VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

07 မေ 2009 

ယနေ့ ဗွီအိုအေ »:

ဘာသာစကား ၄၅ မျိုး

Burmese Art and Artist

အပတ်စဉ်အင်္ဂါနေ့ည ၉း၀၀-၁၀း၀၀ နာရီ အစီအစဉ်တိုင်းမှာ အနုပညာမိုးကောင်ကင်ကဏ္ဍကို နားဆင်နိုင်ပါတယ်။ ဒီ စာမျက်နှာမှာတော့ ထုတ်လွှင့်ခဲ့ပြီးတဲ့ အစီအစဉ်တွေကိုလည်း ပြန်လည်နားဆင်နိုင်ပါတယ်။


[insert caption here]
အခုတပါတ်အနုပညာမိုးကောင်းကင်အစီအစဉ်မှာတော့ ဖွဲ့ တည်ရာဆိုတဲ့ အင်တာနက်မဂ္ဂဇင်းဖန်တီးမှုအကြောင်းတင် ဆက်သွားမှာပါ။
Infinite Family via Internet
၀၄-၂၈-၂၀၀၉ အခုတပါတ် အနုပညာ မိုးကောင်းကင် အစီအစဉ်မှာတော့ အင်တာနက် မဂ္ဂဇင်းဖန်တီးမှု အကြောင်း တင်ဆက်သွားမှာပါ။
2009 Democracy Than Gyat
မတ် ၂၆၊ ၂၀၀၉ - အခုတပါတ် အနုပညာမိုးကောင်းကင် အစီအစဉ်မှာတော့ အတာသင်္ကြန်နားနီးလာရင် ထွက်လာနေကျဖြစ်တဲ့ အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေရဲ့   တိုက်ပွဲဝင်သံချပ်တွေအကြောင်း ကိုကျော်အောင်လွင် က အပိုင်းခွဲပြီးတင်ဆက် သွားမှာပါ။
Min Thu Wun
မတ် ၁၇၊ ၂၀၀၉ - (အပိုင်း - ၅) ကဗျာဆရာကြီးမင်းသုဝဏ်ရဲ့  နှစ်တရာပြည့်အထိမ်းအမှတ် ပြောဆိုမှုတွေရဲ့  နိဂုံးပိုင်းအဖြစ် ဆရာမင်းသုဝဏ်ရဲ့  အကျော် ကြားဆုံးကဗျာတပုဒ်ဖြစ်တဲ့ ပျဉ်းမငုတ်တိုဆိုတဲ့ကဗျာနဲ့ အဆုံးသတ်မှာဖြစ်ပါတယ်။ (အပိုင်း ၁ - ၄ ကိုလည်း နားဆင်နိုင်ပါတယ်)။

monk3
လန်ဒန်မြို့ က မြန်မာပန်းချီပြပွဲ


ဖေဖေါ်ဝါရီလ ၉ရက်နေ့ ကနေ ၁၄ရက်နေ့အထိ လန်ဒန်မြို့မှာ ပြသခဲ့တဲ့ မြန်မာ ပန်းချီသမား ၆ဦးရဲ့ ပြပွဲအကြောင်း ပန်းချီဆရာ ထိန်လင်းနဲ့ ဆက်သွယ် မေးမြန်းထားတာပါ။


Elizabeth Alexander
အမေရိကန် သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲနှင့် ကဗျာဆရာမျာ

 အခုတပါတ် အနုပညာ မိုးကောင်းကင် အစီအစဉ်မှာတော့ အမေရိကန် ပြည်ထောင်စုရဲ့  သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲတွေမှာ ကဗျာ အနုပညာရှင်တွေကို ဖိတ်ခေါ်ပြီး သမ္မတ အသစ်ကို ကဗျာရွတ်ဆိုပြီး ဂုဏ်ပြုတဲ့ အစဉ်အလာရှိတဲ့ အကြောင်း၊ အခု သမ္မတသစ် ဘားရက် အိုဘားမားရဲ့  ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာလည်း ကဗျာဆရာမ Elizabeth Alexander ကိုဖိတ်ခေါ်ပြီး ကဗျာရွတ် ခွင့်ပေးခဲ့တဲ့အကြောင်း ကိုကျော်အောင်လွင်က တင်ဆက်ပေးထားပါတယ်။

Poet Ko Lay
ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) ရဲ့ အနုပညာ ဖြတ်သန်းမှု

 အနုပညာ မိုးကောင်းကင်မှာ စာရေးသားခွင့် ၁၀ နှစ်ကျော် ပိတ်ပင်ခံထားရတဲ့ အင်းဝမြို့ က ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်)ရဲ့  ပြောဆိုမှုတွေကို ကြားရမှာပါ။ ကဗျာဆရာဆိုတာ လာခြင်းကောင်းတဲ့ ပုဂ္ဂိုလ်မဟုတ်ဘူးလို့ ကဗျာဆရာ ကိုလေးက ဆိုပါတယ်။ ကဗျာဆရာဖြစ်ဖို့ ဘယ်လို ဖြတ်သန်းမှုတွေ ရှိခဲ့သလဲဆိုတာကိုလည်း ကြားရမှာပါ။ ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားတာပါ။

KyiAung
ကြည်အောင်ရဲ့ ကဗျာလက်ဆောင်
ဒီဇင်ဘာ ၀၉၊ ၂၀၀၈- ဒီမိုကရေစီလှုပ်ရှားမှုကိုအားပေးထောက်ခံလို့ အနုပညာ ဖန်တီးခွင့် ပိတ်ပင်ခံထားရတဲ့ မြန်မာ့ အနုပညာသမားတွေထဲမှာ အင်းဝမြို့ က ကဗျာဆရာ ကြည်အောင်လည်း ပါဝင်ပါတယ်။ ဆရာကြည်အောင်ရဲ့  ကဗျာတွေ ဖေါ်ပြခွင့်မရတာ အခုဆိုအ နှစ်၂၀လောက်ရှိလာပါပြီ။ ပြည်သူတွေအတွက် ကဗျာရေးဖွဲ့ မယ်လို့ ခံယူထားတဲ့ သူတယောက်က ကဗျာရေးခွင့်မရတော့ ပြည်သူတွေနဲ့အတူ အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။ အနုပညာ မိုးကောင်းကင်ကနေ နိုင်ငံတကာရောက် မြန်မာတွေအတွက်လည်း ဆရာကြည်အောင်က ကဗျာလက်ဆောင် ရွတ်ဆိုပေးထားပါတယ်။


[insert caption here]
မောင်မိုးသူရဲ့ အနုပညာခရီး
ဒီဇင်ဘာ ၀၂၊ ၂၀၀၈- စာရေးဆရာ မောင်မိုးသူဟာ ရုပ်ရှင်ဒါရိုက်တာ၊ မဂ္ဂဇင်းအယ်ဒီတာ၊ ဘာသာပြန်သမား စတဲ့လုပ်ငန်းတွေမှာကျွမ်းကျင်တဲ့ စွယ်စုံအနုပညာရှင်တဦးပါ။ ကျောင်းသား ဘ၀ကလည်း ကျောင်းသား ခေါင်းဆောင်ဖြစ်ခဲ့ပြီး လက်ရှိ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်ခဲ့လို့လည်း နိုင်ငံရေး အကျဉ်းသား အဖြစ် ထောင်ချခံခဲ့ရတဲ့သူပါ။ ၁၉၆၀ တ၀ိုက်က သူ့တို့ သူငယ်ချင်း မိတ်ဆွေတစုရဲ့ ထင်ရှားတဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ သူဖြတ်သန်းခဲ့ရတဲ့ အနုပညာခရီး တစိတ်တပိုင်းကို ဆရာ မောင်မိုးသူက အနုပညာမိုးကောင်းကင်မှာ ရှင်းပြပါလိမ့်မယ်။


Tin Win Art

တင်ဝင်း (ဗိဿနိုး)ရဲ့ အနုပညာတင်ဆက်မှု
နိုဝင်ဘာ ၂၅၊ ၂၀၀၈- ပန်းချီဆရာ တင်ဝင်း (ဗိဿနိုး)ရဲ့ တကိုယ်တော် ပန်းချီပြပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ က သုဝဏဘူမိ မြန်မာ ပန်းချီပြခန်းမှာ နိုဝင်ဘာ၁၅ ရက်နေ့ ကနေ ဒီဇင်ဘာလ ၅ရက်နေ့ အထိ ပြသထားပါတယ်။ ပန်းချီသမားတွေရဲ့ လက်ရာမြင့်မားလာသလို မြန်မာ့ ပန်းချီ ဈေးကွက်ဟာလည်း နိုင်ငံတကာကို တဖြေးဖြေးချင်း ထိုးဖေါက်လာနေပါတယ်။ ဒါပေမယ့်လည်း မြန်မာပြည်တွင်းမှာတော့ ပန်းချီသမားတွေအတွက် အခက်အခဲတွေ ရှိနေတုံးပဲလို့ ပန်းချီတင်ဝင်းက ပြောပါတယ်။ ဘယ်လို အခက်အခဲတွေလဲ။ မြန်မာ့ ပန်းချီလောက အလားအလာ ဘယ်လိုလဲ ဆိုတာတွေကို သိရအောင် ထိုင်းနိုင်ငံကို ရောက်နေတုန်း ပန်းချီတင်ဝင်း ဗိဿနိုးကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။

» ထုတ်လွှင့်ခဲ့ပြီး အစီအစဉ်များဟောင်းများ