နေ့စဉ် တီဗွီသတင်းလွှာ

Loading
๑๒:๐๐:๐๐ / -:--:--

နေ့ စဉ်တီဗွီသတင်းလွှာ (၀၃၊၀၂၊၂၀၁၃)

Published 01.03.2013

မအူပင်မြို့နယ်လယ်သမားတွေနဲ့ ပဋိပက္ခမှာ မြန်မာအစိုးရက တာဝန်ယူဖြေရှင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနားက တောင်းဆို ၊ စိုင်းနော်ခမ်းနဲ့ အဖွဲ့ဝင် ၃ ယောက်ကို တရုတ်နိုင်ငံမှာ မနေ့ကပဲ သေဒဏ်ပေး၊ အမေရိကန် အောက် လွှတ်တော်မှ ကျင်းပတဲ့ မြန်မာ့အရေး ကြားနာစစ်ဆေး၊ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၂ ကြိမ်မြောက် အရှေ့အာရှရဲ့ World Economic Forum ကမ္ဘာ့စီးပွားရေးရာ နှီးနှောဖလှယ်ပွဲအကြို ပဏာမ သတင်းစာရှင်းလင်းပွဲ အကြောင်း သတင်းပေးပို့ချက်တွေကို ရှု့စားကြမှာပါ။

နေ့စဉ် တီဗွီသတင်းလွှာ

ဗွီအိုအေ မြန်မာ နေ့စဉ် တီဗွီသတင်းလွှာ အပါအဝင် ဗွီအိုအေ-အာရှ ရုပ်မြင်သံကြား အစီအစဉ်တွေကို Asia Sat 3 ဂြိုဟ်တုကနေ နေ့စဉ် (၂၄) နာရီပတ်လုံး ထုတ်လွှင့်ပေးနေပါတယ်။ နေ့စဉ် မနက် (၇) နာရီခွဲတိုင်းမှာ မြန်မာပိုင်းအစီအစဉ်သစ်ကို တင်ဆက်ပေးပြီးတော့ နောက်နေ့မနက် အစီအစဉ်သစ် မပြောင်းခင်အထိ အကြိမ်ကြိမ်ထပ်မံ ထုတ်လွှင့်ပေးနေပါတယ်။
 

နေ့စဉ် တီဗွီသတင်းလွှာ အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံ၊ စာပေဂီတ သတင်းဆောင်းပါးများကို တင်ဆက်ပေးထားပါတယ်။