VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

13 ဇန်နဝါရီ 2009 

ယနေ့ ဗွီအိုအေ »:

ဘာသာစကား ၄၅ မျိုး
ရုရှားဓာတ်ငွေ့ ပြန်ပို့သော်လည်း ဥရောပ အလုံအလောက် မရသေး

13 January 2009

ယူကရိန်းနိုင်ငံကို ဖြတ်သန်းသွယ်တန်းထားတဲ့ ပိုက်လိုင်းတွေကတဆင့် ရုရှားသဘာဝ
ဓာတ်ငွေ့တွေကို အနောက်ဥရောပဆီ ပြန်ပြီး ဖြန့်ဖြူးပေးနေပြီ ဖြစ်ပေမယ့် အရေးပေါ်
စွမ်းအင်လိုအပ်ချက် ဖြစ်နေတဲ့ ဥရောပနိုင်ငံတွေဆီမှာ သဘာဝဓာတ်ငွေ့တွေ
နည်းနည်းလေး၊ ဒါမှမဟုတ် လုံးဝကို မရောက်ရှိလာသေးဘူးလို့ ဥရောပသမဂ္ဂက
ပြောပါတယ်။

ရုရှားအစိုးရနဲ့ ယူကရိန်းအစိုးရရဲ့ စကားစစ်ထိုးပွဲက ဒီနေ့ ဆက်ဖြစ်ပွားနေသလို
ယူကရိန်းဟာ ဓာတ်ငွေ့တွေကို သူ့နိုင်ငံတွင်းသုံးဖို့ ကြားက ဖြတ်ယူနေပြန်ပြီလို့ ရုရှား
အစိုးရပိုင် ဂက်ဇ်ပရွမ် (Gasprom) ကုမ္ပဏီက ထပ်စွပ်စွဲလိုက်ပါတယ်။

ဈေးစကားများကြပြီး ယူကရိန်းကို သဘာဝဓာတ်ငွေ့ပို့ပေးမှု ရုရှားက ဇန်န၀ါရီလ
၁ ရက်နေ့မှာ ဖြတ်တောက်လိုက်တာ ဖြစ်ပါတယ်။

ယူကရိန်းအစိုးရရဲ့ စွမ်းအင်ဆိုင်ရာ ထိပ်တန်းအကြံပေး အိုလီဆီယာ ဟူဒါမာကတော့
ရုရှားဓာတ်ငွေ့တွေ ယူကရိန်းနိုင်ငံထဲ ၀င်လာနေပြီလို့ ဗွီအိုအေကို ပြောပါတယ်။
ဒါပေမယ့် ပိုက်လိုင်းကွန်ယက်ထဲမှာ လုံလောက်တဲ့ဖိအား မရသေးမချင်း ဥရောပနိုင်ငံ
တွေဆီ ပို့ပေးလို့မရသေးဘူးလို့ သူက ဆိုပါတယ်။

ဥရောပနိုင်ငံတွေဆီကို ရုရှားသဘာဝဓာတ်ငွေ့တွေ ပြန်ပြီး စတင်ပို့ပေးဖို့ တနင်္လာနေ့
က နှစ်နိုင်ငံ သဘောတူလက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

ရုရှားဟာ ယူကရိန်းနိုင်ငံက ဖြတ်သန်းပေးပို့တဲ့ သဘာဝဓာတ်ငွေ့အားလုံးကို လွန်ခဲ့တဲ့
၆ ရက်ကစပြီး ဖြတ်တောက်လိုက်တာမို့ ဥရောပတလွှားမှာ လူသန်းပေါင်းများစွာဟာ
ဆောင်းဥတုရဲ့ အအေးအပြင်းဆုံး ရာသီဥတုကို လုံလောက်တဲ့အနွေးငွေ့မရဘဲ
ဖြတ်သန်းခဲ့ကြရပါတယ်။


Listen to This Report သတင်း
အစီအစဉ်ကိုရယူရန်  (MP3)
Listen to This Report သတင်း
နားဆင်ရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story

  More From VOA
ရုရှားဓာတ်ငွေ့ ပြန်ပို့သော်လည်း ဥရောပ အလုံအလောက် မရသေး  Audio Clip Available
မြန်မာပြည် လွတ်လပ်ခွင့် နိမ့်ကျဆဲ၊ Freedom House အစီရင်ခံစာ ဖော်ပြ  Audio Clip Available
မြန်မာအပေါ် အနောက်နဲ့မတူတဲ့ ချဉ်းကပ်မှု ထိုင်းဝန်ကြီးချုပ် ကျင့်သုံးမည်  Audio Clip Available
ဂါဇာမှာ ခိုင်ခိုင်မာမာရှိမယ့် အပစ်အခတ် ရပ်စဲရေးဖြစ်ဖို့ သမ္မတဘုရှ် တိုက်တွန်း  Audio Clip Available
နာဂစ် နိုင်ငံတကာ အကူအညီများ ဧပြီလအလွန် ပြတ်လပ်ဖွယ်ရှိ  Audio Clip Available
ဥရောပသို့ သဘာဝဓာတ်ငွေ့ သယ်ယူရေး ရုရှား-ယူကရိန်း သဘောတူညီချက်သစ် ရရှိ  Audio Clip Available
မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများ ပြန်လည် သုံးသပ်ရန် အရှေ့တီမော သမ္မတ တိုက်တွန်း  Audio Clip Available
ဂါဇာကို ဆက်လက် ထိုးစစ်ဆင်ရေး အစ္စရေးဝန်ကြီးအဖွဲ့ ဆွေးနွေး  Audio Clip Available
အင်ဒိုနီးရှား ခရီးသည်တင်သဘောင်္ နစ်မြုတ် လူနှစ်ရာကျော် ပျောက်ဆုံးနေ  Audio Clip Available
အစိုးရသစ်တက်ပြီး ပထမဆုံးအကြိမ် ထိုင်းနိုင်ငံ ကြားဖြတ် လွှတ်တော်ရွေးကောက်ပွဲ ပြုလုပ်  Audio Clip Available