Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ဗွီအိုအေမြန်မာပိုင်းအစီအစဉ်က နိုင်ငံတကာ နှင့် မြန်မာပြည်ဆိုင်ရာနောက်ဆုံးရသတင်းများ နှင့် တခြားသိမှတ်ဖွယ်ရာ အစီအစဉ်များ ကို နေ့စဉ် တစ်နေ့ငါးကြိမ် အောက်ဖော်ပြ အချိန်များအတိုင်း အသံလွှင့်ပေးနေပါတယ်။

နေ့ စဉ်အသံလွှင့်အစီအစဉ်

နံနက်ပိုင်း - ၅း၃၀ နာရီ မှ ၇း၀၀ နာရီ (UTC ၂၃၀၀-၂၄၀၀)
နံနက်ပိုင်း - ၈း၀၀ - ၉း၃၀ နာရီ (ပြန်လွှင့်) (UTC ၀၁၃၀-၀၃၀၀)
ညနေပိုင်း - ၆း၀၀ နာရီ မှ ၇း၀၀ နာရီ (UTC ၁၁၃၀-၁၂၃၀)
ညပိုင်း - ၉း၀၀ နာရီ မှ ၁၀း၀၀ နာရီ (UTC ၁၄၃၀-၁၅၃၀)
ညပိုင်း - ၁၀း၀၀ နာရီ မှ ၁၁း၀၀ နာရီ (UTC ၁၅၃၀-၁၆၃၀) [၉း၀၀-၁၀း၀၀ နာရီ အစီအစဉ်ကို ပြန်လည်ထုတ်လွှင့်ခြင်း]

တနင်္ဂနွေ

မတူတာလေးတွေ ။ ။ ကမ္ဘာပေါ်က သက်ရှိသက်မဲ့ အရာအားလုံးနှင့် ပတ်သက်တဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ ပညာရေး အဖက်ဖက်က မတူညီမှုလေးတွေကို သောတရှင်များ အပြင်းပြေ ဗဟုသုတ ရစေဖို့ နှိုင်းယှဉ်တင်ပြပေးထားပါတယ်။

ဒီမိုကရေစီခရီးစဉ်ဆွေးနွေးခန်း ။ ။ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအဖွဲ့ အသီးသီး နှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ အတွေးအမြင် ဆွေးနွေးဖလှယ်မှုများကို တင်ပြထားပါတယ်။

မြန်မာပြည်မှပေးစာကဏ္ဍ ။ ။ မြန်မာပြည်နှင့်နိုင်ငံတကာရောက် ဗွီအိုအေမြန်မာသောတရှင်များ၏ ပေးစာများကို ဖတ်ကြားပေး တင်ပြထားပါတယ်။

သက်ကြီးစကားသက်ငယ်ကြား ။ ။ သက်ကြီးစကားအစီအစဉ်မှ မြန်မာယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံတမ်းများ နှင့် ဗဟုသုတမှတ် သိမှတ်ဖွယ်ရာများကို တင်ပြထားပါတယ်။

ဒီမိုကရေစီခရီးစဉ် ။ ။ ဒီမိုကရေစီအပြောင်းအလဲဆိုင်ရာ သဘောတရားနဲ့နိုင်ငံတကာအတွေ့အကြုံများကို ထိုင်းနိုင်ငံအခြေစိုက် ဗဟုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ နဲ့ ဗွီအိုအေမြန်မာတို့ ပူးတွဲတင်ပြထားပါတယ်။

ဘလော့ဂ်ဂါတွေပြောသမျှ ။ ။ စိတ်ဝင်စားဖွယ် အင်တာနက်ဘလော့ဂ်စာမျက်နှာများကို မိတ်ဆက်တင်ပြထားပါတယ်။

တနင်္လာ
အင်္ဂလိပ်စာသင်ခန်းစာ (အမေရိကန်အီဒီယံအသုံးအနူန်းများ) ။ ။ အင်္ဂလိပ်စာလေ့လာနေသူများ အမေရိကန်လူမျိုးများ သုံးစွဲပြောဆိုလေ့ ရှိသည့် ခေတ်မီ အမေရိကန်အီဒီယံ ဝေါဟာရ စကားလုံးများ နှင့် ဘန်းစကားအသုံးအနှုန်းများကို လေ့လာနားဆင်နိုင်ပါတယ်

စီးပွားရေးရာကဏ္ဍ ။ ။ မြန်မာ၊ အာရှ နှင့် အမေရိကန်နိုင်ငံပြည်ထောင်စု၏ စီးပွားရေး၊ ဘဏ္ဏာရေး နှင့် ပညာရေးဆိုင်ရာ သတင်း အကြောင်းအရာများကို ဆွေးနွေးတင်ပြထားပါတယ်။

အင်္ဂါ
အမေရိကန်နိုင်ငံရေးအကြောင်း သိကောင်းစရာ ။ ။ အမေရိကန်ပြည်ထောင်စု၏ ဒီမိုကရေစီစနစ်၊ အထိန်းအကွပ် အပေးအယူ၊ ပြည်သူတို့ ၏ အခန်းကဏ္ဍများအကြောင်း ဆွေးနွေးတင်ပြထားပါတယ်။

အနုပညာမိုးကောင်ကင် ။ ။ ထင်ရှားကျော်ကြားသော မြန်မာ့တေးဂီတ၊ ရုပ်ရှင်အနုပညာရှင်များ၏ အနုပညာနယ်ပယ်အကြောင်း၊ ကဗျာဆရာ၊ စာရေးဆရာများ၏ အင်တာဗျူး ဆွေးနွေးစကားဝိုင်းများကို နားဆင်နိုင်ပါတယ်။

တိုက်ရိုက်လေလှိုင်း ။  ။ အကြောင်းအရာအလိုက် တတ်သိပညာရှင်များပါဝင်ဆွေးနွေးပြီး သောတရှင်တို့ရဲ့ မေးခွန်းတွေကို ဖြေကြားဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူး
ကျန်းမာရေးကဏ္ဍ ။  ။ အေ့စ် (ကိုယ်ခံစွမ်းအားကျဆင်းရောဂါ)၊ ငှက်ဖျား၊ တီဘီအဆုတ်ရောဂါများ နဲ့ တခြားကျန်းမာရေးဆိုင်ရာအကြောင်းအရာများကို ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ တက်သိပညာရှင်များ နှင့် ဆွေးနွေးမေးမြန်းတင်ဆက်ထားပါတယ်။

တပတ်အတွင်း ကမ္ဘာ့အားကစားသတင်း ။  ။ နိုင်ငံတကာ ဘော်လုံး၊ တင်းနစ်၊ ပြေးခုန်ပစ် နှင့် အားကစားသတင်းပဒေသာကို တင်ပြထားပါတယ်။

မြန်မာ့အရေးသုံးသပ်ချက် ။  ။ ဦးကျော်ဇံသာ၏  မြန်မာ့အရေးကမ္ဘာ့ရေးရာဆိုင်ရာများကို သုံးသပ်ဆွေးနွေးတင်ပြထားပါတယ်။

Disco ။  ။

ကြာသပတေး
သုတစုံလင်အမေရိကန်နိုင်ငံတခွင် ။ ။ အမေရိကန်လူမျိုးများ နှင့် အမေရိကန်နိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ ထုံးတမ်းဓလေ့များကို ဗဟုသုတမှတ်သားနိုင်ဖို့ မိတ်ဆက်တင်ပြ ပေးထားပါတယ်

စကားပြောကြရအောင် (လူငယ်ကဏ္ဍ) ။ ။ ကမ္ဘာ့နိုင်ငံများ၏ ပညာရေး၊ နည်းပညာ၊ ဗဟုသုတ အချက်အလက်များကို လူငယ်တို့၏ အမြင်အတွေးများ နှင့် ထင်ဟပ်တင်ပြထားပါတယ်

သောကြာ
သိပ္ပံနဲ့ နည်းပညာ ။ ။ စိုက်ပျိုးရေး၊ စက်မှုနည်းပညာ၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နှင့် သိပ္ပံ၊ အာကာသလေ့လာစူးစမ်းမှုများကို ဒီအစီအစဉ်ကဏ္ဍမှာ နားဆင်နိုင်ပါတယ်

အမျိုးသမီးရေးရာကဏ္ဍ ။  ။ အောင်မြင်ထင်ရှားသော ကမ္ဘာ နဲ့ မြန်မာအမျိုးသမီးများ၏ အလုပ်အကိုင်၊ အတွေးအခေါ်၊ လှုပ်ရှားမှုများကို နားဆင်နိုင်ပါတယ်။

စနေ
မြန်မာ့အရေးသုံးသပ်ချက် ။  ။ ဦးအောင်ခင်၏ မြန်မာ့အရေးကမ္ဘာ့အရေးဆိုင်ရာ ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

တပတ်အတွင်းမြန်မာ့သတင်း ။ ။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖြစ်ခဲ့သမျှ မြန်မာပြည်အခြေအနေသတင်းများ။

တိုက်ရိုက်လေလှိုင်း ။  ။ အကြောင်းအရာအလိုက် တတ်သိပညာရှင်များပါဝင်ဆွေးနွေးပြီး သောတရှင်တို့ရဲ့ မေးခွန်းတွေကို ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။

သူယုံကြည်ရာ ။ ။ လူမှု့ရေး၊ စီးပွားရေး၊ ဘာသာရေး နယ်ပယ်အသီးသီးမှာ လူတိုင်းလူတိုင်း သူယုံကြည်တာတွေကို ပြောဆိုတင်ပြထားသည့် အစီအစဉ်။

ဗွီအိုအေမြန်မာပိုင်းမှ နေ့စဉ်ထုတ်လွှင့်ပေးနေသော သတင်းများကို www.voanews.com/burmese/ မှာ နားဆင်နိုင်ပါတယ်။ ပုံမှန်နားဆင်ကြကာ လိုအပ်သည်များကို ဝေဖန်အကြံပေးနိုင်ပါတယ်။