ထိုင်းနိုင်ငံရဲ့ အဓိက နိုင်ငံတကာ လေဆိပ်ကြီးဖြစ်တဲ့ သုဝဏဘူမိ လေဆိပ်ကို ပီအေဒီ လို့ခေါ်တဲ့
အစိုးရ ဆန့်ကျင်ရေး အဖွဲ့တွေ သိမ်းပိုက်ထားတာ ၅ရက်ကျော်လာပါပြီ။ ဒီအဖွဲ
့တွေသိမ်းပိုက်ထားတဲ့ ဒွန်မောင်းနဲ့ သုဝဏဘူမိ လေဆိပ် နှစ်ခုလုံးကို အစိုးရက
နိုင်ငံတော်ရဲ့  အရေးပေါ် အခြေအနေ ကြေညာချက် ထုတ်ပြန်ထားပြီး
ဆန္ဒပြသမားတွေ ထွက်ခွါကြဖို့ ပြောဆိုထားပေမယ့် အစိုးရဆန့်ကျင်သူတွေကတော့
အာဏာဖီဆန်ပြီး ဆန္ဒပြမှုတွေကို မလျှော့တမ်း လုပ်နေကြတုံးပါ။