468_border_1

Burmese News Summary - VOAnews.com/burmese

မလေးရှားဝန်ကြီးချုပ် ဘာဒါဝီ နုတ်ထွက်မည်  Audio Clip Available
ရှေ့လာမဲ့ မတ်လမှာ ရာထူးက ဆင်းပေးမှာဖြစ်တယ်လို့ မလေးရှား နိုင်ငံဝန်ကြီး ချုပ် အက်ဘ်ဒူလာ အာမက် ဘာဒါဝီ က ပြောဆိုလိုက်ပါတယ်။

ဒီမိုကရေစီလမ်းပြမြေပုံအတွက် လူ့အခွင့်အရေးလိုအပ်ချက် ကင်တားနား ထောက်ပြ  Audio Clip Available
နိုင်ငံတကာ လူ့အခွင့်အရေး စံထားချက်တွေ အပေါ် လေးစားရေး ကို မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီ လမ်းပြမြေပုံ မှာ ခွဲထုတ်ထားလို့ မရပါဘူး လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား က ဆိုပါတယ်။ 

အာဆီယံပဋိညာဉ် လက်မှတ်ရေးထိုးရန် အင်ဒိုနီးရှား လွှတ်တော် သဘောတူ  Audio Clip Available
အာစီယံ အသင်းဝင်နိုင်ငံများမှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး မြင့်တင်ပေးမယ့် ပဋိညာဉ် စာတမ်းကို အင်ဒိုနီးရှားနိုင်ငံ အောက်လွှတ်တော် ကော်မတီက ဂျကာတာ မြို့မှာ ဒီနေ့ အစည်းအဝေးအပြီး အတည်ပြုဖို့ သဘောတူ လိုက်ပါပြီ။

ဗဟိုဘဏ်ကြီးတွေ အတိုးနှုန်းလျော့ချဖို့ ၀ိုင်းဝန်း ညှိုနှိုင်း  Audio Clip Available
၁၉၃၀ခုလို နှစ်များအတွင်း စီးပွားရေး ကပ်ဆိုက်မှုကြီးမျိုးဆီကို ကမ္ဘာ့စီးပွားရေး ဦးတည်နေပြီလို့ ငွေရင်းနှီး မြုပ်နှံသူများက စိုးရိမ်နေကြတဲ့အတွက် ကမ္ဘာ့ ငွေကြေး ဈေးကွက်မှာ ဒီနေ့ ဆက်ပြီး ကျဆင်းနေပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး အတိုက်အခံ အင်အားစု အပေါ် စစ်အစိုးရ ဖိနှိပ်မှု ပိုဆိုးလာ  Audio Clip Available
မြန်မာနိုင်ငံမှာ ၂၀၁၀ခုနှစ်မတိုင်ခင် အတိုက်အခံ များအား စစ်အစိုးရက ကြိုတင်ပြီး တိုးမြှင့် နှိပ်ကွပ်နေတယ်လို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

အမေရိကန် သမ္မတ ကိုယ်စားလှယ်လောင်း နှစ်ဦး ဒုတိယအကြိမ် စကားစစ်ထိုး  Audio Clip Available
အမေရိကန် သမ္မတလောင်းတွေရဲ့ စကား စစ်ထိုးပွဲတွေ မနေ့က ဒုတိယအကြိမ် ဆက်လက် ပြုလုပ်ပြီး စီးပွားရေး ပြဿနာ၊ ရာသီဥတု ဖောက်ပြန်မှုနဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကို သမ္မတလောင်း မက်ကိန်း နဲ့ အိုဘားမား တို့အကြား အချေအတင် ပြောဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မလွတ်သေးပေမယ့် အာဆီယံပဋိညာဉ် ဖိလစ်ပိုင် အတည်ပြု  Audio Clip Available
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ရဲ့ ပဋိညာဉ်စာတမ်းကို ဖိလစ်ပိုင် အထက်လွှတ်တော်က အင်္ဂါနေ့မှာ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

အီးမေးလ်လိပ်စာ:
အီးမေးလ်ထပ်ဆင့်ပေးပို့ ရန် (Forward this Email)
သတင်းလွှာအီးမေးလ်စာရင်းမှ ပယ်ဖျက်စေလိုလျှင် (Unsubscribe from the VOA Burmese Daily News)
သတင်းလွှာနဲ့ ပတ်သက်၍ တစုံတရာဝေဖန်လိုလျှင် အီးမေးလ်ပေးပို့ ပါ။: burmese@voanews.com