စစ်အာဏာရှင်လက်အောက် စီးပွားရေးသမားများ
အောက်တိုဘာ ၀၈၊ ၂၀၀၈ - မြန်မာနိုင်ငံ စစ်အစိုးရ လက်အောက်မှာ အောင်မြင်ကြီးပွားနေတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဟာ တိုင်းပြည်အတွက် အပေါင်းလက္ခဏာ မဟုတ်ပဲ စစ်အစိုးရ နဲ့ သူတို့လူနည်းစု ကောင်းစားရေးကိုသာ လုပ်ဆောင်နေတဲ့အကြောင်း ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော် ၏ ဆောင်းပါနဲ့ ပတ်သက်ပြီး ဦးအောင်ဇော် နဲ့ ဦးကျော်ဇံသာ ဆွေးနွေးချက်ကို တင်ပြထားပါတယ်။
ပြန်လည်တက်ကြွလာမည့် အန်အယ်လ်ဒီ?
အောက်တိုဘာ ၁၊ ၂၀၀၈ - မကြာခင်သေးခင်က စစ်အစိုးရ အကျဉ်းထောင်မှ ပြန်လည်လွှတ်မြောက်လာတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ နဲ့ ဒေါက်တာသန်းငြိမ်း တို့ကို သူတို့မိခင် နိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင် ကော်မတီ (CEC) အဖြစ် ပြန်လည်ဝင်ရောက်လုပ်ကိုင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဦးဝင်းတင်တို့ကလည်း ကမ်းလှမ်းချက်ကို လက်ခံပြီး မကြာခင် ပါတီတာဝန်များကိုဝင်ရောက် လုပ်ကိုင်သွားဖို့ ပြင်ဆင်နေပါတယ်။ ဦးဝင်းတင်တို့ ပြန်လည် ၀င်ရောက်လုပ်ကိုင်တဲ့အခါ အန်အယ်လ်ဒီ အလုပ်ပိုဖြစ် တက်ကြွလာမလား ဆိုတဲ့ အကြောင်းအရာများကို ဒေါက်တာလွဏ်းဆွေ၊ ဦးဝင်းမင်း တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးတင်ပြထားပါတယ်။
ဦးဝင်းတင် နဲ့ မလွှတ်မြောက်သေးတဲ့ နိုင်ငံရေး အကျဉ်းသမားများ
စက်တင်္ဘာ ၂၄၊ ၂၀၀၈ - ၀ါရင့်သတင်းစာဆရာကြီး ဦးဝင်းတင် နဲ့ နိုင်ငံရေးအကျဉ်းသမားတချို့  လွှတ်မြောက်လာခဲ့ပါပြီ။ နိုင်ငံရေးအကျဉ်းသမားတချို့  လွှတ်မြောက်လာခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသမား ထောင်ပေါင်းများစွာ မလွှတ်သေးတဲ့အပေါ် နိုင်ငံတကာ လွှတ်ငြိမ်းချမ်းသားအဖွဲ့ကြီး၏ တုန့်ပြန်တောင်းဆိုချက် နဲ့ ဦးဝင်းတင်ကို ထောင်ထဲမှာ လေးကြိမ်သွားရောက် တွေ့ဆုံခဲ့တဲ့ ကုလသမ္မဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း ပါမောက္ခ ပေါ်လို ဆာဂျီရို ပီနဲရိုး၊ မြန်မာ့သတင်းသမ္မဂ ဥက္ကဌ ဦးမောင်မောင်မြင့်၊ နယ်စည်းမထား သတင်းစာဆရာများအဖွဲ့ (Reporters Without Borders) နဲ့ ကမ္ဘာ့သတင်းစာများအသင်း (World Association of Newspapers) တို့၏ ကြေငြာချက်၊ ပြောဆို ဆွေးနွေးချက်များကို ဦးကျော်ဇံသာ က စုစည်းတင်ပြထားပါတယ်။
ဘာကြောင့် မြန်မာနိုင်ငံမှာ အာဏာခွဲဝေမှု မလုပ်နိုင်တာလဲ?
စက်တင်္ဘာ ၁၇၊ ၂၀၀၈ - ကမ္ဘာ့နိုင်ငံတချို့ မှာ ယနေ့ နိုင်ငံရေး ပဋိပက္ခပြဿနာများကို တွေ့ဆုံဆွေးနွေး စေ့စပ်ညိနှိုင်းဖြေရှင်းနေကြပါတယ်။ အာဖရိကတိုက် ကင်ညာ (Kenya) နဲ့ ဇင်ဘာဘွေ (Zimbabwe) နိုင်ငံများမှာ စေ့စပ်ဆွေးနွေးကာ အာဏာခွဲဝေ အုပ်ချုပ်ရေးကို သဘောတူ ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒီလို နိုင်ငံရေး ဖြေရှင်းမှု ဘာကြောင့် မြန်မာပြည်မှာ မဖြစ်သေးတာလဲ ဆိုတာကို မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ ရော်ဘတ်တေလ်လာ (Prof. Robert Taylor, UK) အား ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
ပါမောက္ခ ဒေဗစ်စတိုင်ဘတ် ရဲ့  မြန်မာ့အရေး လေ့လာသုံးသပ်ချက်
စက်တင်္ဘာ ၁၀၊ ၂၀၀၈ - ကုလအထူးကိုယ်စားလှယ် မြန်မာပြည်ခရီး မအောင်မြင် အရှုံးပေါ်ဆိုတဲ့ ဝေဖန်ပြောဆိုချက်၊ ဂမ်ဘာရီ ခရီးစဉ်၊ ကုလသမဂ္ဂရဲ့  ကြိုးပမ်းလုပ်ဆောင်ချက်များ၊ စစ်အာဏာရှင်အစိုးရ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့၏ တုန့်ပြန်မှုများ၊ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ စတဲ့ အကြောင်းအရာများကို အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်ရှိ ဂျော့ရှ်တောင် တက္ကသိုလ် (Georgetown University) အာရှလေ့လာရေးဌာန (Asian Studies) ဒါရိုက်တာ ပါမောက္ခ ဒေဗစ် စတိုင်ဘတ် (David Steinberg) အား ဦးကျော်ဇံသာ က မေးမြန်းဆွေးနွေး တင်ပြထားပါတယ်။
ထိုင်း မြန်မာ နိုင်ငံရေးပဋိပက္ခ ဖြေရှင်းမှု ကွာခြားပုံ
စက်တင်္ဘာ ၀၃၊ ၂၀၀၈ - မြန်မာ့အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံရေး မငြိမ်မသက်မှု တကျော့ပြန် ဖြစ်ပွားနေပါတယ်။ ထိုင်းနိုင်ငံမှာ သမိုင်းတလျှောက် နိုင်ငံရေး လှိုင်းတပိုး ထခဲ့ပေါင်း များခဲ့ပေမဲ့ ပြည်သူတွေရဲ့  လူနေမှုဘ၀ကို ထိခိုက်မှု မရှိခဲ့ပါ။ နိုင်ငံရေး ပဋိပက္ခများအပြင် တခြားပြဿနာ များဖြစ်တဲ့ သဘာဝဘေးဒဏ်၊ တောင်ပိုင်း အကြမ်းဖက်မှု၊ ငွေကြေးမတည်ငြိမ်မှုများ ရှိခဲ့ပေမဲ့ ခြေလှမ်းမပျက် ဆက်လျှက် ချီတက်နေပါတယ်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးမတည်မငြိမ်၊ စစ်အာဏာထိန်းချုပ် အကြမ်းဖက်မှုအောက်က မလွှတ်နိုင် ဖြစ်နေဆဲပါ။ မြန်မာ နဲ့ ထိုင်း ဘယ်လို ကွာခြားမှုတွေ ရှိနေပါသလဲ။ ဒီကွဲပြားမှု၊ မတူညီမှုများကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသူများဖြစ်တဲ့ ဦးစိုးအောင်၊ ဦးဝင်းမင်း တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေး တင်ပြထားပါတယ်။
ကုလအထူးကိုယ်စလှယ် မြန်မာပြည်ခရီး
သြဂုတ် ၂၇၊ ၂၀၀၈ - ကုလအထူးကိုယ်စလှယ် မစ္စတာ ဂမ်ဘာရီ မြန်မာပြည်ခရီးစဉ် နဲ့ ပတ်သက်ပြီး ဝေဖန်ရှုတ်ချမှုများ ရှိနေပါတယ်။ ဝေဖန်မှုများထဲမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ မစ္စတာ ဂမ်ဘာရီ ရဲ့  လုပ်ဆောင်ချက်များက တာဝန်မဲ့ မဆင်မခြင် မဆိုင်ရာ လုပ်ဆောင်မှုများ ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ဝေဖန်ထောက်ပြ ပြောဆိုပါတယ်။ တဖက်မှာတော့ EU-Burma ရုံး တာဝန်ခံ ဦးဟန်ယောင်ဝေ က မစ္စတာ ဂမ်ဘာရီ ကို အပြစ်တင်မဲ့အစား နအဖ စစ်အစိုးရ ရဲ့  မမှန်မကန် လုပ်ဆောင်ချက်ကို အပြစ်တင်ရန်၊ ကုလရဲ့  အဖြေရှာလုပ်ဆောင်ချက် များကို နားလည်ပေးပြီး အပြစ်တင်တာမှားကြောင်း သုံးသပ်ထားချက်များကို ဦးကျော်ဇံသာ က တင်ပြထားပါတယ်။