မြန်မာနိုင်ငံအတွင်းမှာ တိုးတက်တဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေ ဖြစ်လာအောင် ကမ္ဘာ့ကုလသမဂ္ဂ (United Nations) နဲ့ ဥရောပသမဂ္ဂ (European Union) အဖွဲ့ကြီးတို့ရဲ့  ဝိုင်းဝန်ဖိအားပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ၂၀၀၈ နှစ်အတွင်းမှာ ဘာတွေများ ထူးထူးခြားခြားလုပ်ပေးနိုင်ခဲ့သလဲ၊ နှစ်သစ်၂၀၀၉ ခုနှစ်အတွင်းမှာလည်း ဒီနိုင်ငံတကာအဖွဲ့ကြီးတွေ မြန်မာနိုင်ငံ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးအတွက် ဘာတွေလုပ်ဆောင်သွားဖို့ ရှိသလဲ ဆိုတာတွေကို သိရှိနိုင်ဖို့ မသင်းသီရိ (ဗွီအိုအေ မြန်မာသတင်းဌာန) က အဝေးရောက် မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရ အဖွဲ့ (NCGUB) ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာသောင်းထွန်း နဲ့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့  အခြေစိုက် မြန်မာအရေးလှုပ်ရှားနေတဲ့ Burma Campaign UK အဖွဲ့မှ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ မဇိုရာဖမ်း (Zoya Phan) ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။