Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

Burmese Art and Artist

အပတ်စဉ်အင်္ဂါနေ့ည ၉း၀၀-၁၀း၀၀ နာရီ အစီအစဉ်တိုင်းမှာ အနုပညာမိုးကောင်ကင်ကဏ္ဍကို နားဆင်နိုင်ပါတယ်။ ဒီ စာမျက်နှာမှာတော့ ထုတ်လွှင့်ခဲ့ပြီးတဲ့ အစီအစဉ်တွေကိုလည်း ပြန်လည်နားဆင်နိုင်ပါတယ်။


Zaw Zaw Aungဇော်ဇော်အောင်နှင့် အနုပညာ ဝေဖန်ရေး
စက်တင်္ဘာ ၂၃၊ ၂၀၀၈ - အခုတပါတ် အနုပညာ မိုးကောင်းကင် အစီအစဉ်မှာတော့ ဝေဖန်ရေးနဲ့ ပါတ်သက်ပြီး တင်ဆက်ပေးမှာပါ။ ဝေဖန်ရေးဟာ အနုပညာ ကိစ္စတွေမှာ သာမကပဲ လူ့အဖွဲ့အစည်း တိုးတက်ဖွင့်ဖြိုးရေးမှာပါ အရေးကြီးတဲ့ကိစ္စ ဖြစ်တဲ့အကြောင်း၊ မြန်မာ့အနုပညာ လောကမှာရော မြန်မာ့လူမှု အသိုင်းအ၀ိုင်းမှာပါ စံနစ်ကျတဲ့ ဝေဖန်ရေး ထွန်းကားမှု အားနည်းနေတယ်လို့ စာရေးဆရာ ဇော်ဇော်အောင်က ပြောပါတယ်။ ဆရာဇော်ဇော်အောင်ဟာ တက္ကသိုလ်မှာ မြန်မာစာပေနဲ့ ဝေဖန်ရေး ပညာရပ်ကို သင်ကြားပို့ချခဲ့တဲ့ ဆရာ တဦး၊ လက်ရှိလည်း အနုပညာစံနှုန်းတွေ၊ ကမ္ဘာ့စာပေ စီးကြောင်းတွေကို မိတ်ဆက် ပေးနေသူ တဦးလည်း ဖြစ်ပါ တယ်။ ကိုကျော်အောင်လွင်က ဆက်သွယ် မေးမြန်းထားတာပါ။

poemရွှေဝါရောင် တော်လှန်ရေးနှစ်ပတ်လည်
စက်တင်္ဘာ ၁၆၊ ၂၀၀၈ - ရွှေဝါရောင် တော်လှန်ရေးလို့ ခေါ်တဲ့ မြန်မာ ရဟန်းတော်တွေ ဦးဆောင်ပြီး မြန်မာပြည် ငြိမ်းချမ်းရေး မေတ္တာပို့ခဲ့ကြတာ အခုဆိုရင် တနှစ်တင်းတင်း ပြည့်လာပါပြီ။ မြန်မာ စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့လို့ မေတ္တာပို့ပွဲ ပျက်ခဲ့ရတာလည်း တနှစ်ပြည့်ပါပြီ။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှုကြောင့် သေကျေဒဏ်ရာရ ထောင်ကျခဲ့ရတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေအတွက် ခံစားဖွဲ့ဆိုကြတဲ့ အနုပညာဖန်တီးမှုတွေလည်း တော်တော်များများ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီအထဲက တချို့ကို ကောက်နှုတ်ဖေါ်ပြပြီး ကိုကျော်အောင်လွင်က အနုပညာမိုးကောင်းကင်မှာတင်ဆက်ပေးပါလိမ့်မယ်။

poemဧရာဝတီရဲ့ အဝေးရောက်သားသမီးတွေ
စက်တင်္ဘာ ၀၉၊ ၂၀၀၈ - စက်တင်ဘာလှုပ်ရှားမှုကို နာကျင်ခံစားနေရသူ ကဗျာသမား ဘုန်းမင်းဇွန်က “လမ်းပေါ်မှာစီးတဲ့ ဧရာဝတီ” ဆိုတဲ့ ပြည်တွင်းမှာ ထုတ်ဝေခွင့် မရနိုင်တဲ့ ကဗျာ တပုဒ် နဲ့ စက်တင်္ဘာ ရွှေဝါရောင်လှုပ်ရှားမှုအပေါ် သူရဲ့  ခံစားချက်ကို ဖွဲ့ဆို တင်ပြထားပါတယ်။

Tayar Min Waiတာရာမင်းဝေ နှစ်ပတ်လည် အောက်မေ့ဘွယ်
သြဂုတ် ၂၆ & စက်တင်္ဘာ ၀၂၊ ၂၀၀၈ - ဒီတပတ် အနုပညာမိုးကောင်းကင်မှာ ကွယ်လွန်သူ စာရေးဆရာ တာရာမင်းဝေ အကြောင်း တင်ဆက်ထားပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ကွယ်လွန်ခဲ့တဲ့ ကဗျာဆရာ၊ စာရေးဆရာ တာရာမင်းဝေ ဟာ လူငယ်ထုကြားမှာ အောင်မြင်မှု အရှိန်အဟုန် မြင့်မားနေတုန်း အသက် ၄၁ နှစ် အရွယ်မှာ ဆုံးပါးသွားပါတယ်။ တာရာမင်းဝေ ရဲ့  ဆန်းသစ်တဲ့ အရေးအသားတွေ နဲ့ အနုပညာတွေကို ဖန်တီးခဲ့တဲ့သူ ဖြစ်တဲ့အပြင် ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွ ရှိခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တဦး၊ နိုင်ငံရေးအကျဉ်းသားတဦးလည်း ဖြစ်ခဲ့ပါတယ်။ သူနဲ့ ရင်းရင်းနှီးနှီးရှိခဲ့ပြီး နိုင်ငံရေး အကျဉ်းသားဘ၀မှာလည်း ဖြတ်သန်းမှုတူခဲ့တဲ့ ကဗျာဆရာ “နှင်းခါးမိုး” က တာရာမင်းဝေ အကြောင်း အောက်မေ့ဘွယ် ပြန်ပြီး ပြောပြထားတာတွေကို ကိုကျော်အောင်လွင်က တင်ဆက်ပေးထားပါတယ်။

ခွပ်ဒေါင်းတို့ရဲ့  တွန်ကြူးသံ
သြဂုတ် ၁၉၊ ၂၀၀၈ - ရှစ်လေးလုံး လူထုအုံကြွမှုကြီးကို ဖွဲ့ ဆိုထားတဲ့ ကဗျာဆရာ ၀င်းတင့်ထွန်းရဲ့  “ခွပ်ဒေါင်းတို့ရဲ့  တွန်ကြူးသံ” ဆိုတဲ့ကဗျာကို တင်ပြထားပါတယ်။ ဒီကဗျာဟာ ၁၉၉၅ ခုနှစ် ရန်ကုန်တက္ကသိုလ် စိန်ရတု အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ် (ဗကသ) က ထုတ်ဝေခဲ့ဖူးတဲ့ ကဗျာရှည်တပုဒ်လည်း ဖြစ်ပါတယ်။ ဒီကဗျာထဲက တချို့ အပိုဒ်တွေကို ကောက်နုတ်ပြီး ရှစ်လေးလုံး (ဂဂဂဂ) အနှစ် ၂၀ပြည့် အထိမ်းအမှတ်အဖြစ် ကဗျာဆရာဝင်းတင့်ထွန်း ကိုယ်တိုင်ရွတ်ဆို ထားပါတယ်။

Burmese Peacockလွတ်လပ်စွာ အနုပညာ ဖန်တီးခွင့်ဆု (ပြန်ထုတ်လွှင့်)
သြဂုတ် ၁၂၊ ၂၀၀၈ - အခုတပါတ်အစီအစဉ်မှာတော့ အနုပညာအကြောင်းဆိုတာထက် အနုပညာလှုပ်ရှားမှုအတွက် ချီးမြင့်မဲ့ဆုတခုအကြောင်း ကိုကြားရမှာပါ။ လွတ်လပ်မှုတွေမရှိတဲ့ကြားက စွန့်စားပြီးကိုယ်ယုံကြည်ရာကိုအနုပညာနဲ့ဖေါ်ထုတ်ရဲကြတဲ့ အနုပညာ သည်တွေအတွက် ဆုချီးမြင့်သွားဖို့ ဥရောပမှာရှိတဲ့အနုပညာမြင့်တင်ရေးအဖွဲ့ တခုကစီစဉ်ထားပါတယ်။ "လွတ်လပ်စွာ အနုပညာ ဖန်တီးခွင့်ဆု" လို့ခေါ်ပါတယ်။ မြန်မာပြည်ကလည်းဆုရရှိရေးလျှောက်ထားလို့ရပါတယ်။ ပထမဆုံးအကြိမ်ချီးမြင့်မယ့် ဆုကို ဒီနှစ်ကုန် ဒီဇင်ဘာလကြရင်ပေးမှာပါ။ ဆုရွေးချယ်ရေးအဖွဲ့မှာ အနုပညာရှင်တဦးအနေနဲ့ ပါဝင်တဲ့ ခေတ်ပေါ်ပန်းချီသမား ထိန်လင်းကိုဆက်သွယ်ပြီး ကိုကျော်အောင်လွင်က မေးမြန်း တင်ပြထားပါတယ်။ ဆုလျှောက်ထားရန် အင်တာနက်စာမျက်နှာ (www.freedomtocreateprize.com)။

Mar Mar Ayeလူထုလှုပ်ရှားမှုတေးသီချင်းများ နဲ့ အဆိုတော် မာမာအေး
သြဂုတ် ၀၅၊ ၂၀၀၈ - ရှစ်လေးလုံး လူထုလှုပ်ရှားမှုကြီးအတွင်းမှာ ယခင်ပိတ်ပင်ခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂ တေးသီချင်းတွေ နဲ့ လူထုလှုပ်ရှားမှု ကို ဂုဏ်ပြုဖွဲ့  ဆိုထားတဲ့ တေးသီချင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီကာလက လူထုလှုပ်ရှားမှု အတွက် တေးသီချင်းတွေ သီဆိုပေးခဲ့သူတွေထဲ မှာ နိုင်ငံကျော်အဆိုတော် မာမာအေးလည်း ပါဝင်ခဲ့ပါတယ်။ အနုပညာသည်တွေလည်း လူထုကြီးနဲ့အတူ ဒီမိုကရေစီအရေး တက်တက်ကြွကြွ တောင်းဆိုခဲ့ကြတဲ့ အကြောင်းကို အဆိုတော်မာမာအေး က ပြန်ပြောပြထားပါတယ်။

Hip-Hop group - ACIDHip Hop ဂီတရဲ့  ဦးဆောင်အဖွဲ့ တခုဖြစ်တဲ့ ACID အဖွဲ့ အကြောင်း (ပြန်ထုတ်လွှင့်)
ဇူလိုင် ၂၉၊ ၂၀၀၈ - ဒီကနေ့တော့ မြန်မာပြည်က Hip Hop ဂီတရဲ့  ဦးဆောင်အဖွဲ့ တခုဖြစ်တဲ့ ACID အဖွဲ့ အကြောင်းကိုကြားရမှာပါ။ ACID အဖွဲ့ ကအဆိုတော် ဇေယျာသော်နဲ့ ယန်ယန်ချမ်းတို့ဟာ ပြီးခဲ့တဲ့နှစ်စက်တင်ဘာလူထုလှုပ်ရှားမှုမှာပါဝင်ခဲ့ကြပြီးအခုတော့ အာဏာပိုင်တွေရဲ့  ဖမ်းဆီးမှုကိုခံနေ ကြရပါတယ်။ မြန်မာလူငယ် Hip Hop သမားတွေဟာ ပြည်သူတွေရဲ့  ဒုက္ခတွေကို ရဲရဲဝင့်ဝင့် ဖွင့်ချပြနေတဲ့သူတွေလား ဆိုတာနဲ့ပါတ်သက်ပြီး Hip Hop သမားဇေယျာသော်နဲ့ ယန်ယန်ချမ်းတို့ရဲ့  သူငယ်ချင်းဂီတသမား မိုးသွေးကို ကိုကျော်အောင် လွင်ကဆက်သွယ်မေးမြန်းထားပါတယ်။ နောက်ခံသီချင်းတွေကတော့ Acid အဖွဲ့ ရဲ့  စတင်ခြင်းနဲ့ ယန်ယန်ချမ်းရဲ့ လိုက်ကြည့် တို့ဖြစ်ပါတယ်။

Depayin Attack Sceneကဗျာဆရာ ကြည်မောင်သန်းရဲ့  “ဒီပရင်္ဂ ”
ဇူလိုင် ၂၂၊ ၂၀၀၈ - ပြီးခဲ့တဲ့ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်းမှာ စာပေစိစစ်ဆေးရဲ့  ခွင့်ပြုချက်နဲ့ဖေါ်ပြခဲ့တဲ့ ကဗျာဆရာ ကြည်မောင်သန်းရဲ့  “ဒီပရင်္ဂ ” ဆိုတဲ့ကဗျာကြောင့် အာဏာပိုင်တွေက ဖိအားပေးလို့ အယ်ဒီတာလည်း အလုပ်ဖြုတ်ခံရ၊ ကဗျာဆရာလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ ကဗျာ က ဒီပဲရင်းမြို့ ဘွဲ့ ကဗျာတပုဒ်ပါ။ အာဏာပိုင်တွေအတွက် ဘယ်လောက်များ စိတ်အနှောက်အယှက် ဖြစ်စရာတွေ ကဗျာထဲမှာပါဝင်နေလို့ပါလဲ ကိုကျော်အောင်လွင်က တင်ပြထားပါတယ်။

» ထုတ်လွှင့်ခဲ့ပြီး အစီအစဉ်များဟောင်းများ