သက်ကြီးစကားအစီအစဉ်မှ မြန်မာ့ ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ ထုံတမ်းများ နှင့် ဗဟုသုတ သိမှတ်ဖွယ်ရာများကို အပတ်စဉ် တနင်္ဂနွေနေ့ ညပိုင်း ၉း၀၀-၁၀း၀၀ နာရီတွင် ရုပ်ရှင်ဒါရိုက်တာ စာရေးဆရာ ဦးဝင်းဖေ နဲ့ ဝေဖန်ရေးဆရာ ကဗျာဆရာကြီး ဦးစွမ်းရည် တို့ က တပတ်ခြား တင်ဆက်ပေးသွားပါမည်။


လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး နယ်ပယ် အသီးသီးက လူအမျိုးမျိုးတို့ရဲ့  ယုံကြည်ရာတွေကို “သူယုံကြည်ရာ” အစီအစဉ်မှာ တင်ပြပေးနေပါတယ်။ သောတရှင်တို့လဲ မိမိတို့ ယုံကြည်ရာတွေကို ပါဝင်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။ ပါဝင်ဆွေးနွေးလိုပါက burmese@voanews.com ကို အီးမေလ်ပို့၍ (Subject နေရာမှာ Attn: TIB) လို့ ရေးဖြည့်ကာ တယ်လီဖုန်းနံပါတ်နဲ့ မိမိတို့ ပြောလိုတာကို ပေးပို့ပေးပါ။ ပြန်လည်ဆက်သွယ်ပါမယ်။

ပြုပြင်ကြဖို့ အချိန်တန်
ဖေဖေါ်ဝါရီ ၁၀၊ ၂၀၁၃ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ယနေ့ခေတ် စင်တင်တေးဂီတပွဲတွေမှာ သိသာထင်ရှားတဲ့ မှားယွင်းနေတဲ့ အလေ့အထဆိုးတစ်ခုကို ပြုပြင်ကြဖို့ ဆရာဦးဝင်းဖေ က ပွင့်ပွင့်လင်းလင်း ဝေဖန်သုံးသပ် ပြောဆိုထားပါတယ်။


အထွတ်အမြတ် အာဇာနည်ဗိမာန်မှာ
ဖေဖေါ်ဝါရီ ၃၊ ၂၀၁၃ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ကျဆုံးသွားခဲ့တဲ့ ခေါင်းဆောင်များကို ဂုဏ်ပြုထားတဲ့ နိုင်ငံသူနိုင်ငံသားများ အလေးအမြတ်ထားတဲ့ အာဇာနည်ဗိမာန် ပရိဝုဏ်အတွင်း ၁၉၈၃ ခုနှစ်မှာ ဗုံးခွဲ လုပ်ကြံသတ်ဖြတ်ခြင်းခံရတဲ့ တောင်ကိုရီးယားခေါင်းဆောင်များကို ဂုဏ်ပြုဆောက်လုပ်မယ့် အထိမ်းအမှတ်ကို ဆရာမောင်စွမ်းရည် က ကန့်ကွက်ပြောဆိုထားပါတယ်။


လူငယ်များနဲ့ စကားစမြည်း
ဇန်နဝါရီ ၂၇၊ ၂၀၁၃ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ စာပေဆိုင်ရာ စိတ်ဝင်စားကြတဲ့ အသက် (၂၀) ပတ်ဝန်းကျင် လူငယ်များနဲ့ ရသ၊ သုတစာပေဆိုင်ရာ တွေးခေါ်လေ့လာမှု နဲ့ တန်ဖိုးဆိုင်ရာတို့ကို ဆွေးနွေး၊ ငြင်းခုံမှု၊ စကားပြောဆိုချက်များကို ဆရာဦးဝင်းဖေ က ပြောပြထားပါတယ်။


ကွမ်းစားခြင်းနဲ့
ဇန်နဝါရီ ၂၀၊ ၂၀၁၃ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ မြန်မာတို့ နှစ်ပေါင်းများစွာ တခုတ်တရ စားသုံးခဲ့တဲ့ ကွမ်းစားသုံးတဲ့ဓလေ့နဲ့ ပတ်သက်လို့ ဆရာမောင်စွမ်းရည် က သူ့အမြင် ခံစားချက်ကို ပြောပြထားပါတယ်။


မျှမျှတတ ဖြစ်စေဖို့
ဇန်နဝါရီ ၁၃၊ ၂၀၁၃ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ အမျိုးသားတွေ အိမ်ထောင်ပြုတဲ့အခါမှာ ဇနီးကောင်းရင် တသက်တာ စိတ်ချမ်းသာမှုရကြပြီး။ မိန်းမက ဆိုးရင်လည်း အတွေးအခေါ် ပညာရှင် ဖြစ်နိုင်တယ်။ ဒါဆိုရင် မိန်းမတယောက် အိမ်ထောင်ပြုမယ်ဆိုရင်" ဘာလုပ်သင့်သလဲ ဆိုတာကို အကြံပေး ပြောပြထားပါတယ်။


ခေတ်သစ် ကာချင်း
ဇန်နဝါရီ ၆၊ ၂၀၁၃ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ ဗမာ့တပ်မတော်သားတွေနဲ့ ဗမာလူငယ်တွေ ဇာတိမာန်တက်ကြွစေဖို့ ရေးဖွဲ့ထားတဲ့ ခေတ်သစ်ကာချင်းကဗျာတပုဒ်ကို ဆရာမောင်စွမ်းရည်က ပြောပြထားပါတယ်။


အနုသုခုမ ခံစားတတ်ဖို့
ဒီဇင်ဘာ ၃၀၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ ခေတ်နောက်ကျနေသေးတဲ့ မြန်မာနိုင်ငံကျောင်းတွေမှာ အနုပညာခံစားနည်း (art appreciation) အခြေခံပညာသင်တန်းများ ရှိသင့်တဲ့အကြောင်း ဆရာကြီးဦးဝင်းဖေ က သူ့အတွေ့အကြုံ၊ သူ့ဆရာ၊ ဆရာမကြီးများ၏ ပြောစကား သုံးသပ်ချက်များနဲ့ ပြောပြထားပါတယ်။


တရုတ်-မြန်မာ သမိုင်း
ဒီဇင်ဘာ ၂၂၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ တရုတ်-မြန်မာဆက်ဆံရေး သမိုင်းအထောက်အထားများဖြစ်တဲ့ မြင်စိုင်းခေတ် ကာချင်း၊ ပုဂံခေတ် ကျောက်စာများနဲ့ ခေတ်သစ်မှတ်တမ်းဆိုင်ရာတို့ကို ဆရာဦးစွမ်းရည် က ပြောပြထားပါတယ်။


တန်ဆေးလွန်ဘေး
ဒီဇင်ဘာ ၁၆၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ လောကမှာ ဘယ်အကြောင်းအရာကိုလုပ်လုပ် လွန်လွန်ကဲကဲ မဖြစ်ဖို့ တန်ဆေးလွန်ဘေးဆိုတဲ့သဘောကို ဥပမာပေးပြီး ဆရာဦးဝင်းဖေက ပြောပြထားပါတယ်။


စာပေဟောပြောပွဲ
ဒီဇင်ဘာ ၉၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ အမေရိကန်နိုင်ငံ ပြည်နယ်အသီးသီးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာစာပေဟောပြောပွဲတွေအကြောင်းကို ဆရာဦးစွမ်းရည်က ပြောပြထားပါတယ်။


အနုပညာ ဖန်တီးစားသုံးမှု
ဒီဇင်ဘာ ၂၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ အနုပညာတွေကို ဖန်တီးမှုကို ဘယ်လို ခွဲခြားစိတ်ဖြာသုံးသပ် ခံစားနားလည်းနိုင်ကြောင်းကို မိမိကြိုက်နှစ်သက်တဲ့ အစားအသောက်များကို အရသာခံစား ခွဲခြားစိတ်ဖြာသလို တွေးဆနိုင်ကြောင်း ဥပမာနှိုင်း ဆရာဦးဝင်းဖေ က ပြောပြထားပါတယ်။


စစ်ဘေးဒုက္ခ
နိုဝင်ဘာ ၂၅၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကားသက်ငယ်ကြား အစီအစဉ်မှာ ကိုယ်တွေ့ကြုံတွေ့ခံစားခဲ့ရတဲ့ ခါးသည်းလှတဲ့ မြန်မာပြည် စစ်ဘေးဒုက္ခသည်ဘဝအကြောင်း ဆရာမောင်စွမ်းရည် က ပြောပြထားပါတယ်။


လူသားနဲ့ အနုပညာ
နိုဝင်ဘာ ၁၈၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာတော့ လူသားနဲ့ အနုပညာ အလှတရား ဆက်နွှယ်သက်ရောက်မှုအကြောင်း ပန်းချီအနုပညာနဲ့ ဥပမာပေးပြီး ဆရာဦးဝင်းဖေ က ပြောပြထားပါတယ်။


မငြိမ်းချမ်းသေးတဲ့ ပြည်မြန်မာ
နိုဝင်ဘာလ ၁၁၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကားသက်ငယ်ကြား အစီအစဉ်မှာတော့ မြန်မာ့လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတယ့် ပြည်တွင်းစစ်၊ မငြိမ်းချမ်းသေးတဲ့ မြန်မာပြည်၊ ကြီးထွားလာတဲ့ စစ်အာဏာရှင်စနစ်အကြောင်း ဆရာဦးစွမ်းရည်က ပြောပြထားပါတယ်။


နိုင်ငံတကာ အဆင့်မီဖို့
နိုဝင်ဘာ ၄၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတွေ (developing countries) က အနုပညာလောကတွေမှာရှိတဲ့ နိုင်ငံတကာအဆင့်မီရေး အတွေးအခေါ်၊ ပြောဆိုမှုများနဲ့ ပတ်သက်ပြီး ရုပ်ဝတ္တုပစ္စည်းတွေထက်၊ လွပ်လပ်ကျယ်ပြန့်နက်ရှိုင်းတဲ့ အသိအမြင်၊ ပွင့်လင်းတဲ့ အတွေးအခေါ်များရှိဖို့က အရေးကြီးတဲ့အကြောင်းကို ဆရာဦးဝင်းဖေ က ပြောပြထားပါတယ်။


ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော
အောက်တိုဘာ ၂၈၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ မကြာသေးခင်က ကွယ်လွန်အနိစ္စရောက်သွားတဲ့ ရဲဘော်သုံးကျိပ်ဝင်၊ မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့သူတဦးဖြစ်တဲ့ ဗိုလ်ကျော်ဇော အကြောင်းအရပ်ရပ်ကို ဆရာမောင်စွမ်းရည် က ပြောပြထားပါတယ်။


မြန်မာစာ နဲ့ ပါဠိ
အောက်တိုဘာ ၂၁၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ မြန်မာစာပေမှာ ရောနှောပါဝင်နေတဲ့ ပါဠိဝေါဟာရ အသုံးအနှုန်းများ နဲ့ မြန်မာဘာသာစကား ပြောဆိုသုံးနှုန်းပုံများကို ဆရာဦးဝင်ဖေ က ပြောပြထားပါတယ်။


နိုင်ငံရေး နဲ့ ကဗျာဆရာများ
အောက်တိုဘာ ၁၄၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ နိုင်ငံရေးခေါင်းဆောင်များနဲ့ ကဗျာဆရာများအကြောင်းမှာ အမေရိကန်သမ္မတများ ဘိသိက်ခံယူပွဲတွေမှာ ကဗျာဆရာများ ကဗျာရွတ်ဆိုကြပုံနဲ့ မြန်မာကဗျာဆရာကြီးများနဲ့ နိုင်ငံရေးကဗျာစာများအကြောင်းကို ဆရာမောင်စွမ်းရည် က ပြောပြထားပါတယ်။


စကားထဲက ဇာတိပြ
ဒီတပတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ စကားစကား ပြောပါများ စကားထဲက ဇာတိပြလာ ဆိုတဲ့ ဆိုစကားရှိပေမယ့် စကားပြောဆိုတဲ့အခါ မိမိရဲ့  အားသာတဲ့၊ အားကောင်းတဲ့ဇာတိကို ထူထောင်ထားရှိသူအဖို့ မကောင်းတဲ့ဇာတိပြစရာ အကြောင်းမရှိတာကြောင်း ပြောစရာရှိတာပြောဖို့ ဆရာကြီး ဦးဝင်းဖေ က ပြောပြထားပါတယ်။


ဒီမိုကရေစီ ခရီးစဉ်
စက်တင်ဘာ ၃၀၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ကမ္ဘာ့လည့် ဒီမိုကရေစီခရီးစဉ်နဲ့ မြန်မာမိသားစုများနဲ့ တွေ့ဆုံပွဲအကြောင်းကို ဆရာမောင်စွမ်းရည် က ပြောပြထားပါတယ်။
 

အနုပညာ ဖန်တီးမှုအတွက်
စက်တင်ဘာ ၂၂၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကားအစီအစဉ်မှာ အနုပညာ တွန်းအားတွေဟာ အလေ့အကျင့်နဲ့ လုပ်ယူလို့ရတယ်၊ တွန်းအားပေးရမယ်လို့ ယုံကြည်တဲ့ ကမ္ဘာကျော် စာရေးဆရာကြီး John Steinbeck ရဲ့  အဆိုအမိန့်နဲ့ ဆက်စပ်ပြီး အနုပညာသည်များ ထားရှိသင့်တဲ့စိတ်ဓါတ်၊ ခံယူချက်ကို ဆရာဦးဝင်းဖေ က ပြောပြထားပါတယ်။


ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုရေးအဖွဲ့
စက်တင်ဘာ ၁၆၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ အမေရိကန်နိုင်ငံ၊ နယူးရော့ခ်မြို့ မှာ ပြင်ဆင်ဖွဲ့စည်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုရေးအဖွဲ့အကြောင်းကို ဆရာမောင်စွမ်းရည် က ပြောပြထားပါတယ်။


လူ့ဘဝနဲ့ အနုပညာ (ပြန်လည်ထုတ်လွင့်)
မတ် ၂၅၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ တချိန်တခါက ရှိခဲ့တဲ့ မန္တလေးမြို့ က အထက်ဗမာပြည် ပန်းချီပန်းပုအသင်းကြီးမှ သိရှိမှတ်သားခဲ့ရတဲ့ ဘဝဆိုင်ရာ အနုပညာခံစားမှုအကြောင်း ဆရာဦးဝင်းဖေ က ပြောပြထားပါတယ်။

 


ပြည်တွင်းစစ်ဆိုသည်မှာ
စက်တင်ဘာ ၁၊ ၂၀၁၂ ~ ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ အစိုးရ တပ်မတော် နဲ့ သူပုန် (တိုင်းရင်းသား၊ ကွန်မြူနစ်) အင်အားစုများကြား နှစ်ပေါင်းများစွာ လောင်မြိုက်နေတဲ့ ပြည်တွင်းစစ်အကြောင်းကို ဆရာမောင်စွမ်းရည် က ပြောပြထားပါတယ်။


အနာဂတ်မဲ့ ပညာတတ်များ
သြဂုတ် ၂၆၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ တချိန်တခါက တက္ကသိုလ်ဘွဲ့ရသူများအတွက် အလုပ်အကိုင်ပေါများပုံ နဲ့ နောက်ပိုင်းကာလမှာ ဘွဲ့ရလူငယ်များအတွက် အလုပ်အကိုင်မရ၊ အာမခံမပေးနိုင်တဲ့ အနာဂတ်ဘဝ အခြေအနေများကို ဆရာကြီးဦးဝင်းဖေ က ပြောပြထားပါတယ်။


ဗုဒ္ဓ သာသနာပြုလုပ်ငန်း
ဒီတပတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ အမေရိကန်ပြည်ထောင်စုမှာ တိုးတက်ဖြစ်ပေါ်နေတဲ့ ဗုဒ္ဓဘာသာ သာသနာပြု လုပ်ငန်းများအကြောင်း တစေ့တစောင်းကို ဆရာမောင်စွမ်းရည် က ပြောပြထားပါတယ်။


ပြဒါးတလမ်း၊ သံတလမ်း
သြဂုတ် ၁၁၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ပြဒါးတလမ်း၊ သံတလမ်း ဆိုစကားနဲ့ ပတ်သက်ပြီး ကိုယ်တွေ့ကြုံ အတွေ့အကြုံတခုနဲ့ ဆရာဦးဝင်းဖေ က ပြောပြထားပါတယ်။


လူထု သတင်းစာတိုက်ထွက်များ
သြဂုတ် ၅၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ မကြာသေးခင်က ကွယ်လွန်သွားခဲ့တဲ့ လူထုဦးစိန်ဝင်း အမှတ်တရနဲ့ လူထုသတင်းစာတိုက်ထွက် မျိုးဆက် သတင်းစာဆရာ၊ စာရေးဆရာကြီးတွေအကြောင်းနဲ့ ပတ်သက်ပြီး ဆရာမောင်စွမ်းရည် က ပြောပြထားပါတယ်။


ပဲ စကား
ဇူလိုင် ၂၉၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ အိမ်လည်သွား အိမ်ရှင်တည်ခင်းတဲ့ ပဲပြုပ် နဲ့ စကားဝိုင်းမှာပြောဖြစ်တဲ့ ပဲများအကြောင်းကို ဆရာဦးဝင်းဖေ က စိတ်ဝင်စားဖွယ် ပြောပြထားပါတယ်။
 

မမေ့နိုင် အာဇာနည်နေ့
ဇူလိုင် ၂၂၊ ၂၀၁၂ - သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ အာဇာနည်လေးချိုးကြီးနဲ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျဆုံးသွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကို ဆရာမောင်စွမ်းရည်က ဂုဏ်ပြုတင်ပြထားပါတယ်။

မြန်မာဂီတ သင်္ကေတ
ဇူလိုင် ၁၅၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ မြန်မာ့ရိုးရာ မဟာဂီတသမိုင်းနဲ့ တေးဂီတ သင်္ကေတအကြောင်း ဖခင်ကြီး ဆရာကြီးရွှေပြည်ဦးဘတင်၏ အဆိုအမိန့်များကို ဆရာဦးဝင်းဖေ က ပြန်ပြောင်းကောက်နုတ် ပြောပြထားပါတယ်။


ပြည်ထဲအရေး ... တိမ်တောင်သဖွယ်
ဇူလိုင် ၇၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကားသက်ငယ်ကြား အစီအစဉ်မှာ သာသနဥသျှောင်အဖွဲ့ကြီး၏ ဥက္ကဋ္ဌ ပီနန်းဆရာတော် မိန့်ကြားခဲ့တဲ့ တိုင်းရေးပြည်ရေးဆိုင်ရာ အဆိုအမိန့်များကို ဆရာမောင်စွမ်းရည် က ပြောပြထားပါတယ်။


ခေါင်းဆောင်ကောင်းဆိုတာ
ဇူလိုင် ၁၊ ၂၀၁၂ ~ ဒီတပတ် သက်ကြီးစကားသက်ငယ်ကြား အစီအစဉ်မှာ ခေါင်းဆောင်လုပ်သူအပေါ် ထားရှိတဲ့ ချစ်ကြောက်၊ ရိုသေ အသုံးအနှုန်းမှတ်ချက်အကြောင်း ဆရာဦးဝင်းဖေ က ရှင်းလင်းပြောပြထားပါတယ်။


ပြည်သူ့သတင်းစာဆရာကြီး လူထုဦးစိန်ဝင်း
ဇွန် ၂၄၊ ၂၀၁၂ ~ ဒီတပတ် သက်ကြီးစကားသက်ငယ်ကြားအစီအစဉ်မှာ ဇွန်လ (၁၇) ရက်နေ့က ကွယ်လွန်သွားခဲ့သူ သတင်းစာဆရာကြီး လူထုစိန်ဝင်းအတွက် နှုတ်ဆက်ဂုဏ်ပြုစကား နဲ့ အမှတ်တရများကို ဆရာမောင်စွမ်းရည် က ပြောပြထားပါတယ်။


လောကအမြင်
ဇွန် ၁၇၊ ၂၀၁၂ ~ ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ လူသားတွေ အတွေးအမြင် အယူအဆ၊ အမြင် မတူကွဲပြားခြားနား ရှိနေကြတာကို ဆရာဦးဝင်းဖေ က ကိုယ်တွေ့အတွေ့အကြုံတခုနဲ့ ဥပမာပေး ပြောပြထားပါတယ်။


စာကြည်တိုက်မှူး
ဇွန် ၁၀၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ မြန်မာနိုင်ငံက အများအကျိုးဆောင် စာကြည့်တိုက်မှုးကြီးတွေအကြောင်းကို ဆရာမောင်စွမ်းရည် က ပြောပြထားပါတယ်။


ကဗျာဆိုတာ
ဇွန် ၃၊ ၂၀၁၂ ~ ဒီတပတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ကဗျာ ဖွဲ့ဆို၊ ရေးနည်းရေးဟန်၊ အယူအဆ၊ အတွေးအမြင်များ ကွဲပြားရှိပုံ ပြောဆိုကြတာကို ဆရာဦးဝင်းဖေ က ကဗျာတေးတပုဒ်နဲ့ ဥပမာပေး ပြောပြထားပါတယ်။


ပြည်သူ့ဂုဏ်ရည်ဆု
မေ ၂၇၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ မြန်မာပြည်အတွင်းမှာ လူမှုရေးလုပ်ငန်းများကို စွမ်းဆောင်လုပ်ဆောင်နေသူများကို နှစ်စဉ် ဆုချီးမြှင့်ပေးနေတဲ့ အမေရိကန်အခြေစိုက် ပြည်သူ့ဂုဏ်ရည်အဖွဲ့အကြောင်း ဆရာမောင်စွမ်းရည် က ပြောပြထားပါတယ်။


ပြောသလို မကျင့်ကြံ
မေ ၂၀၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ မပြည့်တဲ့အိုး ဘောင်ဘင်ခတ် မြန်မာဆိုစကားအတိုင်း လူတွေရဲ့  အပြောတမျိုး၊ အလုပ်တမျိုး ကျင့်ကြံတတ်ကြပုံကို ဆရာဦးဝင်းဖေ က ရှေ့ ဆရာကြီးများ၏ အဆိုအမိန့်များနဲ့ ဥပမာပေး ပြောပြထားပါတယ်။


တစေ့တစောင်း မေလအကြောင်း
မေ ၁၃၊ ၂၀၁၂ ~ ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ ပန်းရောင်စုံဖူးပွင့်တဲ့ မေလမှာ ပေါ်ပေါက်ခဲ့တဲ့ အမေရိကန် May Day အလုပ်သမားနေ့အကြောင်း ဆရာမောင်စွမ်းရည် က ပြောပြထားပါတယ်။


ခွဲခြားဆက်ဆံရေး
မေ ၆၊ ၂၀၁၂ ~ ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ ခွဲခြားဆက်ဆံမှု (Discrimination) နဲ့ ပတ်သက်ပြီး ဆရာဦးဝင်းဖေ က ငယ်ဘဝ သူ့ကိုယ်တွေ့ဖြစ်ရပ် ခွဲခြားဆက်ဆံပုံလေးတခုနဲ့ ဥပမာပေး တင်ပြထားပါတယ်။


အမြတ်ဆုံး အလှူ
ဧပြီ ၂၉၊ ၂၀၁၂ ~ ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ အလှူတကာ အလှူထဲမှာ အမြတ်ဆုံးအလှူတခုဖြစ်တဲ့ စာအုပ်စာပေ လှူဒါန်းခြင်း နဲ့ နယူရော့ခ်မြို့ မှာ မြန်မာစာကြည်တိုက်၊ စာဖတ်ခန်းတခု ဖြစ်မြောက်ဖို့ ကြိုးပမ်းလုပ်ဆောင်နေခြင်းကို ဆရာမောင်စွမ်းရည် က ပြောပြထားပါတယ်။


ပြောင်းလဲလာတဲ့ ရိုးရာသင်္ကြန်
ဧပြီ ၂၂၊ ၂၀၁၂ ~ ဒီတပတ် သက်ကြီးစကားသက်ငယ်ကြား အစီအစဉ်မှာတော့ ခေတ်သစ်သင်္ကြန်ဟာ မြန်မာ့လူ့အဖွဲ့အစည်း ပြောင်းလဲမှုနဲ့ ယှဉ်တွဲရွေ့ လျားလာတဲ့အကြောင်း ဦးဝင်းဖေ က ပြောပြထားပါတယ်။


ဒေါင်းဋီကာ
ဧပြီ ၁၅၊ ၂၀၁၂ ~ ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ ဝံသာနုအမျိုးသား စာရေးဆရာကြီး သခင်ကိုယ်တော်မှိုင်း ရေးသားခဲ့တဲ့ ဒေါင်းဝါဒ၊ ဒေါင်းအလံတို့အကြောင်း ရေးဖွဲ့ထားတဲ့ ဒေါင်းဋီကာအကြောင်း ဆရာမောင်စွမ်းရည် ပြောပြထားပါတယ်။


လူဝင်စား ပြဿနာ
ဧပြီ ၈၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကားသက်ငယ်ကြား အစီအစဉ်မှာ လျှို့ ဝှက် နက်နဲကျယ်ပြန့် ဆန်းကြယ်လှတဲ့ လူဘဝ နဲ့ လူဝင်စားများအကြောင်းကို ဆရာဦးဝင်းဖေ က ပြောပြထားပါတယ်။


အာဇာနည် ယုံကြည်ကိုးစားမှု
ဧပြီ ၁၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ပုဂ္ဂိုလ် ကိုးကွယ်မှု (hero worship) သူရဲကောင်းများအပေါ် ယုံကြည်အားကိုးမှုအကြောင်းကို ဆရာမောင်စွမ်းရည် က ပြောပြထားပါတယ်။


နှစ်သစ်ကူး နဲ့ သင်္ကြန်သံချပ်
မတ် ၁၈၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ မြန်မာပြည်မှာ နှစ်စဉ်ကျင်းပပြုလုပ်တဲ့ မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်ကာလအတွင်း လူကြိုက်လူသိများတဲ့ သင်္ကြန်သံချပ်များအကြောင်းကို ဆရာမောင်စွမ်းရည် က ပြောပြထားပါတယ်။


မတူကွဲပြား ရန်ကုန် နဲ့ မန္တလေး
မတ် ၁၁၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ တချိန်တခါက ရန်ကုန်မြို့  နဲ့ မန္တလေးမြို့ တို့ရဲ့  မတူကွဲပြားခြားနားတဲ့ အကြောင်းအရာများကို မန္တလေးသား ဆရာဦးဝင်းဖေ က ပြောပြထားပါတယ်။


ရဟန်းတော်များနဲ့ နိုင်ငံ့ရေး
မတ် ၄၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ပြည်ပရောက် မြန်မာရဟန်းသံဃာများအဖွဲ့၏ အရှင်ပညာနန္ဒ ရေးသားထုတ်ဝေလိုက်တဲ့ ရဟန်းတော်များနှင့် နိုင်ငံ့အရေး စာအုပ်အကြောင်းကို ဆရာမောင်စွမ်းရည် က ပြောပြထားပါတယ်။


မျှမျှတတ
ဖေဖေါ်ဝါရီ ၂၆၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ မျှတမှုနဲ့ တာဝန်ခွဲဝေမှုအကြောင်း ဦးဝင်းဖေက ပန်းသီးခွဲဝေမှု နဲ့ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရေး တာဝန်ခွဲဝေမှု ဥပမာများနဲ့ ပြောပြထားပါတယ်။


သမိုင်းမှတ်တမ်းများ ထိန်းသိမ်းဖို့
ဖေဖေါ်ဝါရီ ၁၉၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ သမိုင်းဝင် အဆောက်အအုံများအကြောင်း ပုဂံခေတ် သမိုင်းဝင် ဘုရားစေတီ အဆောက်အဦးများ၊ ကျောင်းသားသမဂ္ဂတို့နဲ့ ဥပမာပေး ဆရာမောင်စွမ်းရည် က တင်ပြထားပါတယ်။


မြန်မာစကား စတိုင်လ်သစ်
ဖေဖေါ်ဝါရီ ၁၁၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ မပီမသ စတိုင်လ်နဲ့ စကားပြောဆိုမှုကြောင့် မြန်မာစကား အသံထွက်တွေ ပြောင်းလဲပျက်စီးလာကြပုံကို ဆရာဦးဝင်းဖေ က ပြောပြထားပါတယ်။


ဇာဂနာ နဲ့ ဗိုလ်ခင်ညွှန့်
ဖေဖေါ်ဝါရီ ၅၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ နိုင်ငံကျော် ဟာသလူရွှင်တော် ဇာဂနာ နဲ့ ထောက်လှမ်းရေးမှူးဟောင်း ဗိုလ်ခင်ညွှန့် တွေ့ဆုံမှု နဲ့ မတူကွဲပြား ခံယူရပ်တည်မှုအကြောင်း ဆရာမောင်စွမ်းရည် က ပြောပြထားပါတယ်။


တခါက လခစားဘဝ
ဇန်နဝါရီ ၂၈၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ တချိန်တခါက အစိုးရလခစားအလုပ်များနဲ့ ပန်းချီဆရာကြီး ဦးဘသက်ရဲ့  အဆိုအမိန့်စတဲ့အကြောင်းအရာများကို ဆရာဦးဝင်ဖေ က ပြောပြထားပါတယ်။


ဖတ်ဖြစ်တဲ့ စာအုပ်တချို့ 
ဇန်နဝါရီ ၂၂၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်မှာ ဖတ်ဖြစ်ခဲ့တဲ့ ကောင်းနိုးရာရာ မြန်မာဝထ္ထုတချို့ အကြောင်းကို ဆရာမောင်စွမ်းရည် က ပြောပြထားပါတယ်။


နိုင်ငံရေး ဝေါဟာရဆိုင်ရာ
ဇန်နဝါရီ ၁၅၊ ၂၀၁၂ - တိုင်းပြည်အကျိုး ထမ်းရွက်မှု နဲ့ နိုင်ငံရေး လုပ်ဆောင်ခြင်းဆိုင်ရာ အသုံးအနှုန်းဝေါဟာရ၊ ဂုဏ်သိက္ခာဆိုင်ရာ ဖွင့်ဆိုချက်များကို ဆရာဦးဝင်ဖေ က ရှင်းလင်း ပြောပြထားပါတယ်။


မန္တလေးတက္ကသိုလ် စာဆိုတော်နေ့
ဇန်နဝါရီ ၈၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ ယနေ့ စာပေဟောပြောပွဲများနဲ့ တချိန်က မန္တလေးတက္ကသိုလ် စာဆိုတော်နေ့အကြောင်း ဆရာမောင်စွမ်းရည် က ပြောပြထားပါတယ်။


ဗိုလ်ချုပ်အောင်ဆန်း နဲ့ လောဘ စိတ်ဆန္ဒ
ဇန်နဝါရီ ၁၊ ၂၀၁၂ - ဒီတပတ် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှာ ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပ္ပတ္တိ ရုပ်ရှင်ကား ရိုက်ကားရေးနဲ့ ဆက်နွှယ်ပြီး လောဘနဲ့ ဆန္ဒ ကွဲပြားမှုကို အတွေ့အကြုံသင်ခန်းစာတခုနဲ့ ပြောပြထားပါတယ်။


မြန်မာ့ကျောင်းသားနေ့
ဒီဇင်ဘာ ၂၅၊ ၂၀၁၁ - ဒီတပတ် သက်ကြီးစကားသက်ငယ်ကြား အစီအစဉ်မှာ မြန်မာပြည်မှာ ကျောင်းသားနေ့ ခေါ် ဗိုလ်အောင်ကျော်နေ့ကို ဘယ်လို ကျင်းပပြုလုပ်ကြသလဲဆိုတာကို ဆရာမောင်စွမ်းရည် က ပြောပြထားပါတယ်။


တိုင်းပြည်အတွက် သံလွင်အိမ်မက်
ဖေဖေါ်ဝါရီ ၄၊ ၂၀၁၃ - ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ မြန်မာလူငယ်များ နဲ့ ပြည်သူပြည်သားများအတွက် အကျိုးရှိစေမယ့် စာပေများနဲ့ နိုင်ငံပြန်လည် တည်ဆောက်ရေးကို တထောင့်တနေရာကနေ လုပ်ဆောင်နိုင်တယ်လို့ ယုံကြည်တဲ့ စင်္ကာပူအခြေစိုက် သံလွင်အိမ်မက် အွန်လိုင်းမဂ္ဂဇင်း အယ်ဒီတာ စည်သူသံလွင်ရဲ့  ယုံကြည်ရာကို နားဆင်ကြရပါမယ်။


တန်းဖိုးအရှိဆုံး အချိန်
ဇန်နဝါရီ ၂၆၊ ၂၀၁၃ - ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ လက်ရှိရရှိနေတဲ့ ပစ္စုပ္ပန်ကာလမှာ အကောင်းဆုံး လုပ်ဆောင်နေထိုင်သွားခြင်းက တန်းဖိုးအရှိဆုံးလို့ ယုံကြည်တဲ့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင် တိုက်ဖျက်ရေးအသင်း (ရှမ်းပြည်မြောက်ပိုင်း) စီမံကိန်းအရာရှိ ဒေါ်ရိုစီမြင့် (Rosie Myint) ရဲ့ ယုံကြည်ရာကို နားဆင်ကြရပါမယ်။


ကံနဲ့ကံအကျိုး
ဇန်နဝါရီ ၁၉၊ ၂၀၁၃ - ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ ကံနဲ့ကံအကျိုးကို ယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင် စွယ်စုံရအနုပညာရှင် တဦးဖြစ်တဲ့ နံမည်ကျော် တေးသံရှင် နဲ့ ရုပ်ရှင်မင်းသမီး ထွန်းအိန္ဓြာဗိုလ် ရဲ့ ယုံကြည်ရာကို နားဆင်ကြရပါမယ်။


ကချင် ဘာကြောင့် တိုက်ပွဲဝင်နေ
ဇန်နဝါရီ ၁၂၊ ၂၀၁၃ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ ကချင်ပြည်နယ်အတွင်း ဖြစ်ပွါးနေတဲ့ စစ်ပွဲဟာ တရားမျှတရေး၊ သာတူညီမျှရေး၊ တန်တူညီမျှရေးအတွက် တိုက်ခိုက်နေတာဖြစ်ကြောင်း ယုံကြည်တဲ့ ကချင်ငြိမ်းချမ်းရေးကွန်ယက်က မခွန်ဂျာရဲ့ ယုံကြည်ရာကို နားဆင်ကြရပါမယ်။


နှစ်သစ်မင်္ဂလာ သြဝါဒ
ဇန်နဝါရီ ၅၊ ၂၀၁၃ -ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ လောလောဆယ် ကနေဒါနိုင်ငံ Saskatchewan ပြည်နယ်၊ Saskatoon မြို့ရှိ မေတ္တဝိဟာရကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ စစ်ကိုင်းတိုင်း ကနီမြို့ဇာတိ၊ အရှင်သြသတ ရဲ့ နှစ်သစ်မင်္ဂလာ သြဝါဒအမှာစကား ကို နားဆင်ကြရပါမယ်။


နှစ်သစ်ကြို ဆုတောင်း
ဒီဇင်ဘာ ၂၉၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ နှစ်သစ် ၂၀၁၃ မှာ မင်္ဂလာရှိဖို့ အကျိုးများဖို့အတွက် လူသားအရင်းအမြစ် စွမ်းအားကို လူသားတွေကိုယ်တိုင် အကျိုးရှိရှိ အသုံးချထုတ်နိုင်ဖို့ လိုအပ်တယ်လို့ ယုံကြည်စွာနဲ့ မိန့်ကြားသွားတဲ့ အမေရိကန်ပြည်ထောင်စုကို ဓမ္မဒူတခရီးကြွချီလာတဲ့ ဟင်္သာတမြို့ အမတဓါရီ ပရိယတ္တိ စာသင်တိုက်၊ ပရိပတ္တိ ကမ္မဌာန်းတိုက်ရဲ့ ပဓါနနာယက သာသနာပြု အရှင် ပဏ္ဍိတရဲ့ ယုံကြည်ရာကို နားဆင်ရပါမယ်။


အများအကျိုး ထမ်းဆောင်ဖို့
ဒီဇင်ဘာ ၂၂၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ "မှန်တာလုပ် ဟုတ်တာပြော၊ အများအကျိုးဆောင် ကိုယ့်အကျိုးအောင်" ဆိုစကားနဲ့အညီ မြန်မာနိုင်ငံအတွင်း လူမှုရေးလုပ်ငန်းတွေမှာ တက်ကြွစွာဆောင်ရွက်နေသူ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရာသက်ပန် ဂုဏ်ထူးဆောင်အသင်းသား တေးရေး၊ အဆိုတော် ဆောင်းဦးလှိုင်ရဲ့  ယုံကြည်ရာကို နားဆင်ကြရပါမယ်။


မွန်မြတ်တဲ့ အလှူဒါန
ဒီဇင်ဘာ ၁၅၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်လို့ ယုံကြည်ပြီး အလှူဒါနလုပ်တာ လုပ်သင့်လုပ်ထိုက်အကြောင်းရာတခုလို့ မြင်တဲ့ ရုပ်ရှင်မင်းသမီး ဆုကဗျာရဲ့ယုံကြည်ရာကို နားဆင်ကြရပါမယ်။


ငြိမ်းချမ်းရေး ပန်းတပွင့်
ဒီဇင်ဘာ ၈၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ မကြာသေးခင်က အမေရိကန်နိုင်ငံကို ခေတ္တလာရောက်လည်ပတ်ပြီး လူမှုထောက်ပံ့ရေးအတွက် ရန်ပုံငွေရှာဖွေပွဲများ လုပ်ဆောင်ခဲ့တဲ့ တေးရေးဆရာ ကိုရဲလွင်(မဇ္ဈိမလှိုင်း) ရဲ့ ယုံကြည်ရာကို နားဆင်ကြရပါမယ်။


ယဉ်ကျေးမှု တန်းဖိုး
ဒီဇင်ဘာ ၁၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ တိုင်းပြည်ဖွံ့ဖြိုးရေးကို လုပ်ဆောင်ကြရင် မိမိတို့ ယဉ်ကျေးမှုကိုလည်း တန်းဖိုးထား ထိန်းသိမ်းကြဖို့ လိုတယ်လို့ ယုံကြည်တဲ့ ရန်ကုန်မြို့  နိင်ငံတကာဆိုင်ရာကလေးများကျောင်းမှာ မြန်မာမှုဆိုင်ရာ သင်ကြားပေးနေတဲ့ ပညာရေးတာဝန်ခံ ဆရာဦးဝင်းထွဋ်ကျော်ရဲ့ ယုံကြည်ရာကို နားဆင်ကြရပါမယ်။


အမိမြေ တိုးတက်ရေးအတွက်
နိုဝင်ဘာ ၂၄၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ အမိမြေ တိုးတက်ဖွံ့ဖြိုးရေးအတွက် အလုပ်တွေ အများကြီးလုပ်၊ သင်ယူလေ့လာဖို့ ယုံကြည်တဲ့ အမေရိကန်ပြည်ထောင်စုမှာ အာရှပစိဖိတ်ခေါင်းဆောင်မှု အစီအစဉ် နဲ့ လေ့လာရေးရောက်နေတဲ့ မမွန်မွန်လှိုင်ရဲ့ယုံကြည်ရာကို နားဆင်ကြရပါမယ်။


ဂီတ စွမ်းအား
နိုဝင်ဘာ ၁၇၊ ၂၀၁၂ - ဒီတပတ် မှာတော့ ဂီတအနုပညာနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုထောက်ကူ အကျိုးပြုလုပ်ငန်းတွေကို လုပ်ပေးနိုင်တယ်လို့ ယုံကြည်တဲ့ ဂီတမိတ်အဖွဲ့က ကိုစိုင်းညီညီရဲ့ ယုံကြည်ရာကို နားဆင်ကြရပါမယ်။


ဖန်တီးချင်တဲ့ အနုပညာသစ်
နိုဝင်ဘာလ ၁၀၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ ယုံကြည်ချက်တွေ အများကြီးထဲက လောလောဆယ် ယုံယုံကြည်ကြည်နဲ့ လုပ်ဆောင်နေတဲ့ မနုသီဟအဖွဲ့လေးရဲ့  အနုပညာလုပ်ငန်းရဲ့  မတူညီတဲ့ အနုပညာတင်ပြမှုဖို့ ကြိုးစားနေတဲ့ စင်္ကာပူနိုင်ငံ Temasek Polytechnic အနုပညာအဖွဲ့ကနေ အစပျိုးရှင်သန်လာတဲ့ မနုသီဟ အနုပညာဖန်တီးမှုအဖွဲ့ လူငယ်ဒါရိုက်တာ ကိုလီယို (Leo) ရဲ့ ယုံကြည်ရာကို နားဆင်ကြရပါမယ်။


သာယာအေးချမ်းတဲ့ လောကဖြစ်ဖို့
နိုဝင်ဘာ ၃၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ မတူကွဲပြားမှုတွေအပေါ်မှာ အပြန်အလှန် နားလည်းလက်ခံနိုင်ဖို့၊ သည်းခံနိုင်ဖို့နဲ့ ကိုယ်ချင်စာ တရားရှိဖို့က သာယာအေးချမ်းတဲ့ လောကဖြစ်လာစေရေးအတွက် အရေးကြီးတဲ့တချက်လို့ ယုံကြည်တဲ့ Iowa တက္ကသိုလ်က ကြီးမှူးကျင်းပတဲ့ နိုင်ငံတကာ စာရေးဆရာများ (International Writing Program) အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ စာရေးဆရာမ ပန်ဒိုရာရဲ့ ယုံကြည်ရာကို နားဆင်ကြရပါမယ်။


စေတနာဝန်ထမ်းကောင်း
အောက်တိုဘာ ၂၇၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ စေတနာဝန်ထမ်းအဖြစ် ဆောင်ရွက်တဲ့နေရာမှာ မိမိအကျိုးကို ဘယ်တော့မှ မမျှော်မှန်းဘဲနဲ့ လိုအပ်တဲ့နေရာတွေမှာ ကျရာကဏ္ဍကနေ တာဝန်ကို ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်ခြင်းကို ယုံကြည်တဲ့ ပရဟိတ ပညာရေး မြှင့်တင်ရေး သင်ကြားပေးမှုကို လုပ်ဆောင်နေတဲ့ ဆရာမ မေပုလဲသွယ်ရဲ့ ယုံကြည်ရာကို နားဆင်ကြရပါမယ်။


အမှီအခိုကင်း အနုပညာ
အောက်တိုဘာ ၂၀၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ အမှီအခိုကင်းပြီးတော့ ဖန်တီးနိုင်စွမ်းအားရှိတဲ့ အနုပညာကို မြတ်နိုးတဲ့ မြန်မာ့ပန်းပုအနုပညာရှင် ဦးဆန်နီညိမ်းရဲ့ ယုံကြည်ရာကို နားဆင်ကြရပါမယ်။


အရပ်ဖက်အဖွဲ့အစည်း အခန်းကဏ္ဍ
အောက်တိုဘာ ၁၃၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခင်းအကျင်းမှာ Civil Society အရပ်ဖက်လူ့အဖွဲ့အစည်းမှာ ပြည်သူတွေပြောင်းလဲလိုတဲ့ကိစ္စတွေကို ပြောင်းလဲနိုင်ဖို့ သုတေသနနဲ့ မူဝါဒလုပ်ငန်းတွေရဲ့ အရေးပါပုံကို ယုံကြည်တယ်ဆိုတဲ့ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့က သုတေသနပညာရှင် ဒေါ်သူသူနွယ်လှိုင်ရဲ့ ယုံကြည်ရာကို နားဆင်ကြရပါမယ်။


အတွေ့အကြုံ အသစ်ဆန်းများနဲ့ ဘဝခရီး
ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ တွေ့ကြုံသစ်စမ်းများ၊ အတွေ့အကြုံသစ်များ၊ ဗဟုသုတများကို ရှာဖွေရင်နဲ့ လူတော်လူကောင်းတယောက်အနေနဲ့ ဘဝကို ဖြတ်သန်းသင့်တယ်လို့ ယုံကြည်ထားတဲ့ New Zealand နိုင်ငံမှာ ပညာရှာဖွေ သင်ကြားနေတဲ့ ကိုကျော်မင်းထွန်းရဲ့ ယုံကြည်ရာကို နားဆင်ကြရပါမယ်။


ရိုးသားခြင်း ဂုဏ်သတ္တိ
စက်တင်ဘာ ၂၉၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ ရဲရင့်ခြင်း နဲ့ အမှန်တရားအတွက် ရိုးရိုးသားသားဖို့ လိုအပ်တယ်လို့ ယုံကြည်တဲ့ အမေရိကန်ပြည်ထောင်စု Iowa ပြည်နယ် CoE College မှာ ပညာသင်ကြားနေတဲ့ ကိုလွင်ငြိမ်းချမ်းကျော်ရဲ့ ယုံကြည်ရာကို နားဆင်ကြရပါမယ်။


သိပ္ပံနည်းကျ လောကအမြင်
စက်တင်ဘာ ၂၁၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ သိပ္ပံနည်းကျ လောကအမြင် နိယာမတရားကို ယုံကြည်တဲ့ မကြာသေးခင်ကာလကမှ အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုအေးအောင်ရဲ့ ယုံကြည်ရာကို နားဆင်ကြရပါမယ်။


ဘလော့ဂ်ဂါ နေဘုန်းလတ်
စက်တင်ဘာ ၁၅၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ ယုံကြည်ချက်များစွာနဲ့ အသက်ရှင်နေတဲ့ ဘလော့ဂ်ဂါ နေဘုန်းလတ်ရဲ့  ယုံကြည်ရာ နားဆင်ရပါမယ်။


Practical Intelligence ဆိုသည်မှာ
စက်တင်ဘာ ၈၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ အစီအစဉ်မှာတော့ လက်တွေ့ဘဝမှာ ကိုယ်လိုချင်တဲ့အရကို ဖြစ်မြောက်အောင် practical intelligence ရှိဖို့အရေးကြီးကြောင်း ယုံကြည်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပညာသင်ဆုနဲ့ John Hopkins တက္ကသိုလ်ကနေ ပြည်သူ့ကျန်းမာရေးဆိုင်ရာ မဟာဘွဲ့ရခဲ့ပြီး လက်ရှိမြန်မာနိုင်ငံမှာ လူထုကျန်းမာရေးဆိုင်ရာ တာဝန်တွေထမ်းဆောင်နေတဲ့ ဒေါက်တာစိုးစိုးအေးထွန်းရဲ့ ယုံကြည်ရာကို နားဆင်ကြရပါမယ်။

မှန်ကန်ပြည့်စုံသော ပညာရေးရှိဖို့
စက်တင်ဘာ ၁၊ ၂၀၁၂ ~ ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်တဲ့ အဖြေဟာ မှန်ကန်ပြည့်စုံသော ပညာရေးစနစ်ဖြစ်ကြောင်း ယုံကြည်တဲ့ မြန်မာနိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပညာရေးဆိုင်ရာ လူမှုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဦးအောင်ဇေယျရဲ့  ယုံကြည်ရာကို နားဆင်ရပါမယ်။


တိုးတက်မှုအတွက် လူမှုကွန်ယက်
သြဂုတ် ၂၅၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ လူမှုဆက်ဆံမှုကွန်ယက် (Social Networking) အသုံးကျပုံ၊ အသုံးဝင်ပုံကို ယုံကြည်တဲ့ Fulbright ပညာသင်ဆုနဲ့ အမေရိကန်နိုင်ငံမှာ မူဝါဒဆိုင်ရာ မဟာဘွဲ့ရရှိခဲ့ပြီး လက်ရှိမြန်မာနိုင်ငံမှာ လူထုဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဆောင်နေတဲ့ မကြည်ပြာချစ်စောရဲ့  ယုံကြည်ရာကို နားဆင်ကြရပါမယ်။


ကြိုးစားမှုရလဒ်
သြဂုတ် ၁၈၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ ကြိုးစားရင် ကြိုးစားသလောက် အရာထင်နိုင်တယ်ဆိုတာကို တောက်လျှောက်ယုံကြည်ခဲ့ပါတယ်လို့ လက်ခံယုံကြည်တဲ့ အမေရိကန်နိုင်ငံကို ပညာရေးလေ့လာမှု အစီအစဉ် (Humphrey Program) နဲ့ ပညာရေးဆိုင်ရာလာရောက်လေ့လာနေသူ ဦးအေးမြင့်သန်းဌေး ရဲ့  ယုံကြည်ရာကို နားဆင်ရပါမယ်။


စားသုံးသူများ အခွင့်အရေး
သြဂုတ် ၁၁၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ စားသုံးသူ ကာကွယ်ရေးအသင်းကြီး ပေါ်ပေါက်လာဖို့အတွက် အမြန်ဆုံး လိုအပ်နေတယ်လို့ ယုံကြည်နေတဲ့ စားသုံးသူတွေရဲ့  အခွင့်အရေးကို အကာအကွယ်ပေးနိုင်ရေးအတွက်၊ စိတ်တူသဘောတူသူတွေ၊ ပညာရှင်တွေနဲ့ လက်တွဲဆောင်ရွက်နေတဲ့ ကဗျာဆရာ၊ စာရေးဆရာ ဦးဘအုပ်ခိုင်ရဲ့  ယုံကြည်ရာကို နားဆင်ကြရပါမယ်။


မိမိကိုယ်ကို လေးစားတတ်ဖို့
သြဂုတ် ၄၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ ကိုယ့်ကိုယ်ကို ကိုယ်တိုင်လေးစားအောင် ဦးစွာ ပြုမှုပြောဆိုနေထိုင်ဖို့က ပိုပြီးအရေးကြီးကြောင်း ယုံကြည်တဲ့ အမေရိကန် ပြည်ထောင်စုက ချီးမြှင့်တဲ့ ပညာတော်သင်ဆုနဲ့ ပညာရေးဆိုင်ရာ မဟာဘွဲ့ရရှိပြီး၊ လက်ရှိ မြန်မာနိုင်ငံမှာ ပညာရေးလုပ်ငန်းတွေ ဆက်လုပ်နေတဲ့ မချောကလျာရဲ့  ယုံကြည်ရာကို နားဆင်ရပါမယ်။


လွပ်လပ်ခွင့်ရှိဖို့ အရေးကြီး
ဇူလိုင် ၂၉၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံတနိုင်ငံမှာ လွတ်လပ်စွာ ပြောဆိုဟောပြောခွင့်၊ စာရေးသားခွင့်၊ အနုပညာကို ဖန်တီးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ ကိုးကွယ်ခွင့်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခွင့်တွေ ရှိသင့်တယ်လို့ ယုံကြည်တဲ့ လူထုဖွံ့ဖြိုးရေးနဲ့ လူမှုရေးလုပ်ငန်းတွေ ဦးဆောင်လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဒေါက်တာအေးဆေး ရဲ့ ယုံကြည်ရာကို နားဆင်ကြရပါမယ်။


အကောင်းဆုံး ဆရာမတဦးဖြစ်ဖို့
ဇူလိုင် ၂၁၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ အကောင်းဆုံး ဆရာမတယောက်ဖြစ်ဖို့ စာသင်သားတွေအပေါ်မှာ လွှမ်းမိုးမှု ရှိနေရမယ်လို့ ယုံကြည်တဲ့ အင်္ဂလိပ်စာ သင်ကြားရေး အလုပ်တွေလုပ်နေတဲ့ ဆရာမဒေါ်ကက်သလင်းသိန်း (Kathleen Thein) ရဲ့ ယုံကြည်ရာကို နားဆင်ကြရပါမယ်။


အနာဂတ်ကို ပုံဖော်ဖို့
ဇူလိုင် ၁၄၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ အနာဂတ်လှပစေဖို့ ကလေးငယ်များကို အလေးပေး ပြုစုပျိုးထောင်ပေးဖို့ အရေးကြီးတယ်လို့ ယုံကြည်တဲ့ ကလေးပြုစုပျိုးထောင်ရေးဆိုင်ရာ စာပေတွေ ရေးသားနေတဲ့ စာရေးဆရာမ ခေတ်ဘုန်းသစ်ရဲ့  ယုံကြည်ရာကို နားဆင်ကြရပါမယ်။


အမှန်တရားနဲ့ နေထိုင်ခြင်း
ဇူလိုင် ၇၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ တရားမှုက မတရားမှုကို ချေးမှုန်းအောင်မြင်နိုင်တယ်လို့ အမှန်တရားနဲ့ ရပ်တည်နေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုနေဦးရဲ့  ယုံကြည်ရာကို နားဆင်ရပါမယ်။


သတိပညာမဲ့ လွတ်လပ်ခြင်း
ဇွန် ၃၀၊ ၂၀၁၂ ~ ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ လွတ်လပ်ပြီး သတိနဲ့ပညာ မရှိဘူးဆိုရင် လွပ်လပ်ခြင်းဟာ ဘာကိုမှ ဆောင်ကျဉ်းမပေးနိုင်ခြင်းနဲ့ မှန်ကန်စွာပြောဆိုခြင်း (Right Speech) အကြောင်း မိန့်ကြားထားတဲ့ လန်ဒန် Oxford တက္ကသိုလ် ဗုဒ္ဓဘာသာ လေ့လာရေးဌာနမှ ဒေါက်တာအရှင်ဓမ္မသာမိရဲ့  ယုံကြည်ရာကို နားဆင်ရပါမယ်။


လူသားပီသဖို့ အရေးကြီး
ဇွန် ၂၃၊ ၂၀၁၂ ~ ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ ဘဝလမ်းဆုံး သေခြင်းတရားကို တွေ့ကြုံရမယ့် လူသားတွေ သက်ရှင်နေချိန်မှာ လူသားပီသစွာ လူ့လောကကြီးမှာ နေထိုင်သွားဖို့ အရေးကြီးကြောင်း ယုံကြည်တဲ့ အခမဲ့နာရေးကူညီမှုအသင်း (ရန်ကုန်မြို့ ) ဥက္ကဋ္ဌ၊ နိုင်ငံကျော်အနုပညာရှင် ကိုကျော်သူရဲ့  ယုံကြည်ရာကို နားဆင်ကြရပါမယ်။


သာယာစိုပြေတဲ့ မိသားစုဘဝ
ဇွန် ၁၆၊ ၂၀၁၂ ~ ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ အောင်မြင်သာယာတဲ့ မိသားစုဘဝကို ရရှိဖို့ဆိုရင် အိမ်တွင်းအကြမ်းဖက်မှုတွေ၊ ကြမ်းတမ်းဆက်ဆံမှုတွေ မရှိဖို့ အင်မတန်အရေးကြီးတယ်လို့ ယုံကြည်တဲ့ အမေရိကန်နိုင်ငံမှာ လုပ်ငန်းနဲ့ ပညာရပ်ဆိုင်ရာ လာရောက်လေ့လာနေတဲ့ ဒေါက်တာအိအိဟန် ရဲ့  ယုံကြည်ရာကို နားဆင်ကြရပါမယ်။


စွဲစွဲမြဲမြဲ လုပ်ကိုင်မှု စိတ်ဆန္ဒ
ဇွန် ၉၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ မိမိလိုချင်တာကို စွဲစွဲမြဲမြဲ လုပ်တတ်တဲ့ အလေ့အထတခုရဲ့  စိတ်ဆန္ဒစွမ်းအားကြောင့် အမေရိကန် ပညာတော်သင်ဆု ရရှိခဲ့သူ ကိုအောင်ကျော်ဖြိုး ရဲ့  ယုံကြည်ရာကို နားဆင်ရပါမယ်။


ဘဝထဲက ဂီတ
ဇွန် ၂၊ ၂၀၁၂ ~ ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ ဂီတသည်သာ နာခိုစရာလို့ အစဉ်အမြဲ ယုံကြည်နေတဲ့ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်မှာ နေထိုင်နေတဲ့ နံမည်ကျော် တေးသံရှင် ဒေါ်မာမာအေးရဲ့  ယုံကြည်ရာကို နားဆင်ရပါမယ်။


ရှောင်သင့်တဲ့ လိုလွန်လွဲခြင်း
မေ ၂၆၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ လူ့ဘဝမှာ ရှောင်သင့်တဲ့ အခြေခံအကြောင်းတရား (၃) ချက် မျှဝေပေးထားတဲ့ စင်္ကာပူနိုင်ငံရောက် မြန်မာ ဘူမိဗေဒပညာရှင်၊ တေးသံရှင် ဦးမင်အောင်ခိုင် ရဲ့  ယုံကြည်ရာကို နားဆင်ရပါမယ်။


မြင့်မြတ်တဲ့ ယှဉ်ပြိုင်ခြင်း
မေ ၁၉၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ မိမိရည်ရွယ်ချက်တွေကို နှုန်းမှန်မှန် ဟန်ချက်မှန်မှန်နဲ့ ရောက်ရှိဖို့အတွက် မြင့်မြတ်တဲ့ယှဉ်ပြိုင်ခြင်းက အရေးကြီးကြောင်း ယုံကြည်တဲ့ Belgium နိုင်ငံမှာ ဥဏှောက်အာရုံကြောနဲ့ စိတ်ရောဂါကု ပါရဂူ ဒေါက်တာမြင့်အေးမူရဲ့  ယုံကြည်ရာကို နားဆင်ရပါမယ်။


စေတနာကောင်းဖို့
မေ ၁၂၊ ၂၀၁၂ ~ ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ မေတ္တာ၊ စေတနာ အရင်ခံကောင်းရင် ကံကောင်းကြတယ်လို့ ယုံကြည်တဲ့ လူမှုရေးနဲ့ စာပေအနုပညာတွေ လုပ်ဆောင်နေတဲ့ ကိုဇော်ဇော်မောင်ရဲ့  ယုံကြည်ရာကို နားဆင်ရပါမယ်။


ခေတ်စနစ် နဲ့ ဘဝတရား
မေ ၅၊ ၂၀၁၂ ~ ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာတော့ ဘဝပေး ယုံကြည်ချက် နဲ့ ခေတ်စနစ်ကပေးတဲ့ ခံယူချက်နှစ်မျိုးနဲ့ ဖြတ်သန်းနေတယ်လို့ ယုံကြည်တဲ့ စာရေးဆရာမ နှင်းပန်းအိမ် ရဲ့  ယုံကြည်ရာကို နားဆင်ရပါမယ်။


ကိုယ့်တွေ့ကြုံ အနုပညာမှ
ဧပြီ ၂၈၊ ၂၀၁၂ ~ ဒီတပတ် သူယုံကြည်အစီအစဉ်မှာ အနုပညာ ပြောင်မြောက်မှုနဲ့အတူ ရိုးသားလွတ်လပ်စွာ ဖန်တီးခွင့်ရှိတဲ့ အနုပညာကို အပြည့်အဝ ယုံကြည်တဲ့ ရုပ်ရှင်သရုပ်ဆောင် လူမင်း ရဲ့  ယုံကြည်ရာကို နားဆင်ရပါမယ်။


ရိုသားသစ္စာရှိဖို့
ဧပြီ ၂၁၊ ၂၀၁၂ ~ ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ ရိုသားမှုနဲ့ သစ္စာရှိဖို့ အရေးကြီးကြောင်း လူရွှင်တော်/ဟာသရုပ်ဆောင် ငှက်ပျောကြော်ရဲ့ ယုံကြည်ရာကို နားဆင်ကြရမှာပါ။


သဘာဝဓမ္မတရား
ဧပြီ ၁၄၊ ၂၀၁၂ ~ ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ လူ့ဘဝနဲ့ ပတ်သက်ရင် ရှေ့ ဘဝနဲ့ နောက်ဘဝကို အမြင်သစ်တမျိုးနဲ့ ယုံကြည်တဲ့ ဦးလှကြည်ရဲ့  ယုံကြည်ရာကို နားဆင်ရပါမယ်။


လူ့တန်းဖိုး နဲ့ သမိုင်းပေးတာဝန်
ဧပြီ ၇၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ စာရေးဆရာကြီး ဗန်းမော်တင်အောင်ရဲ့  လူတယောက်ရဲ့  တန်းဖိုး ဆိုစကားအတိုင်း သမိုင်းပေးတာဝန်တွေကို ကြိုးစားထမ်းဆောင်နေတဲ့ ကျောက်ဆည်မြို့က ကဗျာဆရာ ကိုလင်းခါးရဲ့ ယုံကြည်ရာကို နားဆင်ကြရမှာပါ။


ပြည်သူ့အကျိုး အနုပညာသမား
ဒီဇင်ဘာ ၂၄၊ ၂၀၁၁ - (ပြန်လည်ထုတ်လွှင့်) ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ "လူ့ဘဝတန်းဖိုးကို ပြည်သူ့အကျိုးဆောင် အနုပညာသမားတဦးအနေနဲ့ ရပ်တည်သွားမယ်" လို့ ယုံကြည်တဲ့ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ အတွင်းရေးမှူး ဦးဦးလှစောရဲ့  ယုံကြည်ရာကို နားဆင်ရပါမယ်။


စိတ်ထားကောင်း ကျင့်ကြံဖို့
မတ် ၂၄၊ ၂၀၁၂ - (ပြန်လည်ထုတ်လွှင့်) ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ စိတ်ထားကောင်းကောင်းမွန်မွန် ကျင့်ကြံတဲ့ အတွေးအခေါ်၊ အပြုအမှုတခု ပြုကျင့်ခြင်းကို ယုံကြည်တဲ့ မြန်မာပြည်က ဟစ်ဟော့ အဆိုတော် အနဂ္ဂရဲ့  ယုံကြည်ရာကို နားဆင်ရပါမယ်။


အမှန်တရား မြတ်နိုးကြဖို့
မတ် ၁၇၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ အမှန်တရားသည် အင်အား 'Right is might' ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ (Rakhine Nationalities Development Party) က ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းရဲ့ ယုံကြည်ရာကို နားဆင်ကြရမှာပါ။


မိမိကိုယ်ကို ယုံကြည်ကြဖို့
မတ် ၁၀၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာတော့ "ကိုယ်ကိုကိုယ် ယုံကြည်မှုနဲ့ ကိုယ့်ဘ၀ကို တည်ဆောက်နိုင်တယ်" လို့ ယုံကြည်တဲ့ နံမည်ကြီး အဆိုတော် တင်ဇာမော်ရဲ့ ယုံကြည်ချက် ပြောစကားကို နားဆင်ကြရမှာပါ။


လွန်ကဲတဲ့ အာဏာ မရှိသင့်
မတ် ၃၊ ၂၀၁၂ - ဒီတပတ် သူယုံကြည် အစီအစဉ်မှာ "တိုင်းပြည်တည်ဆောက်ရေးမှာ Order ရှိဖို့လိုပေမယ့် လူ့အခွင့်အရေး ရပိုင်ခွင့်များကို Order နဲ့ ကန့်သတ်ချုပ်ချယ်ထားခြင်းကို လက်မခံနိုင်ဘူး" ဆိုတဲ့ စက်မှုတက္ကသိုလ် ကျောင်းသားဟောင်း၊ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့အတူ နိုင်ငံရေးလှုပ်ရှားမှုတွေကို တက်ကြွစွာ လုပ်ဆောင်နေသူ၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမြတ်သူရဲ့ ယုံကြည်ရာကို နားဆင်ကြရမှာပါ။


ကံတရား အကျိုးအကြောင်း
ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ "အတွေ့အကြုံများစွာနဲ့ ဗုဒ္ဓတရား နဲ့ ကံကံ၏ အကျိုးကို အထူးယုံကြည် ကျင့်ကြံနေထိုင်တယ်" လို့ ယုံကြည်တဲ့ လူရွှင်တော်၊ ရုပ်ရှင်သရုပ်ဆောင် ကိုဖိုးဖြူရဲ့ ယုံကြည်ရာကို နားဆင်ကြရမှာပါ။


သဘာဝ ပတ်ဝန်းကျင် နဲ့ လူသား
ဖေဖေါ်ဝါရီ ၁၈၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ "သဘာဝ ပတ်ဝန်းကျင်တွေကို ထိန်းသိမ်းကာကွယ်ရေးနဲ့ လူသားမျိုးဆက်များ အရှည်တည်တန့် ခိုင်မြဲပြီး တိုးတက်မြှင့်မားအောင် လုပ်ဆောင်ကြရမယ်" လို့ ယုံကြည်တဲ့ လှိုင်သာယာမြို့နယ်က ဦးစိန်ငြိမ်းထွန်းရဲ့ ယုံကြည်ရာကို နားဆင်ကြရမှာပါ။


လူငယ် နဲ့ ပတ်ဝန်းကျင်
ဖေဖေါ်ဝါရီ ၁၁၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာတော့ လူငယ်များဘဝ တိုးတက်ဖွံ့ဖြိုးဖို့ ပတ်ဝန်းကျင်ကောင်း လိုအပ်တယ် လို့ ယုံကြည်တဲ့စစ်ကိုင်းပညာရေးတက္ကသိုလ်က တတိယနှစ်ကျောင်းသား တန့်ဆည်မြို့နယ်က ကိုဝေဖြိုးရဲ့ ယုံကြည်ရာကို နားဆင်ကြရမှာပါ။


စိတ်ရင်းစေတနာ မှန်ဖို့
ဖေဖေါ်ဝါရီ ၄၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ "ဘုရားသခင်ကို ယုံကြည်ခြင်းမှ ရရှိတဲ့ ချစ်ခြင်းတရား၊ မေတ္တာတရား၊ စစ်မှန်တဲ့ စေတနာ၊ နှိမ့်ချခြင်း သဘောတရားများကို" ယုံကြည်တဲ့ တေးသံရှင်အဆိုတော် သံသာဝင်း ရဲ့  ယုံကြည်ရာကို နားဆင်ရပါမယ်။


အခြေခံစိတ်ဓါတ်ရှိဖို့
ဇန်နဝါရီ ၂၁၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာတော့ မကြာခင်က သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံတော် လွှတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ပြန်လည် လွှတ်မြောက်လာသူတွေထဲက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ မနီလာသိန်းရဲ့ ယုံကြည်ရာကို နားဆင်ကြရမှာပါ။


သီလရှိဖို့ လိုအပ်
ဇန်နဝါရီ ၁၄၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာ အစီအစဉ်မှာ "သီလစောင့်ရင် အူမတောင့်တယ်" လို့ ယုံကြည်တဲ့ မန္တလေးမြို့က ဦးလှမြင့်ရဲ့ ယုံကြည်ရာကို နားဆင်ကြရမှာပါ။


ပြည်သူ့ရေးရာ မူဝါဒ
ဇန်နဝါရီ ၇၊ ၂၀၁၂ - ဒီတပတ် သူယုံကြည်ရာအစီအစဉ်မှာ "Public Policy လို့ ခေါ်တဲ့ ပြည်သူ့ရေးရာ မူဝါဒတွေကို မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာရေး လုပ်ဆောင်ဖို့ လိုအပ်တယ်" လို့ ယုံကြည်တဲ့ ကိုကျော်လင်းဦးရဲ့ ယုံကြည်ရာကို နားဆင်ကြရမှာပါ။

နေ့စဉ် တီဗွီသတင်းလွှာ (၀၂-၁၄-၂၀၁၃)

Loading
๑๒:๐๐:๐๐ / -:--:--
ဒီနေ့အစီအစဉ် - အမေရိကန်သမ္မတ အိုဘားမားရဲ့နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ မြန်မာနိုင်ငံအကြောင်း ပါဝင်၊ ထိုင်းစစ် စခန်းတခု သောင်းကျန်းသူများ ၀င်တိုက်၊ အာဖဂန်ရှိ အမေရိကန် စစ်သားတွေ ပြန်လည်ရုပ်သိမ်း...စသည့်