မြန်မာနိုင်ငံလေဘေး ကယ်ဆယ်ရေးလုပ်ငန်းမှာ အစိုးရ မလုပ်နိုင်တဲ့ လုပ်ငန်းများကို သာမန်ပြည်သူတွေအနေနဲ့ မိမိတို့ ကိုယ်ပိုင်အသိစိတ်နဲ့ လုပ်ကိုင်ဆောင်ရွက်ကြတာကို အစိုးရအနေနဲ့ ဘယ်လောက် ကြည်ကြည်ဖြူဖြူ လက်ခံနိုင်သလဲ။ ပြည်သူပြည်သားများ ပူးပေါင်းပါဝင် ဆောင်ရွက်လုပ်ကိုင်ခြင်းက အဖွဲ့အစည်းများအတွက် အကျိုးရှိသလို၊ နိုင်ငံတော်များရဲ့  ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ အကျိုးရှိတယ်၊ အထောက်အကူဖြစ်တယ်လို့ ပညာရှင်များကို ပြောဆိုကြပါတယ်။
ဒီပြောဆိုချက်နဲ့ မြန်မာပြည်အခြေအနေကို နှိုင်းယှဉ်စဉ်းစား ဆွေးနွေးတင်ပြဖို့ ဦးကျော်ဇံသာ (ဗွီအိုအေမြန်မာ) က ဦးအောင်ထူး (အထွေထွေ အတွင်းရေးမှုး - မြန်မာနိုင်ငံ ရှေ့ နေများကောင်စီ)၊ ဒေါက်တာ ဒေါ်ကြိုင်ကြိုင်စိန်၊ ဆက်သွယ်မေးမြန်း လာသူများနဲ့အတူ လူမှုရေးအဖွဲ့များ၊ ပြည်သူများ၏ လုပ်ဆောင်ချက်၊ လုပ်ပိုင်ခွင့်၊ အာဏာရ အစိုးရ ရပ်တည်ချက်များကို သုံးသပ်ဆွေးနွေး တင်ပြထားပါတယ်။