VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

07 မေ 2009 

ယနေ့ ဗွီအိုအေ »:

ဘာသာစကား ၄၅ မျိုး

u.s. political roundtable

အမေရိကန်နိုင်ငံရေးအကြောင်းသိကောင်းစရာကဏ္ဍကို အပတ်စဉ် အင်္ဂါနေ့ မြန်မာစံတော်ချိန် ညပိုင်း ၉း၀၀-၁၀း၀၀ နာရီ အစီအစဉ်တွင် ထုတ်လွှင့်တင်ဆက်ပေးနေပါတယ်။


Obama, promo, news conference ရက် ၁၀၀ အတွင်း သမ္မတ အိုဘားမားရဲ့ အပြောင်းအလဲ ရလဒ်ကောင်းတွေ စောင့်နေဆဲ
အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမား သမ္မတတာဝန် စတင်ယူခဲ့တဲ့ ရက်ပေါင်း ၁၀၀ အတွင်း စီးပွားရေး၊ စစ်ရေး၊ နိုင်ငံခြားဆက်ဆံရေးတွေနဲ့ ပတ်သက်လို့ ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး သုံးသပ်ချက်တွေကို ကိုသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေး တင်ပြထားပါတယ်။


ကျုးဘားနဲ့ ဆက်ဆံရေး ခေတ်သစ်ထူထောင်ဖို့ အိုဘားမား ကြေညာ  Audio Clip Available
အမေရိကတိုက်နိုင်ငံများ အစည်းအဝေးမှာ ကျုးဘားအမေရိကန် ဆက်ဆံရေးနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားရဲ့ ပြောကြားချက်တွေအကြောင်းနဲ့ ပြည်တွင်း ဗဟိုအစိုးရ အသုံးစရိတ် လျော့ချရေးဆွေးနွေးပွဲတွေအကြောင်း ကိုသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးတင်ပြထားပါတယ်။
ဆိုမာလီ ပင်လယ်ဓါးမြရန် တားဆီးရေး နိုင်ငံတကာ ပူးပေါင်းဖို့ အမေရိကန် တောင်းဆို  Audio Clip Available
ဆိုမာလီ ကမ်းလွန်ပင်လယ်ပြင်မှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ အမေရိကန် သဘောင်္ကပ္ပတိန် Richard Phillip ပြန်လည် လွတ်မြောက်လာတဲ့ သတင်းနဲ့ ဥရောပ ခရီးစဉ်အတွင်း သမ္မတအိုဘားမားရဲ့ ပြောကြားချက်တွေအကြောင်း ဦးတင်မောင်သန်းနဲ့ ကိုသိန်းထိုက်ဦးတို့ ဆွေးနွေးထားပါတယ်။
မြောက်ကိုရီးယား ဒုံပျံ ပစ်လွှတ်မှုအပေါ် အရေးယူရေး သမ္မတအိုဘားမား တိုက်တွန်း  Audio Clip Available
မြောက်ကိုရီးယားဘက်က ဒုံးပျံ စမ်းသပ်ပစ်လွတ် ခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုရဲ့ တုန့်ပြန်ချက်နဲ့ ဂျပန်နိုင်ငံရဲ့ လုံခြုံရေးကောင်စီအတွင်း သံတမန်ရေးအရ ချဉ်းကပ်မှုတွေအကြောင်း ကိုသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးထားပါတယ်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ပါကစ္စတန် တာဝန်ယူမှု အမေရိကန်မျှော်လင့်
အကြမ်းဖက်မှုတိုက်ဖျက်ရေး ပါကစ္စတန်နဲ့ လက်တွဲဆောင်ရွက်မယ့် အကြောင်းနဲ့ ပါကစ္စတန်ဘက်ကလည်း တာဝန်သိသိ ဆောင်ရွက်ရေး အမေရိကန်သမ္မတ အိုဘားမားရဲ့ ပြောဆိုချက်တွေအပေါ် ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းအောင်တို့ ဆွေးနွေးထားပါတယ်။
အာဖဂန် ဗျုဟာသစ်နဲ့ ငွေကြေးဈေးကွက် ကယ်တင်ရေး သမ္မတ အိုဘားမားကြေညာ  Audio Clip Available
အာဖဂန်နစ္စတန် က တပ်တွေ ဆုတ်ခွာရေး မဟာဗျုဟာနဲ့ အာဖဂန် ဗဟိုအစိုးရကို ပိုပြီးအားကောင်းအောင် ဖြည့်ဆည်းဘို့နဲ့ သမ္မတ အိုဘားမားရဲ့ ငွေကြေးအဖွဲ့အစည်းတွေ ကယ်တင်ရေး စီမံချက်တွေအကြောင်း ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းအောင်တို့ ဆွေးနွေးတင်ပြထားပါတယ်။
အသေးစားစီးပွားရေး လုပ်ငန်းတွေ ကူညီရေး အစီအစဉ် သမ္မတအိုဘားမား ကြေညာ
အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေကို ကူညီရေး အစီအစဉ်ကို သမ္မတ အိုဘားမားက ကြေညာလိုက်ပါတယ်။ သူ အဆိုပြုထားတဲ့ အစိုးရ ဘဏ္ဍာရေးအသုံးစရိတ်နဲ့ ပတ်သက် လို့တော့ လွှတ်တော်မှာ ငြင်းခုံနေကြဆဲဖြစ်ပါတယ်။ ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းအောင်တို့ ဆွေးနွေးတင်ပြထားပါတယ်။
အစိုးရအသုံး စရိတ် ဒေါ်လာသန်းပေါင်း လေးသိန်းကျော်သုံးစွဲရေး သမ္မတ အိုဘားမား အတည်ပြု  Audio Clip Available
အထက်လွှတ်တော်အမတ်တချို့ရဲ့ ဒေသဆိုင်ရာ အသုံးစရိတ်တွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိနေတဲ့ကြားမှာပဲ အစိုးရရဲ့ ဘဏ္ဍာရေး အသုံးစရိတ် ဥပဒေကို သမ္မတ အိုဘားမား အတည်ပြုလိုက်ပါတယ်။ အမေရိကန် စီးပွားရေးအခြေအနေ ကိုသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးထားပါတယ်။
အီရတ်က အမေရိကန်တပ်ဖွဲ့တွေ ရုတ်သိမ်းရေး အစီအစဉ် သမ္မတ အိုဘားမား ကြေညာ  Audio Clip Available
အမေရိကန် တပ်ဖွဲ့တွေကို အီရတ်ကနေ ၂၀၁၁ ခုနှစ် နှစ်ကုန် နောက်ဆုံးထားပြီး ရုတ်သိမ်းရေးနဲ့ အမေရိကန်ပြည်ထောင်စုအတွင်း ကျန်းမာရေးစောင့်ရှောက်မှု စရိတ်လျော့ချရေး သမ္မတအိုဘားမား အဆိုပြုချက်တွေအကြောင်း ဦးသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးတင်ပြထားပါတယ်။
စီးပွားရေး နိုးထမယ့်အစီအစဉ် သမ္မတ အိုဘားမား စတင် အကောင်အထည်ဖေါ်  Audio Clip Available
သမ္မတအိုဘားမားရဲ့ စီးပွားရေးပြန်လည်နိုးထစေမယ့် အစီအစဉ်အရ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ တိုးမြှင့်ဘို့ ပြည်နယ်တွေကို ငွေကြေး စတင် ထောက်ပံ့နေပါပြီ။ အမေရိကန် နိုင်ငံရေးအခြေအနေအပေါ် ကိုသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးထားပါတယ်။
အိုဘားမားရဲ့ စီးပွားရေးအစီအစဉ်အပေါ် မေးခွန်းထုတ်မှုတွေ ရှိနေဆဲ  Audio Clip Available
အမေရိကန် လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုထားတဲ့ သမ္မတအိုဘားမားရဲ့ စီးပွားရေး ပြန်လည်နိုးထစေမယ့် အစီအစဉ်အပေါ် အငြင်းပွားမှုတွေ အကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အာရှနဲ့ တောင်အာရှအရေး မူဝါဒတွေကို ကိုသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးထားပါတယ်။
အိုဘားမားရဲ့ စီးပွားရေး အစီအစဉ် အထက်လွှတ်တော် အတည်ပြု  Audio Clip Available
အမေရိကန် သမ္မတ အိုဘားမား အဆိုပြုထားတဲ့ စီးပွားရေး ပြန်လည်နိုးထစေမယ့် အစီအစဉ်ကို အထက်လွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်ပါပြီ။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးတင်ပြထားပါတယ်။
စီးပွားရေး အစီအစဉ် အတည်ပြုနိုင်ရေး သမ္မတသစ် အိုဘားမား တွန်းအားပေး  Audio Clip Available
သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲပြီး တပတ်အတွင်း အမေရိကန် စီးပွားရေး ပြန်လည်နိုးထမယ့် အစီအစဉ်၊ စစ်၊ စွမ်းအင်နဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေကို အိုဘားမား အလေးပေးဆောင်ရွက်ခဲ့ပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးထားပါတယ်။
သမ္မတသစ် အိုဘားမား ကျမ်းသစ္စာကျိန်ဆို  Audio Clip Available
အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဘို့ အမေရိကန် ပြည်သူတွေ ၀ါရှင်တန်မြို့တော်မှာ စုဝေးနေကြပြီး အခမ်းအနားနဲ့ အခမ်းအနားစခင် ပြင်ဆင်မှုတွေအကြောင်း ကိုသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးထားပါတယ်။
ကျမ်းသစ္စာကျိန်ဆိုပြီး မကြာခင် စီးပွားရေးအစီအစဉ် အတည်ပြုဘို့ အိုဘားမားမျှော်လင့်  Audio Clip Available
ရွေးကောက်ပွဲ အနိုင်ရ ဘရက်ခ် အိုဘားမား သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုဘို့ တပတ်အလို ပြင်ဆင်မှုတွေအကြောင်းနဲ့ စီးပွာရေးဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်လို့ ဆွေးနွေး တင်ပြချက်တွေအကြောင်း ကိုသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးတင်ပြထားပါတယ်။
စီးပွားရေး နိုးထမယ့် အစီအစဉ် အမြန်ဆုံး အတည်ပြုဘို့ လွှတ်တော်ကို အိုဘားမားတိုက်တွန်း  Audio Clip Available
စီးပွားရေး ပြန်လည်နိုးထစေမယ့် အစီအစဉ်ကို အဆိုပြုထားတဲ့အတိုင်း အမြန်ဆုံးအတည်ပြုပေးဘို့ ဘရက်ခ်အိုဘားမားက လွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။ အိုဘားမားရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေကို ကိုသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးထားပါတယ်။
အရှေ့အလယ်ပိုင်း အရေး အိုဘားမား ဦးစားပေး ကိုင်တွယ်ရနိုင်  Audio Clip Available
ဂါဇာကမ်းမြှောင်ဒေသ တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့ပြီး အရှေ့အလယ်ပိုင်း အရေးဟာ အိုဘားမားရဲ့ နိုင်ငံခြားရေးမှုဝါဒမှာ ဦးစားပေးကိုင်တွယ်ရနိုင်ခြေ အဖြစ် စမ်းစစ်သူတွေ ပြောဆိုနေကြတဲ့အကြောင်း ဦးသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးထားပါတယ်။
အိုဘားမား အစိုးရသစ် ၀န်ကြီးအဖွဲ့ အပြီးသတ် ဖွဲ့စည်း  Audio Clip Available
ဘရက်ခ်အိုဘားမားရဲ့ ၀န်ကြီးအဖွဲ့ ခန့်ထားမှုအပါအ၀င် သမ္မတသစ် တာဝန်လွှဲပြောင်းရေးဆိုင်ရာ ပြင်ဆင်မှုတွေ အကြောင်းနဲ့  အာဖဂန် အမေရိကန် တပ်ဖွဲ့တွေ တိုးပြီး စေလွှတ်ရေး ကိစ္စတွေအပေါ် ကိုသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးထားပါတယ်။
သမ္မတဘုရှ်ရဲ့ အီရတ်နဲ့ အာဖဂန်ခရီးစဉ် ပြီးဆုံး  Audio Clip Available
အီရတ်နဲ့ အာဖဂန် နစ္စတန်ကို မကြေညာပဲ သွားရောက်ခဲ့တဲ့ သမ္မတဘုရှ် ခရီးစဉ်အကြောင်းနဲ့ ဘာရက်ခ် အိုဘားမားက စွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အကြီးအကဲတွေ ခန့်အပ်ဘို့ ကြေညာချက်တွေအကြောင်း ကိုသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးတင်ပြထားပါတယ်။
ကားကုမ္မဏီကြီးတွေ ကယ်တင်ရေး လွှတ်တော်မှာ အခြေအတင် ဆွေးနွေး  Audio Clip Available
ရွေးကောက်ပွဲ အနိုင်ရ ဘားရက်ခ်အိုဘားမားရဲ့ စီးပွားရေးဆိုင်ရာ မှုဝါဒတွေနဲ့ အမေရိကန် ကားကုမ္မဏီကြီးတွေ ကယ်တယ်ရေး အဆိုပြုချက်တွေအကြောင်း ကိုသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးထားပါတယ်။
အမျိုးသားရေးနဲ့ နိုင်ငံခြားရေး ဦးဆောင်မယ့်သူတွေ အိုဘားမား ကြေညာ  Audio Clip Available
သမ္မတရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ဘရက်ခ်အိုဘားမားက အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးကို တာဝန်ယူမယ့် သူတွေကို ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး ကိုသိန်းထိုက်ဦးနဲ့ ကိုအောင်လွင်ဦးတို့ ဆွေးနွေးတင်ပြထားပါတယ်။
ဟီလာရီကလင်တန် နိုင်ငံခြားရေး ၀န်ကြီးဖြစ်နိုင်ခြေရှိ  Audio Clip Available
သမ္မတတာဝန်လွှဲပြောင်းရေး ပြင်ဆင်မှုတွေနဲ့  အရင်က ဒီမိုကရက် သမ္မတလောင်း အဖြစ် ယှဉ်ပြိုင်ဖက်ဖြစ်ခဲ့တဲ့ ဟီလာရီ ကလင်တန်ကို နိုင်ငံခြားရေး ၀န်ကြီးအဖြစ် ခန့်မယ်ဆိုတဲ သတင်းတွေ ထွက်နေတာတွေနဲ့ ပတ်သက်လို့ ကိုသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေး တင်ပြထားပါတယ်။
ရွေးကောက်ပွဲ အနိုင်ရ အိုဘားမား အိမ်ဖြူတော်မှာ သမ္မတဘုရှ်နဲ့ တွေ့ဆုံ  Audio Clip Available
အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲအနိုင်ရ ဒီမိုကရက်သမ္မတလောင်း ဘရက်ခ် အိုဘားမား အိမ်ဖြူတော်မှာ သမ္မတဘုရှ်နဲ့ တွေ့ဆုံတဲ့အကြောင်းတွေနဲ့ အာဏာလွှဲပြောင်းရေးဆိုင်ရာ စီစဉ်ပြောဆိုချက်တွေအကြောင်း ကိုသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးတင်ပြထားပါတယ်။
အမေရိကန် သမ္မတ ရွေးချယ်ပုံ စနစ်နဲ့ မဲဆွယ်ပွဲများ  Audio Clip Available
အမေရိကန် သမ္မတရွေးကောက်ပွဲတပတ်အလို သမ္မတလောင်းတွေရဲ့ မဲဆွယ်ပွဲတွေနဲ့ ပြည်နယ်ပေါင်းစုံက အဖွဲ့ဝင်တွေ ပါတဲ့ သမ္မတရွေးချယ်ရေး အဖွဲ့ရဲ့  ရွေးချယ်ပုံ ရွေးချယ်နည်းတွေအကြောင်း ကိုသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးတင်ပြထားပါတယ်။
ရွေးကောက်ပွဲ အကြိုကာလ စကားစစ်ထိုးပွဲနဲ့ မဲဆွယ်ပွဲတွေ ဆက်တိုက် ကျင်းပ  Audio Clip Available
ရွေးကောက်ပွဲ မဲဆွယ်ပွဲကာလ စီးပွားရေးကို အခြေပြုပြီး သမ္မတလောင်းတွေ တဦးနဲ့တဦး ဝေဖန်ပြောဆိုကြပေမယ့် ယှဉ်ပြိုင်ဖက်တွေအကြား အပြန်အလှန် လေးစားတဲ့ ပြောဆို ချက်တွေလည်း ရှိတဲ့ အကြောင်း ကိုသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးတင်ပြထားပါတယ်။
ပုဂ္ဂလိကဘဏ်တွေရဲ့ အစုရှယ်ယာတွေ အမေရိကန်အစိုးရ ၀ယ်ရန်ပြင်ဆင်  Audio Clip Available
ပုဂ္ဂလိကဘဏ်တွေရဲ့ အစုရှယ်ယာတွေကို အမေရိကန် အစိုးရက ဒေါ်လာ ဘီလျံသန်းပေါင်း ၂၅၀ ဘိုး ၀ယ်ယူမယ်လို့ ကြေညာလိုက်ပြီး ဈေးကွက်အပေါ် ရိုက်ခတ်မှုတွေနဲ့ သမ္မတလောင်းတွေရဲ့ စကားစစ် ထိုးပွဲတွေအကြောင်း ဦးသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေး တင်ပြ ထားပါတယ်။
ငွေကြေးဈေးကွက် ကယ်တင်ရေး သမ္မတဘုရှ် အဆိုပြုချက် လွှတ်တော် အတည်ပြု  Audio Clip Available
သမ္မတဘုရှ်ရဲ့ ငွေကြေးဈေးကွက် ကယ်ဆယ်ရေး စီမံချက်ကို အမေရိကန် ကွန်ဂရက်စ်လွှတ်တော်က အတည်ပြု လိုက်ပြီးတဲ့နောက် ဈေးကွက်အပေါ် ရိုက်ခတ်မှုနဲ့ အမေရိကန် သမ္မတလောင်းတွေအကြား မဲဆွယ်စည်းရုံးမှုတွေအကြောင်း ကိုသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးတင်ပြထားပါတယ်။
သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲ စီးပွားရေးကိစ္စ အဓိကလွှမ်းမိုး  Audio Clip Available
အမေရိကန် စီးပွားရေး အကျပ်အတည်းက ကမ္ဘာ့ငွေကြေး ဈေးကွက်အပေါ် ရိုက်ခတ်မှုတွေ၊ သမ္မတလောင်းတွေအကြား စကားစစ်ထိုးပွဲမှာ စီးပွားရေးနဲ့ နိုင်ငံခြားရေးမှုဝါဒ အခြေအတင်ဆွေးနွေးမှုတွေအကြောင်း ဦးသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးတင်ပြထားပါတယ်။
အကျပ်အတည်း တွေ့နေသည့် ကုမ္မဏီတွေကို ကယ်တင်ဘို့ ဒေါ်လာသန်းထောင်ချီ သုံးစွဲမည်  Audio Clip Available
ငွေကြေးအကျပ်အတည်း ရင်ဆိုင်နေရတဲ့ စီးပွားရေး ကုမ္မဏီတွေကို ကယ်တင်ဘို့ အမေရိကန် ဒေါ်လာ သန်းပေါင်း ခွန်သိန်း သုံးစွဲရေး အမေရိကန် အစိုးရက ပြင်ဆင်နေပြီး ဥပဒေတရပ်ပြဌာန်းရေး ကြိုးပမ်းနေတဲ့အကြောင်း ဦးသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးတင်ပြထားပါတယ်။
ရီပတ်ဘလစ်ကန် ဒုသမ္မတလောင်းအဖြစ် ဆယ်ရာ ပေလင် ကိုရွေးချယ်  Audio Clip Available
ရီဗတ်ပလင်ကန် ဒုသမ္မတလောင်း ဆာရာရ် ပေလင်း (Sarah Palin) နဲ့ ABC ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းခန်းပါ ပြောဆိုချက်တွေအပြင် အမေရိကန် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေအကြောင်း ဦးသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးထားပါတယ်။
ဒီမိုကရက်ပါတီ ဒုသမ္မတလောင်းအဖြစ် ဂျိုးဘိုင်ဒင်ကိုရွေး  Audio Clip Available
ဒီမိုကရက်ပါတီရဲ့ ပါတီညီလာခံ မကျငိးပခင် ဒုသမ္မတလောင်းအဖြစ် ဒယ်လာဝဲပြည်နယ် အထက်လွှတ်တော်အမတ် ဂျိုးဘိုင်ဒင်ကို ရွေးချယ်လိုက်တာနဲ့ပတ်သက်ပြီးဆွေးနွေးထားပါတယ်
ပါတီညီလာခံတွေ ကျင်းပဘို့ ပြင်နေကြပြီ  Audio Clip Available
ဒီမိုကရက်ပါတီနဲ့ ရီပတ်ဘလစ်ကင်ပါတီတွေရဲ့ ပါတီညီလာခံတွေ ကျင်းပဘို့ ပြင်ဆင်နြေ့ကတာနဲ့ ဒီညီလာခံတွေရဲ့ အရေးပါပုံတွေ၊ ညီလာခံမတိုင်ခင် သမ္မတလောင်းက သူနဲ့လက်တွဲမဲ့ ဒုသမ္မတလောင်းကို ရွေးတဲ့ အစဉ်အလာတွေကို ဆွေးနွေးထားပါတယ်
မြန်မာနိုင်ငံ့ အရေး အမေရိကန် သမ္မတနဲ့ သမ္မတကတော်တို့ လှုပ်ရှား  Audio Clip Available
အမေရိကန်သမ္မတဘုရှ်က ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံ့အရေးကို ဆွေးနွေးခဲ့ ရုံတင်မကပဲ သမ္မတကတော် လော်ရာဘုရှ်ကလဲ ထိုင်းမြန်မာနယ်စပ်က မြန်မာဒုက္ခသည်စခန်းနဲ့ ဒုက္ခသည်တွေကို စောင့်ရှောက် ကုသပေးနေတဲ့ မယ်တော်ဆေးခန်းအထိ ကိုယ်တိုင် သွားရောက်ခဲ့တာတွေကို တင်ပြထားပါတယ်
မြန်မာ့ ဒီမိုကရေးအတွက် အမေရိကန်နိုင်ငံက ပိတ်ဆို့တားမြစ်ဥပဒေထုတ်  Audio Clip Available
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှုမရှိတဲ့ မြန်မာစစ်အစိုးရ အပေါ် ကန့်သတ်ပိတ်ဆို့မှုအသစ်တွေ ပြင်ဆင်ချမှတ် တဲ့ ဥပဒေကို အမေရိကန်သမ္မတက လက်မှတ်ရေးထိုးခဲ့တာတွေကို ဆွေးနွေးထားပါတယ်
ဒီမိုကရက် သမ္မတလောင်းရဲ့ နိုင်ငံရပ်ခြားခရီးစဉ် နဲ့ မဲဆွယ်ပွဲ  Audio Clip Available
ဒီမိုကရက် အထက်လွှတ်တော် အမတ်အိုဘားမားရဲ့ ပြည်ပရှစ်နိုင်ငံ ခရီးစဉ်နဲ့ပတ်သက်ပြီး သမ္မတလောင်းနှစ်ဦးရဲ့ စည်းရုံးမဲဆွယ်ပွဲတွေမှာ ဆွေးနွေးငြင်းခုံ ကြတာတွေကို တင်ပြထားပါတယ်
လူမျိုးစုတွေရဲ့မဲရဘို့ သမ္မတလောင်းတွေကြိုးစား
လူမျိုးစုတွေထဲက လက်တင်အမေရိကနွယ် အမေရီကန် နိုင်ငံသားတွေရဲ့ မဲရဘို့ သမ္မတလောင်းတွေ ကျိုးစားနေကြတာတွေကို ဆွေးနွေးထားပါတယ်
အမေရိကန်နိုင်ငံရေးမဲဆွယ်မှုနဲ့ လွတ်လပ်ရေးနေ့  Audio Clip Available
ဇူလိုင်လ ၄ရက်နေ့မှာ ကျရောက်တဲ့ အမေရိကန်နိုင်ငံရဲ့ ၂၃၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အတွက် အမေရိကန်သမ္မတရဲ့ လှုပ်ရှားမှုတွေနဲ့ သမ္မတလောင်းနှစ်ယောက် ဖြစ်တဲ့ ဂျွန်မက်ကိန်း နဲ့ ဘားရက်အိုဘားမား တို့ရဲ့ နိုင်ငံရေး မဲဆွယ်တာတွေကို ဆွေးနွေးထားပါတယ်
ဒီမိုကရက်ပါတီက ပြိုင်ဘက်နှစ်ဦးလက်တွဲ ကြပြီ  Audio Clip Available
ဒီမိုကရက်ပါတီက ပြိုင်ဘက်နှစ်ဦး ဖြစ်တဲ့ ဟီလာရီကလင်တန်နဲ့ ဘားရက်အိုဘားမားတို့ အခုအတူလက်တွဲပြီး ရီပတ်ဘလစ်ကင် ပါတီကသမ္မတလောင်း ဂျွန်မက်ကိန်းကို အလဲထိုးနိုင်ဘို့ ကျိုးစား နေကြတာတွေကို ဆွေးနွေးထားပါတယ်
သမ္မတလောင်း နဲ့ အမေရိကန်လူထုရဲ့စစ်တမ်း  Audio Clip Available
ရီပတ်ဘလီကင်ပါတီက သမ္မတလောင်း ဂျွန်မက်ကိန်းနဲ့ ဒီမိုကရက်ပါတီက သမ္မတလောင်း အိုဘားမားတို့ နှစ်ဦးအတွက် အမေရိကန်လူထုရဲ့ စစ်တမ်းကို ကြည့်တဲ့အခါမှာ ကွာခြားမှု သိပ်မရှိတာမို့ လူထုရဲ့ သဘောထားတွေ ဘယ်လို ပြောင်းလဲနိုင်တယ် ဆိုတာတွေကို ဆွေးနွေးထားပါတယ်
အမေရိကန်နိုင်ငံရဲ့ ဒုသမတလောင်းရွေးချယ်တဲ့ အစဉ်အလာ  Audio Clip Available
ဒီမိုကရက်ပါတီက သမ္မတလောင်း အိုဘာမာနဲ့ ရီပတ်ဘလီကင် ပါတီ သမ္မတလောင်း မက်ကိန်း တို့ အဖို့ အရေးပါတဲ့ ဆုံးဖြတ်ချက် တရပ်ဖြစ်တဲ့ ဒုသမ္မတ ရွေးချယ် ခန့်ထားရမဲ့ အချိန် နီးလာပြီမို့ အမေရိကန်နိုင်ငံရဲ့ ဒုသမ္မတ လောင်းရွေးချယ်တဲ့ အစဉ်အလာတွေကို ဆွေးနွေးထားပါတယ်
ကလင်တန် ဒီမိုကရက်ပါတီရဲ့ သမတလောင်းအဖြစ် ဆက်မပြိုင်တော့  Audio Clip Available
ဟီလာရီကလင်တန် ဒီမိုကရက်ပါတီရဲ့ သမတလောင်းအဖြစ်နဲ့ ဆက်ပြီး မယှဉ်ပြိုင်တော့ဘူးလို့ကြေငြာလိုက်တဲ့ အပြင် သူ့ပြိုင်ဘက် ဖြစ်တဲ့ ဘရက်အိုဘားမားကိုထောက်ခံကြပါလို့ သူ့ကိုအားပေးသူတွေကိုတိုက်တွန်းလိုက်တဲ့ အကြောင်းတွေကို ဆွေးနွေးထားပါတယ်
ဒီမိုကရက်ပါတီရဲ့ ပဏာမရွေးကောက်ပွဲကာလပြီးသွားပေမဲ့ သမတလောင်းမရွေးနိုင်သေး  Audio Clip Available
ဇွန်လ၃ရက်နေ့ဟာ ဒီမိုကရက်ပါတီရဲ့ ပဏာမရွေးကောက်ပွဲ နောက်ဆုံးနေ့ ဖြစ်ပေမဲ့ အိုဘားမားနဲ့ ဟီလာရီကလင်တန်တို့ နှစ်ဦးအတွက် ဘယ်သူ သမတ လောင်းဖြစ်လာမယ်ဆိုတာကို တကယ် အဆုံးအဖြတ်ပေးမဲ့သူတွေက စူပါကိုယ်စါးလှယ်တွေ ပဲဖြစ်တယ်ဆိုတာတွေကို ဆွေးနွေးထားပါတယ်။
သမတလောင်းတွေ လက်တွဲမဲ့သူရှာ  Audio Clip Available
နိုဝင်ဘာလရောက်မှ သမတ ရွေးကောက်ကြမှာဖြစ်ပေမဲ့ သမတလောင်းတွေဟာ အခုကတဲက သူတို့နဲ့အတူ လက်တွဲမဲ့ဒုသမတလောင်းတွေကို ရွေးနေကြပြီ ဖြစ်ပါတယ်
ဒီမိုကရက် အမတ်အိုဘားမား ရီပါဘလစ်ကင် သမတနဲ့ သမတလောင်းကိုဝေဖန်  Audio Clip Available
ဒီမိုကရက် အမတ်အိုဘားမား ရီပါဘလစ်ကင် သမတနဲ့ သမတလောင်းကိုဝေဖန်
အနောက်ဗာဂျီးနီးယားပြည်နယ်က ဒီမိုကရက်ပါတီရဲ့ ယှဉ်ပြိုင်ပွဲ  Audio Clip Available
အမတ်ဟီလာရီကလင်တန် အနိုင်ရနိုင်ပေမဲ့ ပြိုင်ဘက်အမတ် အိုဗားမားက သမတလောင်း ဖြစ်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ဝေဖန် သုံးသပ် ကြတာတွေကို ဆွေးနွေးထားပါတယ်။
အင်ဒီးယားနားနဲ့ မြောက်ကာရိုလိုင်းနား ပြည်နယ်တွေက ဒီမိုကရက်တွေရဲ့ပြိုင်ပွဲ  Audio Clip Available
ဟီလာရီ ကလင်တန် နဲ့ ဘားရက်ခ် အိုဘားမား တို့ဟာ မေလ ၆ ရက်နေ့မှာ အင်ဒီးယားနား နဲ့ မြောက်ကာရိုလိုင်းနား ပြည်နယ်တွေမှာ အကြိတ်အနယ် ယှဉ်ပြိုင်နေကြပြီဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက် ပြည်သူ့ဆန္ဒ သဘောထားတွေကို တင်ပြထားပါတယ်။
ဒီမိုကရက်တစ်တို့၏ အင်ဒီယားနားပြည်နယ် ပဏာမရွေးချယ်ပွဲ  Audio Clip Available
ဧပြီ ၂၉၊ ၂၀၀၈ - ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ ပန်ဆယ်လ်ဗေးနီးယား ပြည်နယ် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲမှာ အထက်လွှတ်တော်အမတ် ဟီလာရီ ကလင်တန်က အထက်လွှတ်တော် အမတ် ဘရက် အိုဘားမားအပေါ် အနိုင်ရ လိုက်တာကြောင့် ကလင်တန်အတွက် အားသစ်ရသွားပါတယ်။
အီရတ်ပြဿနာဖြင့် အလုပ်ရှုပ်နေသည့် အမေရိကန်လွှတ်တော်  Audio Clip Available
ဧပြီ ၁၅၊ ၂၀၀၈ - အမေရိကန်လွှတ်တော်ဟာ ဒီသီတင်းပတ်အတွင်းမှာ အီရတ်ပြဿနာနဲ့ပဲ အလုပ်ရှုပ်နေတာကို တွေ့ရပါတယ်။
သမ္မတလောင်းရွေးချယ်ပွဲနှင့် လူငယ် မဲဆန္ဒရှင်များ  Audio Clip Available
ဧပြီ ၀၈၊ ၂၀၀၈ - အမေရိကန်သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲတွေမှာ လူငယ် မဲဆန္ဒရှင် တွေ စံချိန်တင် အရေအတွက်နဲ့ မဲပေးနေကြ တာကို တွေ့ရပါတယ်။
ဒီမိုကရက်သမ္မတလောင်းရွေးချယ်ပွဲ ကာလရှည်ကြာ၊ ဂျွန်မက်ကိန်း အမြတ်ထွက်မှာ စိုးရိမ်နေကြ  Audio Clip Available
ဧပြီ ၀၁၊ ၂၀၀၈ - ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့အတွက် ပဏာမ ရွေးချယ်ပွဲတွေမှာ ဘရက် အိုဘားမားနဲ့ ဟီလာရီ ကလင်တန်တို့ကြား ယှဉ်ပြိုင်ပွဲဟာ ကာလရှည်ကြာနေပါတယ်။
အမေရိကန်သမ္မတလောင်း ရွေးချယ်ပွဲနှင့် ပြည်သူ့သဘောထား စစ်တမ်းများ  Audio Clip Available
မတ် ၂၅၊ ၂၀၀၈ - Public Opinion Poll လို့ ခေါ်တဲ့ လူထုသဘောထား စစ်တမ်းတွေကို အထူးသဖြင့် ရွေးကောက်ပွဲနှစ်တွေမှာ မကြာ ခဏ ကောက်ယူပြီး ထုတ်ပြန်ပါတယ်။