VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

03 မေ 2009 

ယနေ့ ဗွီအိုအေ »:

ဘာသာစကား ၄၅ မျိုး
မေလ ပထမပတ် တီဗွီ မဂ္ဂဇင်း အစီအစဉ်

02 May 2009

မေ ၃ (တနင်္ဂနွေ) - မေ ၈ (စနေ) ၊ ၂၀၀၉ - မေလ ပထမပတ် တီဗွီ မဂ္ဂဇင်း အစီအစဉ်မှာ ဝက်တုပ်ကွေးရောဂါ (swine flu) ကမ္ဘာ့ကပ်ရောဂါ အခြေအနေအဆင့် ပြောင်းလဲလာနိုင်ကြောင်း ကမ္ဘာကျန်းမားရေးအဖွဲ့ကြီး (World Health Organization) ထုတ်ပြန်ပြောဆိုချက် သတင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွှေဂုံတိုင် ထုတ်ပြန်ကြေညာချက်ဆိုင်ရာ သတင်း၊ နာဂစ်မုန်တိုင်း တနှစ်ပြည့်မှာ ကူညီထောက်ပံ့ရေး ဆက်လျှက်လုပ်ဆောင်နိုင်ရေး အမေရိကန်နိုင်ငံခြားရေးဌာန ထုတ်ပြန်တောင်းဆိုချက်ဆိုင်ရာ သတင်း နဲ့ မြန်မာနိုင်ငံရှိ နာဂစ်လေးမုန်တိုင်ဒဏ် ခံခဲ့ရသူတွေဘဝအခြေအနေ နဲ့ အကူအညီ အထောက်အပံ့ အခြေအနေသတင်း၊ ကမ္ဘာတဝှမ်း ခလေးစစ်သားများအရေး ကုလလုံခြုံရေးကော်မတီ အစည်းအဝေးမှာ ကုလသမဂ္ဂ အကြီးအကဲ မစ္စတာ ဘန်ကီမွန် (Ban Ki-moon) ပြောဆိုဆွေးနွေးချက် သတင်း၊ သာသနာ့မောဠိ(အပြည်ပြည်ဆိုင်ရာ သာသနာ့ ဥသျှောင်)အဖွဲ့ ဖိနှိပ်စစ်အစိုးရအား ဆက်လျှက်အရေးယူ ပိတ်ဆို့သွားရန် နိုင်ငံတကာကို တောင်းဆို ထုတ်ပြန်ကြေညာချက်သတင်း စတဲ့ ထိပ်တန်းရသတင်းဆောင်းပါးများအပြင် မြန်မာနိုင်ငံသတင်း နဲ့ နိုင်ငံတကာသတင်းများကို စီစဉ်တင်ဆက်ထားပါတယ်။

အောက်ပါ wmv နဲ့ real လင့်(ခ်)များကို နှိပ်ပြီး ကြည့်ရှု့ နိုင်ပါတယ်။

မိမိမှာ broadband လို မြန်ဆန်တဲ့ အင်တာနက်ချိတ်ဆက်မှု (internet connection) ရှိနေရင် ဖိုင်အကြီးစား (broadband) လင့်(ခ်) wmv နဲ့ real တွေကို ရယူကြည့်ရှု့ ပါ။ တကယ်လို့ နှေးကွေးတဲ့ ဖုန်းလိုင်းကတစ်ဆင့် (dial-up) အင်တာနက်ချိတ်ဆက်မှု နဲ့ ဆိုရင်တော့ ဖိုင်အသေးစား dial-up လင့်(ခ်) wmv နဲ့ real တွေကို ရယူကြည့်ရှု့ ပါ။

» ထုတ်လွှင့်ခဲ့ပြီး အစီအစဉ်များ


E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story

  More From VOA