468_border_1

Burmese News Summary - VOAnews.com/burmese

စီးပွားရေး ဆုတ်ယုတ်မှုကြောင့် အမေရိကန် အလုပ်လက်မဲ့ဦးရေ များလာ  Audio Clip Available
ကြိုတင် စိုးရိမ်ထားကြတဲ့အတိုင်းဘဲ ဒီဇင်ဘာလ တလထဲမှာတင် လူပေါင်း ၅ သိန်းလောက် အလုပ် ပြုတ်ခဲ့တဲ့အတွက် အမေရိကန်နိုင်ငံမှာ ဒုတိယ ကမ္ဘာစစ်အပြီး အလုပ်လက်မဲ့ အများဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

အစ္စရေးအပေါ်ရပ်တည်ချက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ခုခံကာကွယ်  Audio Clip Available
အစ္စရေး ဟားမတ်စ် ပဋိပက္ခ မှာ အမေရိကန် ရဲ့ ရပ်တည်ချက် ကို နိုင်ငံခြားရေး ၀န်ကြီး ကွန်ဒိုလီဇာ ရိုက်စ် က ကာကွယ် ပြောဆိုနေပါတယ်။ 

ဆေးလိပ်အန္တရာယ် ထင်တာထက် ဆိုးရွား  Audio Clip Available
ဆေးလိပ် သောက်တာကြောင့် ဒုတိယ လူတယောက်ကို အန္တရာယ်ဖြစ်စေတာတင် မကတော့ဘဲ တတိယလူအထိ အန္တရာယ် ဖြစ်ရတာကို သုတေသနပြုသူ တချို့က သတိပေး လာကြပြီဖြစ်ပါတယ်။

ဂီနီရွေးကောက်ပွဲ ခြောက်လအတွင်းမလုပ်ရင် အာဖရိကသမဂ္ဂ အရေးယူမည်  Audio Clip Available
ရွေးကောက်ပွဲတွေ ကတိပေးထားတဲ့အတိုင်း ၆ လ အတွင်း မကျင်းပခဲ့ရင်၊ ဂီနီ စစ်အစိုးရ ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူတာ ကို ခံရလိမ့်မယ်လို့ အာဖရိက သမဂ္ဂ က ပြောပါတယ်။

မြန်မာ့စပါးအထွက်နဲ့ ဆန်အရောင်းအ၀ယ်တွေ ဘယ်လိုရှိနေလဲ  Audio Clip Available
ဇန်န၀ါရီ ၀၅၊ ၂၀၀၉ - စပါးစိုက်တောင်သူလယ် သမားတွေ မိုးစပါး ရိတ်သိမ်းပြီးချိန်ကာလမှာမှ နိုင်ငံခြားတင်ပို့တဲ့ ဆန်ဈေးနှုန်းတွေ ကျဆင်းတဲ့ အတွက် စပါးစိုက် လယ်သမားတွေရော၊ ကုန်သည် တွေရော အရှုံးနဲ့ ရင်ဆိုင်ကြရတဲ့ အချိန်ကာလကို ရောက်နေပါတယ်။

ကုလဆုံးဖြတ်ချက် အာခံ ဂါဇာတိုက်ပွဲတွေ ဆက်ဖြစ်  Audio Clip Available
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပစ်ခတ်တိုက်ခိုက်မှု တွေ ချက်ခြင်းရပ်စဲဘို့ တောင်းဆိုပေမယ့် ဂါဇာ ကမ်းမြှောင်ဒေသမှာ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွား နေပါတယ်။

မြိုင် ရေနံမှော်အလုပ်သမား အဓိကရုဏ်း စစ်တပ်က ပစ်ခတ်နှိမ်နှင်း  Audio Clip Available
မကွေးတိုင်း မြိုင်မြို့နယ်မှာ ပုဂ္ဂလိကပိုင် ကုမ္ပဏီ တခုနဲ့ ဒေသခံတွေ ရေနံ တူးဖော်ရေး လုပ်ငန်းတို့ ပဋိပက္ခတွေ ဖြစ်ခဲ့လို့၊ အာဏာပိုင်တွေက ဖမ်းဆီး အရေးယှုတာတွေ၊ ထိခိုက်ဒဏ်ရာ ရသူတွေ ရှိတဲ့ အထိ ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အီးမေးလ်လိပ်စာ - :
အီးမေးလ် ထပ်ဆင့်ပေးပို့ ရန် (Forward this Email)
သတင်းလွှာ အီးမေးလ်စာရင်းမှ ပယ်ဖျက်စေလိုလျှင် (Unsubscribe from the VOA Burmese Daily News)
သတင်းလွှာနဲ့ ပတ်သက်၍ တစုံတရာ ဝေဖန်လိုလျှင် အီးမေးလ်ရေးပြီး ပေးပို့ပါ။: burmese@voanews.com