VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

13 ဇန်နဝါရီ 2009 

ယနေ့ ဗွီအိုအေ »:

ဘာသာစကား ၄၅ မျိုး
မြန်မာအပေါ် အနောက်နဲ့မတူတဲ့ ချဉ်းကပ်မှု ထိုင်းဝန်ကြီးချုပ် ကျင့်သုံးမည်

13 January 2009

Thai Prime Minister Abhisit Vejjajiva delivers government policy speech Tuesday, Dec. 30, 2008, at Foreign Ministry in Bangkok.AP
ထိုင်းဝန်ကြီးချုပ်
အဘီဆစ် ၀ိဂျာဂျီဝ။
ဒီဇင်ဘာ ၃၀၊ ၂၀၀၈။
ထိုင်းဝန်ကြီးချုပ်သစ်က အိမ်နီးချင်း မြန်မာပြည်မှာ
အပြောင်းအလဲတွေ မြင်တွေ့ချင်ပါတယ်၊ ဒါပေမယ့်
ထိုင်းနိုင်ငံကတော့ အနောက်တိုင်းက စီးပွားရေးအရ
ဒဏ်ခတ်အရေးယူတာမျိုး မဟုတ်ဘဲ ချဉ်းကပ်ရမယ်
လို့ ပြောပါတယ်။

မြန်မာနဲ့ပတ်သက်လို့ အနောက်နိုင်ငံအစိုးရများလိုပဲ
ရည်မှန်းချက် ထားရှိပါတယ်၊ ဒါပေမယ့် ယဉ်ကျေးမှုနဲ့
ပထ၀ီဝင် အနေအထားအရ ချဉ်းကပ်ပုံ၊ ချဉ်းကပ်
နည်း ကွဲပြားဖို့ လိုအပ်တာပါလို့ တနင်္လာနေ့မှာ
ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိဂျာဂျီဝ (Abhisit
Vejjajiva) က ရှင်းလင်းပြီး မြန်မာပြည်မှာ အပြောင်း
အလဲတွေ ဖြစ်ပေါ်လာအောင် ဘယ်ပုံဘယ်နည်း လုပ်ဆောင်သွားမယ် ဆိုတာကိုတော့
တိတိကျကျ ပြောမသွားပါဘူး။

အရင်လက ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ် ဖြစ်လာပြီးကတည်းက မြန်မာစစ်အစိုးရအပေါ်
မစ္စတာအဘီဆစ် ပထမဆုံးအကြိမ် ပြောဆိုတာပါ။

တနင်္လာနေ့မနက်မှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီယွန် (Kasit Piromya) က
ဧည့်သည် မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူနဲ့ တွေ့ဆုံပြီး နာဂစ်လေဘေး
ကူညီရေးကိစ္စနဲ့ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများကိစ္စကို ဆွေးနွေး
ကြပါတယ်။


Listen to This Report သတင်း
အစီအစဉ်ကိုရယူရန်  (MP3)
Listen to This Report သတင်း
နားဆင်ရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story

  More From VOA