468_border_1

Burmese News Summary - VOAnews.com/burmese

၂၀၁၀ စစ်အစိုးရ ရွေးကောက်ပွဲအပေါ် ဆွေးနွေးသုံးသပ်  Audio Clip Available
မေ ၀၆၊ ၂၀၀၉ - ၂၀၁၀ စစ်အစိုးရ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သင့်သလား၊ ဘာတွေပြင်ဆင်လုပ်ကိုင်သင်၊ သိသင့်သလဲဆိုတဲ့ အကြောင်းအရာများကို ဆွေးနွေးသုံးသပ်ထားပါတယ်။

သမ္မတ အိုဘားမား ပါကစ္စတန် အာဖဂန် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ  Audio Clip Available
အမေရိကန်၊ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့က အယ်ခိုင်းဒါးနဲ့ သူရဲ့ အစွန်းထွက် မဟာမိတ်များကို ဘုံရန်သူ အဖြစ် ရှုမြင်ကြပြီး၊ သူတို့ရဲ့ လုပ်ရပ်များ ရပ်တန့် ပျက်စီး ရှုံးနိမ့်သွားရေး ၃နိုင်ငံ ပူးပေါင်းဖို့ ကတိက၀တ် ပြုလိုက်ကြတယ်လို့ သမ္မတ အိုဘားမားက ပြောဆိုလိုက်ပါတယ်။

ဝက်တုပ်ကွေးကူးစက်မှု အာရှနိုင်ငံတွေဆွေးနွေးမည်  Audio Clip Available
အာရှမှာတော့ စီးပွါးရေး ကို မထိခိုက်စေဘဲ၊ အိပ်ခ်ျဝမ်းအင်န်ဝမ်း တုပ်ကွေး ကို ဘယ်လို ထိန်းချုပ်မလဲဆိုတဲ့ အစည်းအဝေးတစ်ရပ် ကို ထိုင်းနိုင်ငံ မှာ ကြာသပတေးနေ့ က စ ကျင်းပမှာဖြစ်ပါတယ်

မြန်မာကလေးများ  လုံခြုံရေးကောင်စီအကာကွယ်ပေးဖို့  လူ့အခွင့်အရေးအဖွဲ့တွေတောင်းဆို  Audio Clip Available
မြန်မာ ကလေးငယ်တွေ ကလေးစစ်သား အဖြစ် စုဆောင်းခံနေရတာကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အမြန် အရေးယူ ဖြေရှင်းပေးဖို့ အမေရိကန် အခြေစိုက် ကလေးစစ်သားနဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေကို စောင့်ကြည့် မှတ်တမ်းတင်တဲ့ လူ့အခွင့်အရေး အဖွဲ့ တခုက တောင်းဆို လိုက်ပါတယ်။

မဲဆောက်က မြန်မာအလုပ်သမားတွေ လခမရလို့ ဆန္ဒပြ  Video clip available
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့စွန်က တီကေလေး သိုးမွေးစက်ရုံက မြန်မာ အလုပ်သမား ၂၀၀ကျော်ဟာ တနေ့ လုပ်အားခ အပြည်အ၀ မရတာတွေ၊ ကျန်မာရေး ဖူလုံမူ မရှိတာတွေ ရေလုံလောက်စွာ မရတာတွေကြောင့် အလုပ်သမား အခွင့်ရေး ကာကွယ်ရေးရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဝက်တုပ်ကွေးရောဂါနဲ့ စီးပွားရေးဂယက်  Audio Clip Available
မေ ၄၊ ၂၀၀၉ - အခုလက်ရှိဖြစ်ပွားနေတဲ့ ၀က်တုပ်ကွေးရောဂါကြောင့် စီးပွားရေးတွေကိုလည်း ထိခိုက်လာနေပါပြီ။ အထိခိုက်ဆုံးက ရောဂါမြစ်ဖျား ခံခဲ့တဲ့ မက္ကဆီကိုနိုင်ငံလို့ ဆိုနိုင်ပေမယ့် ကျန်တဲ့နိုင်ငံ တွေမှာလည်း ဆုံးရှုံးမှုဒဏ် ခံကြရတာပါပဲ။

မဲဆောက် မြန်မာအလုပ်သမားတွေ လခမရလို့ ဆန္ဒပြ  Audio Clip Available
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့စွန်က တီကေလေး သိုးမွေးစက်ရုံက မြန်မာအလုပ်သမား၂၀၀ကျော်ဟာ တနေ့ လုပ်အားခ အပြည်အ၀ မရတာတွေ၊ ကျန်းမာရေး ဖူလုံမူ မရှိတာတွေ ရေလုံလောက်စွာ မရတာတွေကြောင့် အလုပ်သမား အခွင့်ရေး ကာကွယ်ရေးရုံးရှေ့မှာ ဆန္ဒပြခဲ့ ကြပါတယ်။

အီးမေးလ်လိပ်စာ - :
အီးမေးလ် ထပ်ဆင့်ပေးပို့ ရန် (Forward this Email)
သတင်းလွှာ အီးမေးလ်စာရင်းမှ ပယ်ဖျက်စေလိုလျှင် (Unsubscribe from the VOA Burmese Daily News)
သတင်းလွှာနဲ့ ပတ်သက်၍ တစုံတရာ ဝေဖန်လိုလျှင် အီးမေးလ်ရေးပြီး ပေးပို့ပါ။: burmese@voanews.com