Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

မြန်မာ့အရေး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မိတ်ဆွေနိုင်ငံများ တွေ့ဆုံဆွေးနွေး

29 September 2008
ညိုညိုလွင် - အစီအစဉ်ကိုရယူရန် (WM) video clip
ညိုညိုလွင် - ကြည့်ရှုရန် (WM) video clip

 မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွေ နဲ့ ပတ်သက်ပြီး ကမ္ဘာ့အဆင့်မြင့် ခေါင်းဆောင်တွေပါဝင်တဲ့ မြန်မာ့အရေး အစည်းအဝေးတရပ်ကို ကုလသမဂ္ဂမှာ စက်တင်ဘာလ (၂၇)ရက်နေ့က ကျင်းပခဲ့ကြပါတယ်။

ဒီအစည်းအဝေးကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း (Ban-ki Moon) က ဦးဆောင် စီစဉ်ခဲ့တာဖြစ်ပြီး အတွင်းရေးမှုးချုပ်ရဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများအုပ်စုက နိုင်ငံခြားရေး ၀န်ကြီးတွေတက်ရောက်တဲ့ ပထမဆုံး အစည်းအဝေးလည်းဖြစ်ပါတယ်၊ လုံခြုံရေး ကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနဲ့ တရုတ် နိုင်ငံတို့အပြင် သြစတေးလျ၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ နော်ဝေး၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက တာဝန်ရှိသူတွေ တက်ရောက် ခဲ့ပြီး အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေ ကတော့ လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေး ပြီးဆုံးတဲ့နောက် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျရိုးက မြန်မာစစ်အစိုးရက ဆန္ဒခံယူပွဲကျင်းပပြီး အခြေခံဥပဒေမူကြမ်းကို အတည်ပြူခဲ့တာနဲ့ ပတ်သက်ပြီး - စစ်ဘက်က အသာစီးရအောင် အခြေအနေကိုဖန်တီးတာဖြစ်ပေမဲ့ ရှုဒေါင့်တခု ကနေ ကြည့်မယ်ဆိုရင်တော့ တိုးတက်မှု လုံးလုံးမရှိတာထက် တချို့ရှိတာက ပိုကောင်းတယ်လို့ ကျနော်ယုံကြည်ပါတယ်။ ပြသနာက အန်အယ်လ်ဒီက ဒီထဲ မှာ မပါပဲ ရွေးကောက်ပွဲ မ၀င်ဘူးဆိုရင် ဆက်ပြီးကွဲပြားမှုတွေ ပြဿနာ တွေရှိနေအုံးမှာပါပဲ။

တဆက်ထဲမှာပဲ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မီလီဘန်းကလည်း -

အရေးအကြီးဆုံး ပြောဆိုချင်တာတခုကတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာပြည်သူတွေကို ဘယ်တော့မှ မေ့မထားပါဘူး။ နိုင်ငံတွေအများကြီးထဲမှာ မြန်မာ့အရေးဟာ ထိပ်တန်းမှာ ရှိမနေပေမဲ့ အတွင်းရေးမှုချုပ် အနေနဲ့ရော အစိုးရတွေ အများကြီးအနေနဲ့ပါ မြန်မာ့အရေးအတွက် ဦးစားပေး စဉ်းစားပြီး အရေးကြီးတဲ့ ပြောဆိုမှုတွေကို လက်ရှိ လုပ်ဆောင်ခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က (၆၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကာလအတွင်း သီးခြားတံခါးပိတ် အစည်းအဝေးတရပ် အဖြစ်ကျင်းပခဲ့တာဖြစ်ပါတယ်ရှင်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲတဲ့ကိစ္စ ကမ္ဘာ့ခေါင်းဆောင်တွေ ရှုတ်ချ  Audio Clip Available

  More From VOA
ဒေါ်အောင်ဆန်းစုကြည်အရေး အမေရိကန်နဲ့ မလေးရှား နိုင်ငံခြားရေး ၀န်ကြီးတွေ စိုးရိမ်  Video clip available
မြန်မာ့နိုင်ငံရေး ဆုတ်ယုတ်မှု အိမ်နီးချင်း ထိုင်းနိုင်ငံ စိုးရိမ်  Audio Clip Available
ဒေါ်စုကို တရားစွဲပြီး အင်းစိန်ထောင်ပို့  Audio Clip Available
သီရိလင်္ကာဆေးရုံ တိုက်ခိုက်ခံရမှု အရပ်သား ၅၀ဦး သေဆုံး  Audio Clip Available
မြန်မာဗိုလ်မှုးချုပ် KNLA လက်ချက်ကြောင့် ကျဆုံး  Audio Clip Available
Influenza A - H1N1 ဗိုင်းရပ် ဘယ်လိုကူးစက်နိုင်သလဲ  Audio Clip Available
ကမ္ဘာ့တောင်ဘက်ခြမ်းဒေသ တုပ်ကွေးရာသီ ၀က်တုပ်ကွေးကူးစက်မှု စိုးရိမ်ရ  Audio Clip Available