VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

12 ဇန်နဝါရီ 2009 

ယနေ့ ဗွီအိုအေ »:

ဘာသာစကား ၄၅ မျိုး
ဥရောပသို့ သဘာဝဓာတ်ငွေ့ သယ်ယူရေး ရုရှား-ယူကရိန်း သဘောတူညီချက်သစ် ရရှိ

12 January 2009

ရုရှားက ဥရောပကို အင်္ဂါနေ့မှာစပြီး သဘာဝဓာတ်ငွေ့တွေ ပို့ပေးတာ ပြန်စတင်တော့
မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

စွမ်းအင်ပဋိပက္ခနဲ့ပတ်သက်ပြီး ဘရပ်ဆဲလ်မှာ ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေ
ဆွေးနွေးနေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေ့တော့ သဘောတူညီချက် အသစ်တခုကို
အတည်ပြုနိုင်လိမ့်မယ်လို့ အစောပိုင်းကပဲ ရုရှားအာဏာပိုင်တွေက ပြောကြားခဲ့တာ
ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံကိုဖြတ်ပြီး တခြားနိုင်ငံတွေဆီ ရုရှားက သဘာဝဓာတ်ငွေ့တွေ ဖြန့်ဝေ
ပေးမှု သီးသန့်စောင့်ကြည့်ခွင့်ပြုမယ်ဆိုတဲ့ သဘောတူညီချက် အသစ်တရပ်ကို
ယူကရိန်းနဲ့ ရုရှားတို့ လက်မှတ်ရေးထိုးခဲ့ပြီး အခုလိုပြောဆိုမှု ထွက်လာခဲ့တာ ဖြစ်ပါ
တယ်။


Listen to This Report သတင်း
အစီအစဉ်ကိုရယူရန်  (MP3)
Listen to This Report သတင်း
နားဆင်ရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story

  More From VOA