Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

VOA Burmese Health Banner

အပတ်စဉ် ဗုဒ္ဓဟူးနေ့ည ၉း၀၀-၁၀း၀၀ နာရီ အစီအစဉ်တွင် ကျန်းမာရေးဆိုင်ရာ ဆွေးနွေးခန်းများကို ထုတ်လွှင့်တင်ဆက်ပေးနေပါတယ်။


တရုတ်နို့ထွက် စားသုံးကုန်များအပေါ် ကမ္ဘာနိုင်ငံအတော်များများ ကန့်သတ်တားမြစ်

成都食检人员检查鲜奶အောက်တိုဘာ ၁၊ ၂၀၀၈။ WHO ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးအနေနဲ့ ဒီနှစ်ပိုင်းအတွင်း ကျန်းမာရေးပြဿနာတွေကို ကိုင်တွယ်လာရတဲ့အထဲ တရုတ်နိုင်ငံက မယ်လမင်းဓါတုပစ္စည်းပါဝင်တဲ့ နို့မှုန့်ကိစ္စဟာလည်း အပါအ၀င် ဖြစ်လာပါတယ်။ တရုတ်နိုင်ငံအတွင်း စားသုံးသူတွေဟာ နို့ထွက်ပစ္စည်းတွေအပေါ် အယုံအကြည်ကင်းမဲ့လာပါတယ်။ တရုတ် နို့မှုန့်ကိစ္စကြောင့် အစားအစာ ဘေးကင်းစိတ်ချရမှုကိစ္စဟာ ကမ္ဘာအနှံအပြား စိုးရိမ်စရာတွေဖြစ်လာပါတယ်။ ကမ္ဘာအနှံ နိုင်ငံတွေ အထူးသဖြင့် အာရှနိုင်ငံတွေ အတော်များများမှာ တရုတ်နို့ထွက်ပစ္စည်းတွေကို ကန့်သတ်ချက်တွေ လုပ်လာပါတယ်။ မြန်မာနိုင်ငံမှာလည်း နို့မှုန့်နဲ့ နို့ထွက်ပစ္စည်းတွေအပေါ် သတိပေးချက်တွေ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့သလို၊ မိခင်နို့တိုက်ကြွေးရေးအတွက် ပိုမို တိုက်တွန်းမှုတွေရှိလာပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။ 


မယ်လမင်း ဓါတုပစ္စည်းပါ တရုတ်နို့မှုန်များ အန္တရာယ်

河北医生为毒奶粉幼儿检查စက်တင်ဘာ ၂၄၊ ၂၀၀၈။ မယ်လမင်းဓါတုပစ္စည်းပါဝင်တဲ့ တရုတ်နို့မှုန့်တွေကြောင့် တရုတ်ပြည်မှာ ကလေးငယ်များကျောက်ကပ်ထိခိုက်ပြီး တသောင်းကျော်ဆေးရုံတင်ထားရပါတယ်။ ဒီအထဲက တရာကျော်ဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိတဲ့ အခုအချိန်အထိ ကလေးငယ် ၄ဦး သေဆုံးခဲ့ပါတယ်။ တရုတ်အာဏာပိုင်တွေရဲ့ သတင်းအရ မယ်လမင်း ဓါတ်ပါဝင်တဲ့ တရုတ်နို့မှုန့် ၂၂မျိုးကို တွေ့ထားပြီး၊ ဒါတွေကို လိုက်လံသိမ်းဆည်းနေပါတယ်။ တရုတ်အိမ်နီးချင်း မြန်မာနိုင်ငံအပါအ၀င် ဒေသတွင်းနိုင်ငံတွေမှာလည်း တရုတ်နို့မှုန့်နဲ့ပတ်သက်လို့ စိုးရိမ်စရာတွေဖြစ်လာပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံမှာ ကျန်းမာရေးအာဏာပိုင်တွေက ဘယ်လို ကိုင်တွယ်နေပါသလဲ - တရုတ်နိုင်ငံက ဒေါက်တာလှကျော်ဇောနဲ့ ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။ 

 


ဆေးလိပ်တိုက်ဖျက်ရေးအစီအစဉ်များ လက်တွေ့အရေးယူကိုင်တွယ်မှုလိုအပ် 



Smokers may be giving up cigarettes for other forms of tobacco, such as cigars and roll-your-own brandsစက်တင်ဘာလ ၁၇၊ ၂၀၀၈၊ ဆေးလိပ်သုံးစွဲမှုကြောင့် တောင်အာရှနဲ့ အရှေ့တောင်အာရှမှာ တနှစ် တနှစ်ကို လူပေါင်း တသန်းကျော် အသက်ဆုံးရှုံးပါတယ်။ ဆေးလိပ်သုံးစွဲသူအများစုဟာ အသက် ၁၈ှနစ်အရွယ် မရောက်ခင်ကတည်းက သုံးစွဲနေကြတာပါ။ ကမ္ဘာအနှံမှာ ဆေးလိပ်တိုက်ဖျက်ရေးအစီအစဉ်တွေ ဆောင်ရွက်ဖို့ အစိုးရတွေကို ကမ္ဘာကျန်းမာရေးအဖွဲ့က တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံမှာလည်း ဆေးလိပ်တိုက်ဖျက်ရေးအတွက် အစီအစဉ်တွေ ဥပဒေတွေ ချမှတ်တာရှိပါတယ်။ ဒါပေမယ့်လို့ လက်တွေ့အကောင်အထည်ဖော်မှုအပိုင်း ဥပဒေချိုးဖောက်တာကို အရေးယူမှုတွေမှာ အားနည်းနေပါတယ်။ အကြောင်းစုံကို ဒီသတင်းပတ်ရဲ့ ကျန်းမာရေးအစီအစဉ်မှာ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

 


ဆေးလိပ်သောက်မှု ထိန်းချုပ်ရေး နဲ့ ကျန်းမာရေး
smokingစက်တင်္ဘာ ၀၃၊ ၂၀၀၈ - ဆေးလိပ်ထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် ကို ၂၀၀၃ ခုနှစ် မှာ မြန်မာနိုင်ငံ လက်မှတ်ရေးထိုးခဲ့ပြီး ဆေးလိပ်ထိန်းချုပ်ရေး ဥပဒေ ကို ၂၀၀၆ ခုနှစ် မှာ ပြဌာန်းခဲ့ပါတယ်။ ဒါပေမဲ့ ထိထိရောက်ရောက် လုပ်ဆောင်ခဲ့ရဲလား ဆိုတာကတော့ မေးစရာ ဖြစ်နေပါတယ်။ လူတွေ ဆေးလိပ်သောက်တာကို ထိန်းချုပ်လိုက်ခြင်းအားဖြင့် နိုင်ငံရဲ့ ကျန်းမာရေး အသုံးစားရိတ် သက်သာသွားနိုင်သလို၊ ပြည်သူတစ်ဦးချင်း အတွက်လည်း ကျန်းမာရေး စားရိတ်စားခ သက်သာသွားနိုင်ပါတယ်။ ဗွီအိုအေ သတင်းထောက် ဖိတ် လပီဒတ်စ် (Faith Lapidus) ရဲ့ ကာလီဖိုးနီးယားပြည်နယ် အတွေ့အကြုံ သတင်းပေးပို့ ချက် နဲ့ အတူ မြန်မာနိုင်ငံ ရဲ့ ဆေးလိပ်ထိန်းချုပ်ရေး အကြောင်း ကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။


ခြင်ဆေးခွေသုံးခြင်း နဲ့ ကျန်းမာရေး
Malaria is spread by mosquitoesသြဂုတ် ၂၇၊ ၂၀၀၈ - သွေးလွန်တုပ်ကွေးတွေ အဖြစ်များလို့ ကလေးတွေ ခြင်မကိုက်ရအောင် ခြင်ဆေးခွေထွန်း တားမြစ်မှုတွေ လုပ်ဆောင်နေပါတယ်။ ခြင်ဆေးထွန်းတာကြောင့် ခြင်ဆေးငွေ့က လူရဲ့ ကျန်းမာရေးကို ထိခိုက်နေပါတယ်။ ခြင်ဆေးခွေမှာ ပါဝင်တဲ့ဓါတ်ပေါင်းများကြောင့် အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါ အဆုတ်ရောဂါ၊ ကင်ဆာရောဂါ နဲ့ တခြား ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများကို ရနိုင်ကြောင်း၊ ခြင်ဆေးခွေအစား တခြားနည်းလမ်းများနဲ့ ကာကွယ်လုပ်ကိုင် နေထိုင်သွားရန် အမေရိကန်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဌာနမှာ တာဝန်ထမ်းဆောင် နေသူ ဒေါက်တာ ဦးမင်းမင်းစိုး ရဲ့  အကြံပြုချက်များကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။


ဆရာဝန်များအတွက် ပန်းချီအနုပညာ
Doctor with patientသြဂုတ် ၂၀၊ ၂၀၀၈ - အမေရိကန်နိုင်ငံ ပြည်ထောင်စု ဆေးတက္ကသို်လ် တချို့ မှာ ဆရာဝန်လောင်းတွေ အမြင် ပိုမိုစူးရှလာအောင် ပန်းချီဘာသာရပ်ကိုလည်း သင်ကြားပေးနေကြပါတယ်။ ဗွီအိုအေ သတင်းထောက် ရိုစ် ဟိုဘန် (Rose Hoban) သတင်းတင်ပြချက် နဲ့ အတူ မြန်မာပန်းချီဆရာ ဒေါက်တာထွန်းတင် ကို ဦးတင်မောင်သန်း က မေးမြန်းတင်ပြထားပါတယ်။