မြန်မာ

  • ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့ ပါလီမန် အဆောက်အဦးရဲ့ အရှေ့ဘက်မှာ သမ္မတ ဘာရက် အိုဘားမား ပြည်သူလူထုရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုနေစဉ်။
  • ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့ ဒု-သမ္မတ ဂျိုး ဘိုင်ဒန် နဲ့ သမ္မတ ဘာရက် အိုဘားမားတို့ လူထုရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား။
  • ဒေါက်တာ မာတင် လူသားကင်း၏ သမီး နဲ့ ညီမများဖြစ်တဲ့ ဘာနစ် ကင်း (အလယ်)၊ ခရစ်စတီနာ ကင်း ဖားရစ် (ဘယ်) တို့ သမ္မတ ဘာရက် အိုဘားမား ကျမ်းသစ္စာကျိန်ဆိုပွဲကို ကြည့်ရှုအားပေးနေစဉ်။
  • ဇန်နဝါရီလ (၂၁) ရက်နေ့ သမ္မတ အိုဘားမား ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဂုဏ်ပြုသီဆိုနေတဲ့ Lee တက္ကသိုလ် နဲ့ PS 22 တေးဂီတအဖွဲ့ဝင်များ
  • ဇန်နဝါရီလ (၂၁) ရက်နေ့ သမ္မတ အိုဘားမား ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်လာတဲ့ သမ္မတ ဘာရက် အိုဘားမား၏ သမီးငယ် မာလီရ အိုဘားမား (ဘယ်) နဲ့ သမီးကြီး ဆာရှာ အိုဘားမား တို့ ပါလီမန် အဆောက်အဦး အနောက်ဘက်ခြမ်းသို့ ရောက်ရှိလာစဉ်။
  • ၅၇ ကြိမ်မြောက် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား ကျင်းပရာ ပါလီမန် အဆောက်အဦးသို့ သမ္မတ ဘာရက် အိုဘားမား ရောက်ရှိလာစဉ်။
  • ၅၇ ကြိမ်မြောက် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်လာတဲ့
    နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် နှင့် သမ္မတဟောင်း ဘေလ် ကလင်တန်တို့ သမ္မတဟောင်း ဂျင်မီ ကာတာနဲ့ နှုတ်ဆက်စကားပြောနေစဉ်။
  • ၅၇ ကြိမ်မြောက် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကျင်းပရာ ပါလီမန် အဆောက်အဦး အနောက်ဘက်ခြမ်းကို သမ္မတ ဘာရက် အိုဘားမား ရောက်ရှိလာစဉ်။
  • ၅၇ ကြိမ်မြောက် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကျင်းပရာ ဝါရှင်တန် ဒီစီ လမ်းမကြီးများတလျှောက်ရှိ လုံခြုံရေးတပ်ဖွဲ့များ။
  • ၅၇ ကြိမ်မြောက် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား တက်ရောက်လာကြတဲ့ ပြည်သူလူထု သမ္မတ ဘာရက် အိုဘားမား နှင့် ဒု-သမ္မတ ဂျိုး ဘိုင်ဒန် တို့ မော်တော်ယာဉ်တန်းကို လက်ပြနှုတ်ဆက်နေကြ...
  • သမ္မတ ဘာရက် အိုဘားမား နှင့် နယူးရော့ခ်ပြည်နယ် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ချက်ခ် ရှုမား (သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမှူး) တို့ အိမ်ဖြူတော်မှ ပါလီမန် အဆောက်အဦးကို ထွက်ခွါလာစဉ်။
  • ဝါရှင်တန်ဒီစီ ပြည်သူ့ရင်ပြင်မှာ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား တက်ရောက်လာကြတဲ့ ပြည်သူပြည်သားများ ပျော်ရွှင်စွာ အမေရိကန်အလံများ ဝှေ့ယမ်းပြီး ကြိုဆိုနေကြစဉ်...
  • လူငယ်များ ပါလီမန် အဆောက်အဦး အရှေ့ ဘက်ခြမ်းမှာ ပျော်ရွှင်စွာ ဓါတ်ပုံရိုက်နေကြ (VOA/KURDISH /Motabar Shirwani)
  • သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပပြုလုပ်မည့် ပြည်သူ့ရင်ပြင်တဝိုက် မြင်းစီးရဲများ လုံခြုံရေးဆိုင်ရာများ လိုက်လံကြည့်ရှုနေကြစဉ် (VOA/I. Blanco)
  • ဇန်နဝါရီလ (၂၀) ရက်နေ့က သမ္မတ အိမ်ဖြူတော်မှာ ကျင်းပပြုလုပ်တဲ့ တရားဝင် ကျမ်းသစ္စာကျိန်ဆိုပွဲ သီးသန့်အခမ်းအနားကို ပြည်သူပြည်သားများ တိုက်ရိုက်တီဗွီ ထုတ်လွှင့်မှုမှ ကြည့်ရှုနေကြစဉ်။
    (VOA / D. Manis)
  • ဇန်နဝါရီလ (၁၉) ရက် အမျိုးသား လုပ်အားပေးနေ့မှာ သမ္မတ ဘာရက် အိုဘားမား နှင့် မိသားစုတို့ Burrville မူလတန်းကျောင်းကို သွားရောက်ပြီး လုပ်အားပေးကြစဉ် စာအုပ်စင်ကို ဆေးသုတ်နေတဲ့ သမ္မတ အိုဘားမား...
  • ဇန်နဝါရီလ (၂၀) ရက်နေ့ ဒု-သမ္မတအိမ်တော်မှာ တရားသူကြီးချုပ် ဆိုညာ ဆိုတိုမိုင်ရာ ရှေ့ မောက် ကျမ်းသစ္စာကျိန်ဆိုနေတဲ့ ဒု-သမ္မတ ဂျိုး ဘိုင်ဒန် ...
  • ၅၇ ကြိမ်မြောက် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား သတင်းထုတ်လွှင့်ကြမည့် သတင်းမီဒီယာများ (D. Manis / VOA)
  • ကျမ်းသစ္စာ ကျိန်ဆိုပွဲ အမှတ်တရပစ္စည်း ဝယ်ယူလာကြသူများ (VOA / D. Manis)
  • ဇန်နဝါရီလ (၁၇) ရက်နေ့ - ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား ပြင်ဆင်လုပ်ကိုင်နေကြတဲ့ အလုပ်သမားများ ပါလီမန် အဆောက်အဦး မျက်နှာစာမှာ အမေရိကန်အလံများ ချိတ်ဆွဲပြင်ဆင်နေကြစဉ် ...

သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ

Published 20.01.2013

၂၀၁၃ ဇန်နဝါရီလ (၂၁) ရက်၊ တနင်္လာနေ့မှာ ကျင်းပပြုလုပ်တဲ့ သမ္မတ အိုဘားမား၏ ဒုတိယ သမ္မတသက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲကို ထောင်ပေါင်းများစွာသော အမေရိကန်ပြည်ထောင်စု ပြည်သူပြည်သားများ တက်ရောက်ကြည့်ရှုကြ။