ကရင်တိုင်းရင်းသူလေး ဇိုရာဖန်း (Zoya Phan) ရဲ့  Little Daughter သမီးငယ်ဆိုတဲ့ စာအုပ် ဧပြီလ ၂၀ ရက်နေ့ ထွက်လာတော့မှာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာ လက်ရှိနေထိုင်နေကာ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ မဇိုရာဖန်းရဲ့ စာအုပ်နဲ့ပတ်သက်လို့ ဒေါ်လှလှသန်းက စာရေးသူနဲ့ ဆက်သွယ်မေးမြန်းပြီး စီစဉ်တင်ဆက်ထားပါတယ်။