VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

17 ဇန်နဝါရီ 2009 

ယနေ့ ဗွီအိုအေ »:

ဘာသာစကား ၄၅ မျိုး

Burmese Art and Artist

အပတ်စဉ်အင်္ဂါနေ့ည ၉း၀၀-၁၀း၀၀ နာရီ အစီအစဉ်တိုင်းမှာ အနုပညာမိုးကောင်ကင်ကဏ္ဍကို နားဆင်နိုင်ပါတယ်။ ဒီ စာမျက်နှာမှာတော့ ထုတ်လွှင့်ခဲ့ပြီးတဲ့ အစီအစဉ်တွေကိုလည်း ပြန်လည်နားဆင်နိုင်ပါတယ်။



Poet Ko Lay
ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) ရဲ့ အနုပညာ ဖြတ်သန်းမ

 အနုပညာ မိုးကောင်းကင်မှာ စာရေးသားခွင့် ၁၀ နှစ်ကျော် ပိတ်ပင်ခံထားရတဲ့ အင်းဝမြို့ က ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်)ရဲ့  ပြောဆိုမှုတွေကို ကြားရမှာပါ။ ကဗျာဆရာဆိုတာ လာခြင်းကောင်းတဲ့ ပုဂ္ဂိုလ်မဟုတ်ဘူးလို့ ကဗျာဆရာ ကိုလေးက ဆိုပါတယ်။ ကဗျာဆရာဖြစ်ဖို့ ဘယ်လို ဖြတ်သန်းမှုတွေ ရှိခဲ့သလဲဆိုတာကိုလည်း ကြားရမှာပါ။ ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားတာပါ။

KyiAung
ကြည်အောင်ရဲ့ ကဗျာလက်ဆောင်
ဒီဇင်ဘာ ၀၉၊ ၂၀၀၈- ဒီမိုကရေစီလှုပ်ရှားမှုကိုအားပေးထောက်ခံလို့ အနုပညာ ဖန်တီးခွင့် ပိတ်ပင်ခံထားရတဲ့ မြန်မာ့ အနုပညာသမားတွေထဲမှာ အင်းဝမြို့ က ကဗျာဆရာ ကြည်အောင်လည်း ပါဝင်ပါတယ်။ ဆရာကြည်အောင်ရဲ့  ကဗျာတွေ ဖေါ်ပြခွင့်မရတာ အခုဆိုအ နှစ်၂၀လောက်ရှိလာပါပြီ။ ပြည်သူတွေအတွက် ကဗျာရေးဖွဲ့ မယ်လို့ ခံယူထားတဲ့ သူတယောက်က ကဗျာရေးခွင့်မရတော့ ပြည်သူတွေနဲ့အတူ အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။ အနုပညာ မိုးကောင်းကင်ကနေ နိုင်ငံတကာရောက် မြန်မာတွေအတွက်လည်း ဆရာကြည်အောင်က ကဗျာလက်ဆောင် ရွတ်ဆိုပေးထားပါတယ်။


[insert caption here]
မောင်မိုးသူရဲ့ အနုပညာခရီး
ဒီဇင်ဘာ ၀၂၊ ၂၀၀၈- စာရေးဆရာ မောင်မိုးသူဟာ ရုပ်ရှင်ဒါရိုက်တာ၊ မဂ္ဂဇင်းအယ်ဒီတာ၊ ဘာသာပြန်သမား စတဲ့လုပ်ငန်းတွေမှာကျွမ်းကျင်တဲ့ စွယ်စုံအနုပညာရှင်တဦးပါ။ ကျောင်းသား ဘ၀ကလည်း ကျောင်းသား ခေါင်းဆောင်ဖြစ်ခဲ့ပြီး လက်ရှိ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်ခဲ့လို့လည်း နိုင်ငံရေး အကျဉ်းသား အဖြစ် ထောင်ချခံခဲ့ရတဲ့သူပါ။ ၁၉၆၀ တ၀ိုက်က သူ့တို့ သူငယ်ချင်း မိတ်ဆွေတစုရဲ့ ထင်ရှားတဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ သူဖြတ်သန်းခဲ့ရတဲ့ အနုပညာခရီး တစိတ်တပိုင်းကို ဆရာ မောင်မိုးသူက အနုပညာမိုးကောင်းကင်မှာ ရှင်းပြပါလိမ့်မယ်။


Tin Win Art

တင်ဝင်း (ဗိဿနိုး)ရဲ့ အနုပညာတင်ဆက်မှု
နိုဝင်ဘာ ၂၅၊ ၂၀၀၈- ပန်းချီဆရာ တင်ဝင်း (ဗိဿနိုး)ရဲ့ တကိုယ်တော် ပန်းချီပြပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ က သုဝဏဘူမိ မြန်မာ ပန်းချီပြခန်းမှာ နိုဝင်ဘာ၁၅ ရက်နေ့ ကနေ ဒီဇင်ဘာလ ၅ရက်နေ့ အထိ ပြသထားပါတယ်။ ပန်းချီသမားတွေရဲ့ လက်ရာမြင့်မားလာသလို မြန်မာ့ ပန်းချီ ဈေးကွက်ဟာလည်း နိုင်ငံတကာကို တဖြေးဖြေးချင်း ထိုးဖေါက်လာနေပါတယ်။ ဒါပေမယ့်လည်း မြန်မာပြည်တွင်းမှာတော့ ပန်းချီသမားတွေအတွက် အခက်အခဲတွေ ရှိနေတုံးပဲလို့ ပန်းချီတင်ဝင်းက ပြောပါတယ်။ ဘယ်လို အခက်အခဲတွေလဲ။ မြန်မာ့ ပန်းချီလောက အလားအလာ ဘယ်လိုလဲ ဆိုတာတွေကို သိရအောင် ထိုင်းနိုင်ငံကို ရောက်နေတုန်း ပန်းချီတင်ဝင်း ဗိဿနိုးကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။


underground
မြေအောက် တေးသီချင်းတပုဒ်
နိုဝင်ဘာလ ၁၈၊ ၂၀၀၈- ဒီတခါတော့ မြန်မာပြည်တွင်းက ထုတ်လုပ်လိုက်တဲ့ မြေအောက် Hip-Hop တေးသီချင်းတပုဒ်ကို နားဆင်ရမှာပါ။ အင်းစိန် အကျဉ်းထောင်အကြောင်းကို ရေးဖွဲ့ သီဆိုထားတဲ့ သီချင်း ဖြစ်ပါတယ်။ မြေအောက်ဂီတ အကြောင်းကိုလည်း ကိုကျော်အောင်လွင်က ရှင်းပြပေးပါလိမ့်မယ်။

Chaw Ei Thein's Art
ချောအိသိန်းရဲ့ အနုပညာ တင်ဆက်မှု
နိုဝင်ဘာ ၀၄၊ ၂၀၀၈- အခုတပါတ် အနုပညာ မိုးကောင်းကင် အစီအစဉ်မှာတော့ နိုင်ငံတကာမှာ အနုပညာ လက်စွမ်းလိုက်ပြနေတဲ့ မြန်မာပြည်က အမျိုးသမီးအနုပညာရှင် ချောအိသိန်းနဲ့ ကိုကျော်အောင်လွင်တို့ ပြောဆိုထားတာကို ကြားရမှာပါ။ ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ Performance အနုပညာပြပွဲမှာ ပန်းချီဆရာမ ချောအိသိန်းက လူအများရှေ့ မှာသူ့ရဲ့ အနု ပညာတွေကို ခင်းကျင်းပြသနေပါတယ်။ သူတင်ဆက်နေတဲ့ အနုပညာရပ်ဟာ PUBLIC ART လို့ခေါ်တဲ့ ပြည်သူတွေနဲ့ ထိစပ်နိုင်တဲ့ အနုပညာ အမျိုးအစားပါ။ ဒီအကြောင်းကို ကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။

Guitar
နိုင်ဇော် Lazy Clubရဲ့ မြန်မာ့ဂစ်တာ လောက
အောက်တိုဘာ ၂၈၊ ၂၀၀၈ - အခုတပါတ် အနုပညာ မိုးကောင်းကင် အစီအစဉ်မှာ Lazy Club တေးဂီတအဖွဲ့ က ဂစ်တာသမားနိုင်ဇော်က မြန်မာလူငယ် ဂစ်တာသမားတွေအတွက် သူဘာလုပ်နေသလဲဆိုတာကိုရှင်းပြပါလိမ့်မယ်။ ဂစ်တာသမားနိုင်ဇော်ဟာ Instrumental လို့ခေါ်တဲ့ တကိုယ်တော် လက်စွမ်းပြ ဂီတာ တီးခတ်မှုတွေကို ပရိတ်သတ် လက်ခံမှု နည်းပေမယ့်လည်း နိုင်ငံတကာအဆင့်မှီ တီးခတ်နိုင်တဲ့ ဂစ်တာသမားတွေ ပေါ်ထွက်ရေးကို ဦးတည်ပြီး အာရုံစိုက် လှုပ်ရှားနေတဲ့ Rock ဂစ်တာသမား တဦးပါ။ သူ့ရဲ့  အနုပညာ အိပ်မက်တချို့ နဲ့ပါတ်သက်လို့ ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းပြီး တင်ဆက် ထားပါတယ်။

Saung Oo Hlaingမြန်မာ့ ဂီတ စီးပွားရေး
အောက်တိုဘာ ၂၁ရက်၊ ၂၀၀၈ - ဒီတပတ် တင်ဆက်မယ့် အနုပညာ မိုးကောင်းကင် အစီအစဉ်မှာ အဆိုတော် ဆောင်းဦးလှိုင်နဲ့ ကိုကျော်အောင်လွင်တို့ ပြောဆို ထားကြ ပါတယ်။ မြန်မာပြည်မှာ သီချင်းCD နဲ့ VCD ခိုးကူးခွေတွေအကြီးအကျယ် ထွန်းကားလာလို့ ဗွီဒီယိုနဲ့ဂီတ လောကသားတွေ စီးပွါးရေးအရ အထိနာနေတာ တော်တော်ကြာပါပြီ။ အခုတော့ ခိုးကူးခွေ လောကလည်း သိပ်ပြီး စီးပွါး မဖြစ်ကြတော့ ပါဘူးလို့ ဆိုပါတယ်။ နောက်ဆုံး အခြေအနေတွေ ဘယ်လို ရှိသလဲဆိုတာနဲ့ ပါတ်သက်ပြီး တေးရေး၊တေးဆို ဆောင်းဦးလှိုင်ကို ကိုကျော်အောင်လွင်က ဆက်သွယ် မေးမြန်းထားပါတယ်။

Chaw Ei Thein - May 30
မြန်မာ့ မြေအောက် အနုပညာ လှုပ်ရှားမှု
အောက်တိုဘာ ၁၄၊ ၂၀၀၈- အခုတပါတ် အနုပညာ မိုးကောင်းကင် အစီအစဉ်မှာတော့ မြန်မာ စစ်အစိုးရရဲ့  မတရားတဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ဖို့ မြန်မာ ပြည်အတွင်းမှာ လျှို့ဝှက် ဖွဲ့စည်းထားတဲ့ မြေအောက် လှုပ်ရှားမှု အနုပညာရှင်တွေ အကြောင်းကို တင်ဆက်ပေးမှာပါ။ စာပေ၊ ဂီတ၊ ပန်းချီ၊ ရုပ်ရှင် အနုပညာရှင်များ တပ်ပေါင်းစုလို့ အမည်ပေးထားတဲ့ အဖွဲ့ပါ။ သူတို့အဖွဲ့က ဖန်တီးထုတ်လုပ်လိုက်တဲ့ အနုပညာတွေထဲက သီချင်းတချို့ ကို ကိုကျော်အောင်လွင်က တင်ဆက်ပေးပါလိမ့်မယ်။

papalay
မန္တလေးမှာ အငြိမ့်များ ရှားပါး
အောက်တိုဘာ ၀၇၊ ၂၀၀၈- မြန်မာ့သဘင် အနုပညာတွေ အစဉ်အလာ ကောင်းကောင်းနဲ့ ထွန်းကားတဲ့ မန္တလေးမြို့ မှာ အခုတော့ အငြိမ့်တွေ သိပ်ပြီးနည်းပါးနေလို့ အငြိမ့် အနုပညာသည်တွေ အတွက် လုပ်ကွင်းလုပ်ကွက် ရှားပါးနေကြပါတယ်။ ရိုးရာအငြိမ့် သဘာဝတွေပြောင်း လဲလာတဲ့အပေါ်မှာလည်း စိုးရိမ်သူတွေ ရှိနေကြ ပါတယ်။ ဒီအကြောင်းတွေနဲ့ ပါတ်သက်ပြီး အငြိမ့်ဖျော်ဖြေခွင့် ပိတ်ပင်ခံထား ရတဲ့ မန္တလေးမြို့ က လူရွှင်တော် ပါပါလေးနဲ့ သူ့ရဲ့ ညီ နှုတ်ခမ်းမွှေး လူမော်တို့က အခုတပါတ် အနုပညာ မိုးကောင်းကင်မှာ ရှင်းပြကြပါလိမ့်မယ်။ ကိုကျော်အောင်လွင်ကတင်ဆက်ပေးမှာပါ။


Zaw Zaw Aungဇော်ဇော်အောင်နှင့် အနုပညာ ဝေဖန်ရေး
စက်တင်္ဘာ ၂၃၊ ၂၀၀၈ - ဒီတပတ် အနုပညာမိုးကောင်းကင် အစီအစဉ်မှာတော့ ဝေဖန်ရေးနဲ့ ပါတ်သက်ပြီး တင်ဆက်ပေးမှာပါ။ ဝေဖန်ရေးဟာ အနုပညာကိစ္စတွေမှာ သာမကပဲ လူ့အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုး ရေးမှာပါ အရေးကြီးတဲ့ကိစ္စ ဖြစ်တဲ့အကြောင်း၊ မြန်မာ့အနုပညာ လောကမှာရော မြန်မာ့လူမှုအသိုင်းအ၀ိုင်း မှာပါ စံနစ်ကျတဲ့ ဝေဖန်ရေး ထွန်းကားမှု အားနည်းနေတယ်လို့ စာရေးဆရာ ဇော်ဇော်အောင်က ပြောပါတယ်။ ဆရာဇော်ဇော်အောင်ဟာ တက္ကသိုလ်မှာ မြန်မာစာပေနဲ့ ဝေဖန်ရေး ပညာရပ်ကို သင်ကြားပို့ချခဲ့တဲ့ ဆရာတဦး၊ လက်ရှိလည်း အနုပညာစံနှုန်းတွေ၊ ကမ္ဘာ့စာပေရေစီးကြောင်း တွေကို မိတ်ဆက်ပေးနေသူတဦးလည်း ဖြစ်ပါတယ်။ ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားတာပါ။

poemရွှေဝါရောင် တော်လှန်ရေးနှစ်ပတ်လည်
စက်တင်္ဘာ ၁၆၊ ၂၀၀၈ - ရွှေဝါရောင် တော်လှန်ရေးလို့ ခေါ်တဲ့ မြန်မာ ရဟန်းတော်တွေ ဦးဆောင်ပြီး မြန်မာပြည် ငြိမ်းချမ်းရေး မေတ္တာပို့ခဲ့ကြတာ အခုဆိုရင် တနှစ်တင်းတင်း ပြည့်လာပါပြီ။ မြန်မာ စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့လို့ မေတ္တာပို့ပွဲ ပျက်ခဲ့ရတာလည်း တနှစ်ပြည့်ပါပြီ။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှုကြောင့် သေကျေဒဏ်ရာရ ထောင်ကျခဲ့ရတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေအတွက် ခံစားဖွဲ့ဆိုကြတဲ့ အနုပညာဖန်တီးမှုတွေလည်း တော်တော်များများ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီအထဲက တချို့ကို ကောက်နှုတ်ဖေါ်ပြပြီး ကိုကျော်အောင်လွင်က အနုပညာမိုးကောင်းကင်မှာတင်ဆက်ပေးပါလိမ့်မယ်။

poemဧရာဝတီရဲ့ အဝေးရောက်သားသမီးတွေ
စက်တင်္ဘာ ၀၉၊ ၂၀၀၈ - စက်တင်ဘာလှုပ်ရှားမှုကို နာကျင်ခံစားနေရသူ ကဗျာသမား ဘုန်းမင်းဇွန်က “လမ်းပေါ်မှာစီးတဲ့ ဧရာဝတီ” ဆိုတဲ့ ပြည်တွင်းမှာ ထုတ်ဝေခွင့် မရနိုင်တဲ့ ကဗျာ တပုဒ် နဲ့ စက်တင်္ဘာ ရွှေဝါရောင်လှုပ်ရှားမှုအပေါ် သူရဲ့  ခံစားချက်ကို ဖွဲ့ဆို တင်ပြထားပါတယ်။

» ထုတ်လွှင့်ခဲ့ပြီး အစီအစဉ်များဟောင်းများ