VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ယောဂ ကျင့်စဉ်နဲ့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရေး

11 March 2009

Shana Kuhn-Siege guides patient Brad Rothschild through a yoga routine
Shana Kuhn-Siege guides patient Brad Rothschild through a yoga routine
မတ်လ ၁၁၊ ၂၀၀၉။ အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်တခုအနေနဲ့ ရှိခဲ့တဲ့ ယောဂ ကျင့်စဉ်ဟာ အနောက်နိုင်ငံတွေမှာပါ အခု အတော်လေး ခေတ်စားလာပါတယ်။ အဓိက ကျတော့် ခန္ဓာကိုယ်နဲ့ စိတ်ကျန်းမာရေးကုစားမှုအတွက် ကောင်းမွန်တဲ့ နည်းလမ်းတခုလို့ ယူဆကြလို့ပါ။ 

ယောဂ ကျင့်စဉ်ဟာ ခန္ဓာကိုယ်နာကျင်မှုတွေကို ဖြေပျောက်ပေးနိုင်တယ်၊ စိတ်ပိုင်းဆိုင်ရာအတွက်လည်း ကောင်းမွန်တယ်ဆိုပြီး တဦးနဲ့ တဦး အကြံဥာဏ်တွေပေးရင်းနဲ့ အခုဆိုရင် ဆရာဝန်တွေကအစ သူတို့လူနာတွေကို ယောဂ ကျင့်စဉ် လိုက်စားဖို့ တိုက်တွန်းတာမျိုးတွေ ရှိလာပါတယ်။ 

ခါးနာ ခေါင်းကိုက် စတဲ့ ရောဂါအသေးလေးတင်မဟုတ်တော့ပဲ၊ အခြားနာတာရှည်ရောဂါတွေနဲ့ ကင်ဆာလိုရောဂါမျိုးတွေအထိ သက်သာရာသက်သာကြောင်း ယောဂ ကျင့်စဉ်နဲ့ ကုသနိုင်မလားလို့ ဆေးပညာရှင်တွေ မေးခွန်းထုတ်လာပါတယ်။ နယူးယောက်က Beth Israel ဆေးရုံမှာဆို ကင်ဆာရောဂါသည် ၈၆ဦးကို တနေ့ ၆နာရီ ယောဂ ကျင့်စဉ်နဲ့ စပြီး စမ်းသပ်ကုသပေးနေပါတယ်။ 

တကယ်လို့ သည်စမ်းသပ်ကုသမှုမှာ တိုးတက်မှုတွေ တွေ့လာရမယ်ဆိုရင်တော့ ယောဂ ကျင့်စဉ်ကုထုံးကို အခြားအမေရိကန်တလွှား ဆေးရုံတွေမှာပါ နေရာပေးလာရမယ့် သဘောမှာရှိနေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်ရတဲ့ လေ့ကျင့်ခန်းလည်းဖြစ် ငွေကြေးအကုန်အကျနည်းတဲ့ကုထုံးလည်းဖြစ်တာကြောင့် ယောဂ ကျင့်စဉ်ဟာ ပိုမိုကျယ်ပြန်လာမယ့် ကျန်းမာရေးလိုက်စားမှု နဲ့ ကျန်းမာရေးကုထုံးတမျိုး ဖြစ်လာနိုင်ပါတယ်။ 

ယောဂ ကျင့်စဉ်ကို နေ့စဉ်ဆိုသလို လက်တွေ့ကျင့်ကြံသူ မရွှေဝါနဲ့ မေးမြန်းဆက်သွယ်ပြီး ကိုသားညွန့်ဦးက ဒီအပတ်ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။


Download သားညွန့်ဦး
အစီအစဉ်ကိုရယူရန်   (MP3)
Listen to This Report သားညွန့်ဦး
နားဆင်ရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
ဒေါ်စုကို တရားစွဲပြီး အင်းစိန်ထောင်ပို့  Audio Clip Available

  More From VOA
ဒေါ်အောင်ဆန်းစုကြည်အရေး အမေရိကန်နဲ့ မလေးရှား နိုင်ငံခြားရေး ၀န်ကြီးတွေ စိုးရိမ်  Video clip available
မြန်မာ့နိုင်ငံရေး ဆုတ်ယုတ်မှု အိမ်နီးချင်း ထိုင်းနိုင်ငံ စိုးရိမ်  Audio Clip Available
သီရိလင်္ကာဆေးရုံ တိုက်ခိုက်ခံရမှု အရပ်သား ၅၀ဦး သေဆုံး  Audio Clip Available
မြန်မာဗိုလ်မှုးချုပ် KNLA လက်ချက်ကြောင့် ကျဆုံး  Audio Clip Available
Influenza A - H1N1 ဗိုင်းရပ် ဘယ်လိုကူးစက်နိုင်သလဲ  Audio Clip Available
ကမ္ဘာ့တောင်ဘက်ခြမ်းဒေသ တုပ်ကွေးရာသီ ၀က်တုပ်ကွေးကူးစက်မှု စိုးရိမ်ရ  Audio Clip Available
အိန္ဒိယ တလကြာ ရွေးကောက်ပွဲ ပြီးဆုံး  Audio Clip Available
စစ်ပြေးဒုက္ခသည်တွေအတွက် ပါကစ္စတန် အကူအညီတောင်း  Audio Clip Available