ရှစ်လေးလုံး (8888) အရေးတော်ပုံကြီးဖြစ်ပွားခဲ့တာ အနှစ် (၂၀) ကြာမြင့်ခဲ့ပြီးတဲ့ နောက် ဒီအရေးတော်ပုံကြီးက ဘယ်လို အကျိုးဆက်တွေ ဖြစ်ထွန်းခဲ့ပါလဲ? ဒီအရေးတော်ပုံကြီးက ရရှိလိုက်တဲ့ သင်္ခန်းစာများ၊ အကျိုးအမြတ်များ၊ အောင်မြင်မှုတွေ၊ ဆုံးရှုံးမှုတွေကို ရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့ သူများဖြစ်တဲ့ ယခုလက်ရှိ အိန္ဒိယနိုင်ငံရောက် ကျောင်းသားခေါင်းဆောင် ဦးကျော်သန်း (All Burma Student League) နဲ့ ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးခေါင်းဆောင် မိဆူးပွင့် တို့နဲ့အတူ ပြည်တွင်းပြည်ပမှ ဆက်သွယ်ဆွေးနွေးလာသူများရဲ့  ပြောဆိုချက်များကို ဗွီအိုအေ မြန်မာသတင်း အယ်ဒီတာ ဦးကျော်ဇံသာ က မေးမြန်းဆွေးနွေး တင်ပြပေးထားပါတယ်။