VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

14 ဇန်နဝါရီ 2009 

ယနေ့ ဗွီအိုအေ »:

ဘာသာစကား ၄၅ မျိုး
ဟီလာရီ ကလင်တန် နိုင်ငံခြားရေးဝန်ကြီး ရာထူးအတွက် လွှတ်တော်ရှေ့မှောက် ထွက်ဆို

14 January 2009

Secretary of State-designate Sen. Hillary Rodham Clinton, right, is greeted by Senate Foreign Relations Committee members Sen. Christopher Dodd, Sen. John Kerry, prior to start of hearing, 13 Jan 2009
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး လောင်း ဟီလာရီကလင်တန်နှင့် အထက်လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဝင်များအား အတူတွေ့ရစဉ်။
ဇန်န၀ါရီ ၁၃၊ ၂၀၀၉။
သမ္မတကတော်ဟောင်းလည်းဖြစ်၊
နယူးယောက်ခ်ပြည်နယ် ကိုယ်စားပြု အထက်
လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဟီလာရီ
ကလင်တန် (Hillary Clinton) ဟာ အထက်
လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ
ရှေ့မှောက်မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အဆိုပြု
ခံထားရမှုအတွက် မနေ့က စစ်ဆေးမေးမြန်းမှုကို
ခံယူနေပါတယ်။

သူမကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် အဆိုပြုထား
တာကို လွှတ်တော်က အတည်ပြုခဲ့ရင်
အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေး
အောင်မြင်မှု ပြန်လည်ရှင်သန်ရေးမှာ သူမဟာ
ထက်မြက်တဲ့အင်အားတခု ဖြစ်လာလိမ့်မယ်လို့
ဟီလာရီ ကလင်တန်က ပြောဆိုသွားပါတယ်။ အဲဒီအင်အားနဲ့ လုံခြုံပြီး ငြိမ်းချမ်းတဲ့
အရှေ့အလယ်ပိုင်းဒေသအဖြစ် မြှင့်တင်ပေးနိုင်လိမ့်မယ်၊ အစ္စရေးလ်ရဲ့ လုံခြုံရေး
လိုအပ်ချက်နဲ့ ပါလက်စတိုင်းရဲ့ နိုင်ငံရေး၊ စီးပွားရေး မြင့်မားမှုတွေကို ဖြည့်ဆည်းပေး
နိုင်လိမ့်မယ်လို့လည်း အထက်လွှတ်တော်အမတ် ကလင်တန်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာကြီးဟာ အီရတ်နဲ့ အာဖဂန်နစ္စတန်က စစ်ပွဲနှစ်ပွဲ၊
အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု၊ လူတွေကို အစုလိုက်အပြုံလိုက် သေစေနိုင်
တဲ့ လက်နက်တွေ ပျံ့နှံ့နေမှု စတဲ့ ကြီးမားတဲ့အန္တရာယ်တွေကို ရင်ဆိုင်နေကြရတယ်
လို့လည်း အမတ် ကလင်တန်က ပြောပါတယ်။

ကမ္ဘာမှာ အီရန်ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး လေးလေးနက်နက် စိုးရိမ်မှုနဲ့
စောင့်ကြည့်မှုကို သူမ ပါဝင်တဲ့ လာမယ့် အမေရိကန်အစိုးရအဖွဲ့သစ်က ကျင့်သုံးသွား
မယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးလောင်း ဟီလာရီ ကလင်တန်က ပြောဆိုသွားပါ
တယ်။

မြောက်ကိုရီးယား နျူကလီးယားအရေး ပြောကြားရာမှာတော့ လက်ရှိ တည်ဆဲ ၆ နိုင်ငံ
ဆွေးနွေးပွဲဟာ မြောက်ကိုရီးယားရဲ့ အမူအကျင့်တွေ ပြောင်းလဲစေရေး ပိုမိုဖြစ်နိုင်ဖွယ်
ရှိတဲ့ ဖိအားပေးမယ့် အမေရိကန်ပြည်ထောင်စုရဲ့ မောင်းနှင်အားဖြစ်တယ်လို့ အထက်
လွှတ်တော်အမတ် ကလင်တန်က ပြောကြားသွားပါတယ်။


Listen to This Report သတင်း
အစီအစဉ်ကိုရယူရန်  (MP3)
Listen to This Report သတင်း
နားဆင်ရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story

  More From VOA
ဟီလာရီ ကလင်တန် နိုင်ငံခြားရေးဝန်ကြီး ရာထူးအတွက် လွှတ်တော်ရှေ့မှောက် ထွက်ဆို  Audio Clip Available
ဂါဇာအရေး ဖြေရှင်းဖို့ ကုလအတွင်းရေးမှူးချုပ် အရှေ့အလယ်ပိုင်း သွားမည်  Audio Clip Available
ရုရှားဓာတ်ငွေ့ ပြန်ပို့သော်လည်း ဥရောပ အလုံအလောက် မရသေး  Audio Clip Available
နာဂစ်အတွက် နိုင်ဂျီးရီးယား အကူအညီကိစ္စ လူ့အခွင့်အရေးအဖွဲ့များ စောဒကတက်  Audio Clip Available
မြန်မာပြည် လွတ်လပ်ခွင့် နိမ့်ကျဆဲ၊ Freedom House အစီရင်ခံစာ ဖော်ပြ  Audio Clip Available
မြန်မာအပေါ် အနောက်နဲ့မတူတဲ့ ချဉ်းကပ်မှု ထိုင်းဝန်ကြီးချုပ် ကျင့်သုံးမည်  Audio Clip Available
ဂါဇာမှာ ခိုင်ခိုင်မာမာရှိမယ့် အပစ်အခတ် ရပ်စဲရေးဖြစ်ဖို့ သမ္မတဘုရှ် တိုက်တွန်း  Audio Clip Available
နာဂစ် နိုင်ငံတကာ အကူအညီများ ဧပြီလအလွန် ပြတ်လပ်ဖွယ်ရှိ  Audio Clip Available
ဥရောပသို့ သဘာဝဓာတ်ငွေ့ သယ်ယူရေး ရုရှား-ယူကရိန်း သဘောတူညီချက်သစ် ရရှိ  Audio Clip Available