VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

05 မေ 2009 

ယနေ့ ဗွီအိုအေ »:

ဘာသာစကား ၄၅ မျိုး
ဂျော်ဂျီယာ တပ်တွင်းပုန်ကန်မှု အချိန်မီ ပြန်ထိန်းနိုင်

05 May 2009

ဂျော်ဂျီယာနိုင်ငံ တီဘလစ်ဆီ (Tbilisi) မြို့ပြင်က စစ်အခြေစိုက်စခန်းတခုမှာ တပ်တွင်း
ပုန်ကန်မှု ဖြစ်ပွားတာကို ထိန်းချုပ်လိုက်နိုင်ပြီလို့ ဂျော်ဂျီယာသမ္မတ မစ်ခ်ခေးလ်
ဆာကပ်ရှ်ဗီလီ (Mikhail Saakashvili) က ပြောပါတယ်။

ဒီပုန်ကန်မှုကို အစိုးရက အလေးအနက် သဘောထားပေမယ့် ဒါဟာ သီးခြားဖြစ်တဲ့
အဖြစ်အပျက်တခုပဲလို့ သမ္မတက ဆိုပါတယ်။

အင်္ဂါနေ့အစောပိုင်းက အစိုးရကို ဖြုတ်ချဖို့အတွက် ပုန်ကန်မှုတခု ဖြစ်ပေါ်ကြောင်း
ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ ဒီပုန်ကန်မှုကို ရုရှားက ကျောထောက်
နောက်ခံ ပြုထားတယ်လို့ တာဝန်ရှိသူတွေက ဆိုကြပါတယ်။

ဒီတပ်တွင်းပုန်ကန်မှုရဲ့ အဓိကရည်ရွယ်ချက်က ဂျော်ဂျီယာမှာ မြောက်အတ္တလန္တိတ်
စစ်စာချုပ်အဖွဲ့ (နေတိုး) စစ်ရေးလေ့ကျင့်မှုကို ဟန့်တားဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဂျော်ဂျီယာမှာ စစ်ရေးလေ့ကျင့်မယ့်ကိစ္စကို ရွှေ့ဆိုင်းဖို့ ရုရှားက နေတိုးအဖွဲ့ကို ပြီးခဲ့တဲ့
လမှာ တိုက်တွန်းခဲ့ပေမယ့် မေလ ၆ ရက်နေ့မှာ ပြုလုပ်ဖို့ သတ်မှတ်ထားတဲ့ လေ့ကျင့်မှု
ကို မရွှေ့ဆိုင်းဘူးလို့ နေတိုးက ငြင်းထားပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story

  More From VOA