Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

Analysis on Current Affairs of Burma

ဦးကျော်ဇံသာ (ဗုဒ္ဓဟူးနေ့)
ဦးအောင်ခင် (စနေနေ့)

စစ်အာဏာရှင်လက်အောက် စီးပွားရေးသမားများ
အောက်တိုဘာ ၀၈၊ ၂၀၀၈ - မြန်မာနိုင်ငံ စစ်အစိုးရ လက်အောက်မှာ အောင်မြင်ကြီးပွားနေတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဟာ တိုင်းပြည်အတွက် အပေါင်းလက္ခဏာ မဟုတ်ပဲ စစ်အစိုးရ နဲ့ သူတို့လူနည်းစု ကောင်းစားရေးကိုသာ လုပ်ဆောင်နေတဲ့အကြောင်း ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော် ၏ ဆောင်းပါနဲ့ ပတ်သက်ပြီး ဦးအောင်ဇော် နဲ့ ဦးကျော်ဇံသာ ဆွေးနွေးချက်ကို တင်ပြထားပါတယ်။

ပြန်လည်တက်ကြွလာမည့် အန်အယ်လ်ဒီ?
အောက်တိုဘာ ၁၊ ၂၀၀၈ - မကြာခင်သေးခင်က စစ်အစိုးရ အကျဉ်းထောင်မှ ပြန်လည်လွှတ်မြောက်လာတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ နဲ့ ဒေါက်တာသန်းငြိမ်း တို့ကို သူတို့မိခင် နိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင် ကော်မတီ (CEC) အဖြစ် ပြန်လည်ဝင်ရောက်လုပ်ကိုင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဦးဝင်းတင်တို့ကလည်း ကမ်းလှမ်းချက်ကို လက်ခံပြီး မကြာခင် ပါတီတာဝန်များကိုဝင်ရောက် လုပ်ကိုင်သွားဖို့ ပြင်ဆင်နေပါတယ်။ ဦးဝင်းတင်တို့ ပြန်လည် ၀င်ရောက်လုပ်ကိုင်တဲ့အခါ အန်အယ်လ်ဒီ အလုပ်ပိုဖြစ် တက်ကြွလာမလား ဆိုတဲ့ အကြောင်းအရာများကို ဒေါက်တာလွဏ်းဆွေ၊ ဦးဝင်းမင်း တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးတင်ပြထားပါတယ်။

ဦးဝင်းတင် နဲ့ မလွှတ်မြောက်သေးတဲ့ နိုင်ငံရေး အကျဉ်းသမားများ
စက်တင်္ဘာ ၂၄၊ ၂၀၀၈ - ၀ါရင့်သတင်းစာဆရာကြီး ဦးဝင်းတင် နဲ့ နိုင်ငံရေးအကျဉ်းသမားတချို့  လွှတ်မြောက်လာခဲ့ပါပြီ။ နိုင်ငံရေးအကျဉ်းသမားတချို့  လွှတ်မြောက်လာခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသမား ထောင်ပေါင်းများစွာ မလွှတ်သေးတဲ့အပေါ် နိုင်ငံတကာ လွှတ်ငြိမ်းချမ်းသားအဖွဲ့ကြီး၏ တုန့်ပြန်တောင်းဆိုချက် နဲ့ ဦးဝင်းတင်ကို ထောင်ထဲမှာ လေးကြိမ်သွားရောက် တွေ့ဆုံခဲ့တဲ့ ကုလသမ္မဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း ပါမောက္ခ ပေါ်လို ဆာဂျီရို ပီနဲရိုး၊ မြန်မာ့သတင်းသမ္မဂ ဥက္ကဌ ဦးမောင်မောင်မြင့်၊ နယ်စည်းမထား သတင်းစာဆရာများအဖွဲ့ (Reporters Without Borders) နဲ့ ကမ္ဘာ့သတင်းစာများအသင်း (World Association of Newspapers) တို့၏ ကြေငြာချက်၊ ပြောဆို ဆွေးနွေးချက်များကို ဦးကျော်ဇံသာ က စုစည်းတင်ပြထားပါတယ်။

ဘာကြောင့် မြန်မာနိုင်ငံမှာ အာဏာခွဲဝေမှု မလုပ်နိုင်တာလဲ?
စက်တင်္ဘာ ၁၇၊ ၂၀၀၈ - ကမ္ဘာ့နိုင်ငံတချို့ မှာ ယနေ့ နိုင်ငံရေး ပဋိပက္ခပြဿနာများကို တွေ့ဆုံဆွေးနွေး စေ့စပ်ညိနှိုင်းဖြေရှင်းနေကြပါတယ်။ အာဖရိကတိုက် ကင်ညာ (Kenya) နဲ့ ဇင်ဘာဘွေ (Zimbabwe) နိုင်ငံများမှာ စေ့စပ်ဆွေးနွေးကာ အာဏာခွဲဝေ အုပ်ချုပ်ရေးကို သဘောတူ ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒီလို နိုင်ငံရေး ဖြေရှင်းမှု ဘာကြောင့် မြန်မာပြည်မှာ မဖြစ်သေးတာလဲ ဆိုတာကို မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ ရော်ဘတ်တေလ်လာ (Prof. Robert Taylor, UK) အား ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ပါမောက္ခ ဒေဗစ်စတိုင်ဘတ် ရဲ့  မြန်မာ့အရေး လေ့လာသုံးသပ်ချက်
စက်တင်္ဘာ ၁၀၊ ၂၀၀၈ - ကုလအထူးကိုယ်စားလှယ် မြန်မာပြည်ခရီး မအောင်မြင် အရှုံးပေါ်ဆိုတဲ့ ဝေဖန်ပြောဆိုချက်၊ ဂမ်ဘာရီ ခရီးစဉ်၊ ကုလသမဂ္ဂရဲ့  ကြိုးပမ်းလုပ်ဆောင်ချက်များ၊ စစ်အာဏာရှင်အစိုးရ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့၏ တုန့်ပြန်မှုများ၊ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ စတဲ့ အကြောင်းအရာများကို အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်ရှိ ဂျော့ရှ်တောင် တက္ကသိုလ် (Georgetown University) အာရှလေ့လာရေးဌာန (Asian Studies) ဒါရိုက်တာ ပါမောက္ခ ဒေဗစ် စတိုင်ဘတ် (David Steinberg) အား ဦးကျော်ဇံသာ က မေးမြန်းဆွေးနွေး တင်ပြထားပါတယ်။

ထိုင်း မြန်မာ နိုင်ငံရေးပဋိပက္ခ ဖြေရှင်းမှု ကွာခြားပုံ Audio Icon
စက်တင်္ဘာ ၀၃၊ ၂၀၀၈ - မြန်မာ့အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံရေး မငြိမ်မသက်မှု တကျော့ပြန် ဖြစ်ပွားနေပါတယ်။ ထိုင်းနိုင်ငံမှာ သမိုင်းတလျှောက် နိုင်ငံရေး လှိုင်းတပိုး ထခဲ့ပေါင်း များခဲ့ပေမဲ့ ပြည်သူတွေရဲ့  လူနေမှုဘ၀ကို ထိခိုက်မှု မရှိခဲ့ပါ။ နိုင်ငံရေး ပဋိပက္ခများအပြင် တခြားပြဿနာ များဖြစ်တဲ့ သဘာဝဘေးဒဏ်၊ တောင်ပိုင်း အကြမ်းဖက်မှု၊ ငွေကြေးမတည်ငြိမ်မှုများ ရှိခဲ့ပေမဲ့ ခြေလှမ်းမပျက် ဆက်လျှက် ချီတက်နေပါတယ်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးမတည်မငြိမ်၊ စစ်အာဏာထိန်းချုပ် အကြမ်းဖက်မှုအောက်က မလွှတ်နိုင် ဖြစ်နေဆဲပါ။ မြန်မာ နဲ့ ထိုင်း ဘယ်လို ကွာခြားမှုတွေ ရှိနေပါသလဲ။ ဒီကွဲပြားမှု၊ မတူညီမှုများကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသူများဖြစ်တဲ့ ဦးစိုးအောင်၊ ဦးဝင်းမင်း တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေး တင်ပြထားပါတယ်။

ကုလအထူးကိုယ်စလှယ် မြန်မာပြည်ခရီး Audio Icon
သြဂုတ် ၂၇၊ ၂၀၀၈ - ကုလအထူးကိုယ်စလှယ် မစ္စတာ ဂမ်ဘာရီ မြန်မာပြည်ခရီးစဉ် နဲ့ ပတ်သက်ပြီး ဝေဖန်ရှုတ်ချမှုများ ရှိနေပါတယ်။ ဝေဖန်မှုများထဲမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ မစ္စတာ ဂမ်ဘာရီ ရဲ့  လုပ်ဆောင်ချက်များက တာဝန်မဲ့ မဆင်မခြင် မဆိုင်ရာ လုပ်ဆောင်မှုများ ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ဝေဖန်ထောက်ပြ ပြောဆိုပါတယ်။ တဖက်မှာတော့ EU-Burma ရုံး တာဝန်ခံ ဦးဟန်ယောင်ဝေ က မစ္စတာ ဂမ်ဘာရီ ကို အပြစ်တင်မဲ့အစား နအဖ စစ်အစိုးရ ရဲ့  မမှန်မကန် လုပ်ဆောင်ချက်ကို အပြစ်တင်ရန်၊ ကုလရဲ့  အဖြေရှာလုပ်ဆောင်ချက် များကို နားလည်ပေးပြီး အပြစ်တင်တာမှားကြောင်း သုံးသပ်ထားချက်များကို ဦးကျော်ဇံသာ က တင်ပြထားပါတယ်။

မြန်မာပြည် နဲ့ တရုတ်ရိက္ခာဖူလုံရေး
အောက်တိုဘာ ၄၊ ၂၀၀၈ - ကမ္ဘာ့လူဦးရေး အများဆုံးနေထိုင်ရာ တရုတ်ပြည်မှာ စာနပ်ရိက္ခာဖူလုံဖို့ အလွန်အရေးကြီးပါတယ်။ တရုတ်ပြည် ရိက္ခာဖူလုံရေးအတွက် နိုင်ငံခြားတိုင်းပြည်တွေရဲ့  စားနပ် ရိက္ခာတွေကို ရယူနေလျှက်ရှိရာ အိမ်နီးချင်း မြန်မာပြည် မှာ တရုတ်စိုက်ပျိုးရေး လုပ်ငန်းတွေ ပြန့်နှံ့နေကြောင်းကို ဆောင်ပါးရှင် ဦးအောင်ခင် သုံးသပ်တင်ပြထားပါတယ်။

တရုတ် အိန္ဒိယ ပြိုင်ဆိုင်မှု
စက်တင်္ဘာ ၂၇၊ ၂၀၀၈ - တရုတ် အိန္ဒိယ ကုန်သွယ်ရေး တိုးပွားလာနေပြီး နယ်စပ်ဒေသမှာ အေးချမ်းနေတာကြောင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အရှိန်ရနေပြီလို့ ယူဆနိုင်ပါတယ်။ လက်တွေ့မှာတော့ တရုတ် နဲ့ အိန္ဒိယဟာ အခွင့်သာရင်သာသလို ပြိုင်ဆိုင်နေကြပြီး တဦးခြေလှမ်းကို တဦးက စောင့်ကြည့်နေကြပါတယ်။ လူဦးရေ သန်း ၅၀ သာ ရှိတဲ့ မြန်မာပြည်ဟာ လူဦးရေ သန်း ၁၃၀၀ ရှိတဲ့ တရုတ်ပြည် နဲ့ သန်း ၁၁၀၀ ရှိတဲ့ အိန္ဒိယပြည်ကြားမှာ ညှပ်နေတာမို့ တရုတ် အိန္ဒိယ ဆက်ဆံရေးဟာ မြန်မာနိုင်ငံအတွက် အထူးအရေးကြီးဆိုတာကို ဆောင်ပါးရှင် ဦးအောင်ခင် က ဆွေးနွေးတင်ပြထားပါတယ်။

မြန်မာ့ဓါတ်ငွေ့ က တရုတ်အတွက်လား
စက်တင်္ဘာ ၂၀၊ ၂၀၀၈ - ကမ်းလွန်ပင်လယ်ပြင်မှာ သဘာဝါဓါတ်ငွေ့တွင်းတွေ တွေ့ရှိလာတာကြောင့် မြန်မာပြည်ဟာ လောင်စာစွမ်းအင်ကြွယ်ဝတဲ့ နိုင်ငံအဖြစ် အရှေ့ တောင်အာရှမှာ အရေးပါလာပါတယ်။ မြန်မာ့သဘာဝဓါတ်ငွေ့ကို နည်းမျိုးစုံနဲ့ ရယူဖို့ တရုတ်ကွန်မြူနစ်အစိုးရက ကြိုးပမ်းလုပ်ကိုင်နေပါတယ်။ တခြား သယံဇာတတွေကိုလည်း တရုတ်က ရယူနေပါတယ်။ ဒါကြောင့် မြန်မာ့သဘာဝ သယံဇာတ နဲ့ လောင်စာဓါတ်ငွေ့ တွေက တရုတ်အတွက်ဖြစ်နေတယ်ဆိုတာကို ဆောင်ပါးရှင် ဦးအောင်ခင် က ဝေဖန်သုံးသပ် ဆွေးနွေးတင်ပြထားပါတယ်။

မြန်မာ နဲ့ တရုတ်ကွန်မြူနစ် မဟာဗျူဟာ
စက်တင်္ဘာ ၁၃၊ ၂၀၀၈ - တရုတ်ကွန်မြူနစ်ရဲ့  ပြည်တွင်းပြည်ပရေးရာ မဟာဗျူဟာ ပြောင်းလဲပြီးတဲ့နောက် ဆယ်နှစ်အကြာ်မှာ အာဏာရလာတဲ့ မြန်မာစစ်အစိုးရအနေနဲ့ အများကြီး အကျိုးခံစားရတာကို တွေ့ရပါတယ်။ ကိုယ်ကျိုးစီးပွားရေး မြှင့်တင်ဖို့ ရည်ရွယ်ထားတဲ့ တရုတ်နိုင်ငံခြားရေးရာ လမ်းစဉ်ကြောင့် မြန်မာ့စီးပွားရေးမှာ တရုတ်ကြီးစိုးလာပုံကို သမိုင်းလေ့လာသူ ဦးအောင်ခင် က သုံးသပ်တင်ပြထားပါတယ်။

မြန်မာ့အရေး နဲ့ တရုတ်နိုင်ငံခြားရေးလမ်းစဉ်
စက်တင်္ဘာ ၀၆၊ ၂၀၀၈ - စစ်အစိုးရကို အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေက ဒဏ်ခတ်အရေးယူလာတာ အနှစ် ၂၀ ရှိသွားပါပြီ။ တရုတ်ကွန်မြူနစ် အစိုးရက စစ်အစိုးရကို ဘက်ပေါင်းစုံ ကူညီထောက်ပံ့လာတာလည်း အနှစ် ၂၀ ရှိသွားပါပြီ။ အခုတလော မြန်မာ့ဒီမိုကရေစီအရေးမှာ တရုတ်ကွန်မြူနစ် ကြားဝင်ဆောင်ရွက်ဖို့ ပြောဆိုလာတာတွေ ရှိနေပါတယ်။ တရုတ်အစိုးရ ပြောရင် စစ်အစိုးရ နားထောင်မယ်လို့ ယူဆကြပုံရပါတယ်။ ဒါပေမယ့် အနောက်တိုင်းရဲ့  ဒီမိုကရေစီ တန်းဖိုးကို တရုတ်အစိုးရက ဂရုမစိုက်ပါ။ အနှစ် ၃၀ အတွင်း ပြောင်းလဲလာတဲ့ တရုတ်နိုင်ငံခြားရေးလမ်းစဉ်မှာ ဒီမိုကရေစီ မြှင့်တင်ရေး မပါကြောင်း သမိုင်းလေ့လာသူ ဦးအောင်ခင် က သုံးသပ်တင်ပြထားပါတယ်။

တောင်အာရှ နိုင်ငံများ နဲ့ စစ်အစိုးရ
သြဂုတ် ၃၀၊ ၂၀၀၈ - ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကို ရက်ရက်စက်စက် ချေမှုန်းခဲ့မှုကြောင့် ကမ္ဘာ့အပယ်ခံနိုင်ငံ ဘ၀ကို ရောက်ရှိခဲ့တဲ့ မြန်မာနိုင်ငံ စစ်အစိုးရဟာ အနှစ် (၂၀) ကျော်ကြာတဲ့အခါမှာ အမေရိကန် နဲ့ ဥရောပ နိုင်ငံများရဲ့  ဒဏ်ခတ်အရေးယူမှုတွေကို ဆက်လျှက်ခံနေရဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အာရှမှာတော့ တဖြည်းဖြည်း အသိအမှတ် ပြုခံလာရတဲ့အတွက် စစ်အစိုးရအနေနဲ့ အာရှနိုင်ငံတွေ နဲ့ ပူးပေါင်းဆောင်ရွက် ရပ်တည်နေပြီး မိမိတို့ အချုပ်အခြာ အာဏာတည်မြဲရေးကိုသာ ဦးတည်လုပ်ကိုင်ဆောင်ရွက် နေလျှက်ရှိကြောင်း ကို ဆောင်းပါးရှင် ဦးအောင်ခင် က ဝေဖန်သုံးသပ် တင်ပြထားပါတယ်။

အိုလံပစ်အားကစားပွဲ နဲ့ တရုတ်ကွန်မြူနစ် အစိုးရ
သြဂုတ် ၂၃၊ ၂၀၀၈ - ဖိနှိပ်ညှင်းပန်းတဲ့ အစိုးရတွေဖြစ်တဲ့ မြန်မာ နဲ့ အာဖရိက အစိုးရတွေကို ထောက်ခံအားပေးနေတဲ့ တရုတ်ကွန်မြူနစ်ကို ဖိအားပေးတဲ့အနေနဲ့ သပိတ်မှောက်ဖို့ ဆော်သြော်ပေးနေတဲ့ ဘေဂျင်းအိုလံပစ်ပွဲတော် ဟာ သြဂုတ်လ ၂၄ ရက်နေ့မှာ ပြီးဆုံးခဲ့ပါပြီ။ အိုလံပစ် စတင်တဲ့နေ့က မြန်မာနိုင်ငံ ရှစ်လေးလုံး နှစ်ပတ်လည်နဲ့ တိုက်ဆိုင်နေလို့ ကမ္ဘာတ၀ှမ်းလုံးရှိ မြန်မာ့ဒီမိုကရေစီ ဘက်တော်သားများက စစ်အာဏာရှင်စံနစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ တရုတ်အိုလံပစ် လုပ်ဆောင်မှုကို အားကျ၊ ထောက်ခံလုပ်ဆောင်ခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်အစိုးရ အိုလံပစ် နဲ့ နိုင်ငံရေး ပြောင်းလဲမှု အလားအလာ၊ တရုတ်အစိုးရ ရပ်တည်ချက်များကို ဆောင်းပါးရှင် ဦးအောင်ခင် က သုံးသပ်တင်ပြထားပါတယ်။