phillip ကို ကယ်တယ်ခဲ့တာလို့ အမေရိကန် ရေတပ် အမှတ် ငါး စစ်သဘောင်္ တပ်ဖွဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး Willian Gortney က ပြောပါတယ်။ |
|
|
ဧပြီ ၁၃၊ ၂၀၀၉ - ထိုင်းနိုင်ငံမှာတော့ နိုင်ငံခြားကလာတဲ့ ရွှေ့ ပြောင်းအလုပ်သမား နောက်ထပ် လေးသိန်းအတွက် မှတ်ပုံတင်ခွင့်ပေးမယ်လို့ ထိုင်း အလုပ်သမားဝန်ကြီးဌာနက ကြေငြာထားပါတယ်။ |
|
|
မြန်မာနိုင်ငံအတွင်း နာဂစ် မုန်တိုင်းဘေးဒဏ် ခံရသူတွေအတွက် ဆန်တန်ချိန် ၁၆၀၀၀ကို အမေရိကန် ပြည်ထောင်စုက ဧပြီလ ၂ရက်နေ့မှာ ပေးလှူလိုက်ပါတယ်။ |
|
|
မတ်လ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ ICပွဲဟာ မြန်မာအလုပ်သမားတွေ အတွက် ပျော်စရာ ဖြစ်ခဲ့ပေမဲ့ ပွဲလာသူတွေထဲက တရားဝင် နေထိုင်ခွင့် မရှိသူ ၂၀၀ ကျော် အဖမ်းခံခဲ့ရပြီး အဆိုတော်တွေလည်း စစ်ဆေးခံရလို့ စိတ် အနှောက်အယှက်ဖြစ်ရတဲ့ အကြောင်း ဦးသန်းလွင်ထွန်းက တင်ပြထားပါတယ်။ |
|
|
၂၀၀၉ ခုနှစ်အတွက် အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ မဂ္ဂဇင်း တခုက ကောက်ယူတဲ့ ကမ္ဘာ့အဆိုးဝါးဆုံး အာဏာရှင် နိုင်ငံ ခေါင်းဆောင် ၁၀ ယောက် စာရင်းမှာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်း ထိပ်တန်းနေရာမှာ ဆက်ရှိနေပါတယ်။ |
|
|
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို စစ်အစိုးရက ဆက်လက် ချုပ်နှောင် ထားတာဟာ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံ ဥပဒေတွေကို ချိုးဖေါက်နေတယ်ဆိုပြီး ကုလသမဂ္ဂရဲ့ ဥပဒေမဲ့ ဖမ်းဆီးမှု တားဆီးရေး လုပ်ငန်းအဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ |
|
|
အမေရိကန် အရာရှိတဦး မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာစစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့ဆုံခဲ့တာဟာ မြန်မာနိုင်ငံ အပေါ်ထားတဲ့ အမေရိကန်ရဲ့ မူဝါဒနဲ့ ပတ်သက်မှု မရှိတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ |
|
|
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံတွေက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးကို နှစ်နိုင်ငံ လက်တွဲ ဖြေရှင်းဖို့ အင်ဒိုနီးရှား နိုင်ငံက မြန်မာ စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ |
|
|
မြန်မာ နိုင်ငံတွင်းက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာက လက်မှတ်တွေ စုပေါင်းကောက်ယူတဲ့ လှုပ်ရှားမှုတခုကို မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက စတင် လုပ်ဆောင်နေပါတယ်။ |
|
|
မြန်မာနိုင်ငံအတွင်းက ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တိုးမတ်စ် အိုဟေးလ် ကင်တာနားက စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ |
|
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် မြန်မာနိုင်ငံအတွင်း ယုံကြည် ချက်ကြောင့် စွန့်လွှတ် စွန့်စားသူ အမျိုးသမီးတွေနဲ့ အတူ လက်တွဲ ရပ်တည်သွားမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က ပြောဆိုပါတယ်။ |
|
|
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ နာဂစ်မုန်တိုင်း ဒဏ် ခံရတာ ၁၀လလောက် ရှိလာခဲ့ပေမဲ့ မုန်တိုင်းဘေး သင့်ခဲ့တဲ့သူတွေဟာ နိုင်ငံတကာ အကူအညီတွေ မရဘူးဆိုရင် အသက်ရှင် ရပ်တည်ဖို့ မဖြစ်နိုင်ဘူးဆိုပြီး ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင် နေသူတွေက ပြောပါတယ်။ |
|
|
မြန်မာ စစ်အစိုးရက အကျဉ်းသား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ ဖေဖေါ်ဝါရီလ ၂၀ရက်နေ့က ကြေညာခဲ့တာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပါတယ်။ |
|
|
မြန်မာနိုင်ငံက ဒုက္ခသည်တွေအပေါ် ကန့်သတ်ပိတ်ပင်မှုတွေ လျော့ချပြီး လွတ်လပ်ခွင့် ပိုပေးဘို့ နာမည်ကျော် ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး Angelina Jolie က ထိုင်း နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။ |
|
မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာစေရေး ကြားဝင် ညှိနှိုင်းပေးဖို့ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့  အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟမ် ဂမ်ဘာရီ (Ibrahim Gambari) ရဲ့ ၄ ရက်ကြာ ခရီးစဉ် ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။ |
|
ပြီးခဲ့တဲ့ နှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုံးဒဏ်ကြောင့် မြန်မာပြည် နေရာအနှံ့အပြားမှာ စာနပ်ရိက္ခာ ပြတ်လပ်မှု ကြုံတွေ့နေကြရပြီလို့ ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ |
|
ပြီးခဲ့တဲ့ ၂၀၀၈ နှစ်ကုန်ပိုင်းလောက်က မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ နယ်စပ်က ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာတွေဟာ ထိုင်းနိုင်ငံကို ရောက်လာခဲ့ပါတယ်။ |
|
|
ကွယ်လွန်သူ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်ရဲ့  နှစ် ၁၀ဝ ပြည့်မွေးနေ့ပွဲကို ရန်ကုန်မြို့  အင်ယားကန် ဟိုတယ်မှာ ကျင်းပခဲ့ |
|
|
၂၀၀၈ခုနှစ် ဒီဇင်ဘာလ ၂၃ရက်နေ့ကတည်းက သဘောင်္နှစ်မြုပ်ခဲ့လို့ သြစတြေးလျ ပင်လယ်ထဲမှာ မြောနေတဲ့ အသက် ၂၀ အရွယ် မြန်မာရေလုပ်သား ၂ဦးကို ကမ်းရိုးတန်းစောင့် ရဟတ်ယာဉ်ကနေ တွေ့ပြီး ဇန်န၀ါရီလ ၁၇ရက်နေ့မှာ ကယ်တင်နိုင်ခဲ့တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ |
|
|
အမေရိကန် သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ၂၀၀၉ခုနှစ် ဇန်န၀ါရီလ ၂၀ရက်နေ့ မွန်းတည့်ချိန်မှာပဲ ထုံးတမ်းစဉ်လာအတိုင်း ကျင်းပပြီးသွားပါပြီ။ |
|
ဘားရတ်အိုဘားမား ရဲ့  ကျမ်းသစ္စာကျိန်ဆိုပွဲ အကြိုအခမ်းအနား စတင်တဲ့ အခမ်းအနားအဖြစ် အဆိုတော် ဘိုနို နဲ့ U2 အုပ်စုအပါအ၀င် နာမည်ကြီး အနုပညာရှင်တွေ ပါဝင်တဲ့ တေးဂီတဖျော်ဖြေပွဲ (We Are One) ကို လာရောက်အားပေးခဲ့ကြပါတယ်။ |
|
|
သမ္မတကတော်က သမ္မတရဲ့ အုပ်ချုပ်ရေးမှာ ရွေးကောက်ခံ ရာထူးအဖြစ် မဟုတ်ပေမယ့်လည်း အရေးပါတဲ့ အခန်းကဏ္ဍတခုမှာ ရှိတဲ့အကြောင်းကို ဗွီအိုအေ သတင်းထောက် ဆူဇန် လောင်းက သတင်းပေးပို့ထားပါတယ်။ ကေသွယ်ခိုင်က တင်ပြပါတယ်။ |
|
|
ပထမဆုံး အမေရိကန်ပြည်ထောင်စု သမ္မတ ဂျော့ ၀ါရှင်တန်က သမ္မတ ရာထူးကို ကျမ်းသစ္စာ ကျိန်ဆို လက်ခံခဲ့တဲ့ ၁၇၈၉ခုနှစ်ကစလို့ နှစ်ပေါင်း ၂၂၀ကျော် မပျက်မကွက်ပဲ ကျင်းပလာတာခဲ့တဲ့ နေ့ဟာ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲနေ့ဖြစ်ပါတယ်။ |
|
မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေ မှန်သမျှ ကျန်ဒေသတခုလုံးကို အကျိုးသက်ရောက်စေတာမို့ အပြောင်းအလဲတွေ ဖြစ်ထွန်းဖို့ အချိန်တန်နေပြီဖြစ်တဲ့အတွက် မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို တွန်းအားပေးသွားမှာ ဖြစ်တဲ့အကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုသွားပါတယ်။ |
|
|
မြန်မာနိုင်ငံအပေါ်ပိတ်ဆို့ အရေးယူတဲ့ မူဝါဒတွေချမှတ်ထားတဲ့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့အနေနဲ့ သူတို့ရဲ့ မူဝါဒတွေကို ပြန်ပြီးသုံးသတ်သင့်တယ်လို့ အရှေ့တီမော သမတ Jose Ramos Horta က ပြောကြားခဲ့ပါတယ်။ |
|
|
မင်္ဂလာရှိသော နှစ်သစ် ၂၀၀၉ မှာ ဗွီအိုအေမြန်မာသတင်း သောတရှင်အပေါင်း ရွှင်လန်းချမ်းမြေ့ လိုအင်ဆန္ဒ ပြည့်ဝကြပါစေလို့ ဗွီအိုအေ မြန်မာမိသားစုမှ ဆုမွှန်ကောင်းတောင်းလိုက်ပါတယ်။ |
|
|
ထိုင်းနိုင်ငံမှာ ဒီမိုကရက ပါတီ ခေါင်းဆောင်တဲ့ အစိုးရ အသစ်အဖွဲ့  တက်လာပြီး ရက်ပိုင်း အကြာမှာပဲ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ |
|
|
ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီဇင်ဘာလ(၂၉) ရက်နေ့ကျရင် ရွေးကောက်ပွဲအတွက် မဲဆန္ဒပေးကြရဘို့ အခွင့်အလမ်းတွေဖြစ်လာပါပြီ။ |
|
|
မြန်မာနိုင်ငံက ထောင်ပေါင်းများစွာသော လူထုတွေဟာ ဆင်းရဲမွဲတေမှုတွေ၊ ဖိနှိပ်မှုတွေနဲ့ ပြည်တွင်းစစ်ဒဏ် တွေက လွတ်မြောက်နိုင်ဖို့အတွက် မြန်မာပြည်တွင်း ကနေ နှစ်စဉ် ထွက်ပြေးနေကြပါတယ်။ |
|
|
အတိုက်အခံ ဒီမိုကရက်ပါတီက မစ္စတာ အဘီဆစ် ၀ပ်ချာဂျီဝပ် ထိုင်းဝန်ကြီးချုပ်သစ်ဖြစ် ရွေးကောက် တင်မြောက်ခံရ။ |
|
နှစ် ၆၀ ပြည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားမှာ သမ္မတကတော် လော်ရာဘုရှ်ဟာ မြန်မာပြည်က လူ့အခွင့်အရေးအတွက် ကြိုးပမ်းနေတဲ့ မြန်မာ အမျိုးသမီးတွေ အကြောင်းကို ပြောပြသွားခဲ့ပါတယ်။ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။ |
|
|
ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ နဲ့ နိုင်ငံရေးအဖွဲ့အစည်းများ စစ်အစိုးရရဲ့  မတရားဖမ်းဆီး ထောင်ချအပြစ်ပေးမှု၊ နိုင်ငံရေး ဖိနှိပ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန္ဒပြ တောင်းဆိုကြပါတယ်။ |
|
|
ပြင်သစ်အခြေစိုက် နယ်စီးမခြား သတင်းထောက် များ အဖွဲ့ကြီးက ၂၀၀၈ခုနှစ်အတွက် ဆိုက်ဘာ ဒစ်စီးဒန့် ခေါ် ကွန်ပြူတာ အင်တာနက် အသုံးပြု တော်လှန်သူ ဆုကို မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ဟာသပညာရှင် ဇာဂနာနဲ့ ဘလောက်ဂါ နေဖုန်းလတ်တို့ကို ပူးတွဲချီးမြှင့်လိုက်ပါတယ်။ |
|
သူဝဏ္ဏဘူမိလေဆိပ် ပြန်လည်စတင် |
|
ဒီဇင်ဘာလ ၂ရက်နေ့လည်ပိုင်းက ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ တရားရုံးကနေ လက်ရှိ ၆ပါတီ ညန့်ပေါင်းအစိုးရထဲက ၃ပါတီကို နိုင်ငံရေးလုပ်ပိုင်ခွင့်တွေဖျက်သိမ်း တယ်လို့ကြေညာလိုက်ပါတယ်။ |
|
|
မြန်မာစစ်အစိုးရက နိုင်ငံရေးလှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာတွေနဲ့ ဒီပဲယင်း တိုက်ခိုက်မှုအပါအ၀င် အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေရဲ့ ဆန္ဒပြပွဲအကြောင်း ကိုရော်နီငြိမ်းက သတင်းပေးပို့ထားပါတယ်။ |
|
|
ထိုင်းနိုင်ငံရဲ့ အဓိက နိုင်ငံတကာ လေဆိပ်ကြီးဖြစ်တဲ့ သုဝဏဘူမိ လေဆိပ်ကို ပီအေဒီ လို့ခေါ်တဲ့ အစိုးရ ဆန့်ကျင်ရေး အဖွဲ့တွေ သိမ်းပိုက်ထားတာ ၅ရက်ကျော်လာပါပြီ။ |
|
|
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရဲ့ ရခ်ျသေ၀ီ ရပ်ကွက်မှာ ရှိတဲ့ မူလတန်း ကျောင်းလေး တခုဟာ တနင်္ဂနွေနေ့လည်း ကျောင်းဖွင့်ပါတယ်။ |
|
|
မစ္စတာ အိုဘားမားနဲ့ အတူ မစ်ရှဲလ် အိုဘားမား၊ မလီရာနဲ့ စရှာ သမီး နှစ်ယောက်ဟာ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၂၀ရက်မှာ အမေရိကန် ပြည်ထောင်စုရဲ့ ဂုဏ်သက္ခာ အရှိဆုံး အိမ်ဖြစ်တဲ့ အိမ်ဖြူတော်ကို ရွှေ့ပြောင်းတော့မှာ ဖြစ်ပါတယ်။ |
|
|
ကမ္ဘာ့စီးပွားရေး အကျပ်အတည်းရဲ့ ရိုက်ခတ်မှုတွေကို ဖြေရှင်းကြဖို့ နိုဝင်ဘာလ ၁၂ရက်နေ့မှာ တောင်အာရှ နိုင်ငံတွေ ပူးပေါင်းပြီး ထိပ်သီး အစည်းအဝေး ကျင်းပခဲ့ ပါတယ်။ |
|
|
အမေရိကန် သမ္မတလောင်း နှစ်ဦးစလုံးအဖို့ အာရှနွယ်ဖွား အမေရိကန်တွေရဲ့ ဆန္ဒမဲ အရေးပါပုံကို လော့အိန်ဂျယ်လိစ် ကယ်လီဖိုးနီးယား တက္ကသိုလ်က အာရှအမေရိကန် လေ့လာရေး ဌာန ညွှန်ကြားရေးမှူး ဒွန် နာဂါနိရှိက ရှင်းပြပါတယ်။ |
|
|
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ မြန်မာစစ်အစိုးရအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် အဓိကထား ဆောင်ရွက်ရမယ့် အချက်တွေကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အဆိုပြု တင်သွင်းခဲ့ပါတယ်။ |
|
|
UNICEF ကုလသမဂ္ဂအဖွဲ့က အင်းလေးကန် ဒေသမှာ ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ရေး သင်တန်းတွေကို ဖွင့်လှစ် ပို့ချပေးနေပါတယ်။ |
|
|
အမေရိကန် စီးပွားရေးကို ကယ်တင်ဖို့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အမေရိကန် ခေါင်းဆောင်တွေ ရုန်းကန်နေချိန်၊ စီးပွားရေး သတင်းတွေမှာ ချေးငွေ အခြေပြု အာမခံတို့၊ အကြွေးနဲ့ ရင်းနှီးမြုပ်နှံမှုဆိုတဲ့ ထူးထူးဆန်းဆန်း ဝေါဟာရတွေနဲ့ ပြည့်နှက်နေပါတယ်။ |
|
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွေ နဲ့ ပတ်သက်ပြီး ကမ္ဘာ့အဆင့်မြင့် ခေါင်းဆောင်တွေပါဝင်တဲ့ မြန်မာ့အရေး အစည်းအဝေးတရပ်ကို ကုလသမဂ္ဂမှာ စက်တင်ဘာလ (၂၇)ရက်နေ့က ကျင်းပခဲ့ကြပါတယ်။ |
|
|
ပြန်လွတ်လာအပြီး မိတ်ဆွေများနဲ့ စကားလက်ဆုံကျနေတဲ့ ဦးဝင်းတင်
(ဦးမိုးသူ၊ ဦးစိုးသိန်း၊ ဦးအောင်သိန်း) |
|
|
၁နှစ်ကြာလာတဲ့ ဒီနေ့အချိန်မှာတော့ ရဟန်း သံဃာတော်တွေ ဦးဆောင်ခဲ့တဲ့ မြန်မာပြည်ရဲ့ ရွှေဝါရောင် တော်လှန်ရေးဟာ ခါးသီးဖွယ် အထိမ်းအမှတ် တခု ဖြစ်နေပါတယ်။ |
|
|
မြန်မာပြည်သူ တရပ်လုံးက ဒီမိုကရေစီလိုလားတဲ့ အကြောင်း ၁၉၈၈ခုနှစ်က နိုင်ငံတ၀ှမ်းလုံး ပြသခဲ့ကြတဲ့ လူထု ဆန္ဒပြပွဲတွေကို စစ်တပ်က အကြမ်းဖက် ဖြိုခွဲခဲ့ပြီး တိုင်းပြည်ကိုအာဏာသိမ်းအုပ်ချုပ်ခဲ့တာ စက်တင်ဘာလ ၁၈ ရက်နေ့ကဆိုရင် နှစ် ၂၀ ပြည့်လာခဲ့ပါပြီ။ |
|
မစ္စတာ ဂမ်ဘာရီရဲ့ မြန်မာခရီးစဉ် အပေါ် ဝေဖန်မှုများ |
|
|
အမေရိကန် ပြည်ထောင်စု Gloucester, MA က ဆယ်ကျော်သက် မိခင်လေးဟာ သူမရဲ့ ဆယ်ကျော်သက် ဘ၀ကို ပေးဆပ်လိုက်ရပါပြီ။ |
|
|
မြန်မာစစ်အစိုးရဟာ အစိုးရတစ်ရပ်ရဲ့ အရည်အချင်းမရှိဘူး၊ တိုင်းပြည်ကို ကိုယ်စားမပြုဘူးဆိုပြီး လာမဲ့ ကုလသမဂ္ဂ အထွေထွ ညီလာခံကြီးကို တက်ရောက်ခွင့် မပြုရေးကန့်ကွက်ဘို့ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက လုပ်ဆောင်နေကြပါပြီ။ |
|
|
လူထု အုံကြွမှုကြီးအနှစ်၂၀ပြည့်တဲ့ အထိမ်းအမှတ်နဲ့ နိုင်ငံတကာရောက် မြန်မာ့ ဒီမိုကရေစီ ထောက်ခံ လှုပ်ရှားသူတွေက သြဂုတ်လ ၈ရက်နေ့မှာ ကမ္ဘာ တ၀ှမ်းဆန္ဒပြပွဲတွေကျင်းပခဲ့ကြပါတယ်။ |
|
|
သမ္မတဘုရှ် နဲ့ အတူ သမ္မတ ကတော်လော်ရာဘုရှ် (Laura Bush) နဲ့ သမီးဖြစ်သူ ဘာဘရာ (Barbara) တို့ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပါသည်။ |
|
|
|
|
|